လွန်ခဲ့သော နှစ်ပေါင်းများစွာမှစ၍ ယနေ့တိုင်
မတည်ငြိမ်နိုင်သေးပဲ ပြောင်းလဲနေသော အရာပေါင်းများစွာရှိပါတယ် ထိုအထဲတွင် ကိုးကွယ်မှုနှင့်
အုပ်ချုပ်မှုမှာ အထင်ရှားဆုံးပင် ဖြစ်ပါသည်။ လောက လူသားများဖြစ်သည့်အလျှောက် လောက စည်းစီမ်များကို
ခံစားသုံးစွဲမှုများလာသည့်အခါ လောဘ ဒေါသ မောဟကြောင့် အားကိုး၊ ခိုကိုးရာမဲ့ရာကနေ စပြီး
ကိုးကွယ်မှုကို ရှာဖွေလာကြတယ်။ ဒီလောဘ ဒေါသ မောဟ တွေဟာလည်း လူနေမှုစနစ်ကြောင့်ပဲ ဖြစ်လာခဲ့ပါတယ်။
အများအုပ်ချုပ်ခံ ဘ၀ကနေ ကိုယ့်မင်း ကိုယ့်ချင်း စနစ်ကို ရွေးချယ်လာကြပြန်တယ်။ နှစ်တွေကြာညောင်း
လာတော့ တစ်မိန့်တစ်အာဏာ တစ်သံ တစ်စနစ် အာဏာရှင်စနစ်ကို မကြိုက်ကြပြန်တော့ အများဆန္ဒနဲ့
အုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်ကို လိုလား နှစ်သက်လာကြပြန်တယ်။ ကိုးကွယ်မှုမှာလည်း အလားတူပင်
အရင်က ကြောက်အားပိုလို့ မြင်မြင် သမျှကို ကိုးကွယ်ကြရသည့် အဖြစ်ကနေ ပိုပြီး တန်းခိုးကြီး
အာဏာရှိတဲ့ ပုဂ္ဂိုလ်ကိုရွေးချယ်ပြီး ကိုးကွယ်လာ ကြတယ်။ အခုဆိုရင် ဘာသာကြီးလေးခုကို
လူတွေက ရွေးချယ်ပြီး ကိုးကွယ်နေကြတယ်။ ကိုးကွယ်မှုနှင့်အတူ လုံခြုံစိတ်ချရသော အုပ်ချုပ်မှုကိုပါ
လိုလား တောင်းတလာကြတယ်။ ကိုးကွယ်မှု အုပ်ချုပ်မှု ပုံစုံတို့ဟာလည်း လူနေမှု စနစ်ပြောင်းလွဲ
သည်နှင့်မျှ ပြောင်းလဲသွားတဲ့ အဖွဲ့အစည်းတွေဖြစ်လာခဲ့ပါတယ်။ ဒီကိုးကွယ်မှု အုပ်ချုပ်
တွေဟာ လည်း လူ့ပတ်ဝန်းကျင် ပြောင်းလဲသည်နှင့်မျှ ပြောင်းလဲသွားတတ်ပါတယ်။ တကယ်လို့သာ
လူ့ပတ်ဝန်းကျင်း ပြောင်းလဲမှုကိုအတိုင်း လိုက်မပြောင်းလဲနိုင်ဘူးဆိုရင် ဒီအုပ်ချုပ်မှု၊
ကိုးကွယ်မှုက ရည်ရှည်မခံနိုင်ပါဘူး။ ယနေ့ခေတ်
တိုးတတ်လာသည်နှင့်မျှ ဘာသာရေးကျောင်းသို့ သွားရောက် ဂရုဂါရ၀ ပြုသူများ နည်းသထက်နည်းလာပါတယ်။
တချို့နိုင်ငံတွေမှာဆို အလုပ်မှာတင် ရှိခိုး ၀တ်ပြုမယ့်အစီအစဉ်ကို ပြုလုပ်ပေး ထားတာကို
တွေ့နေရပါတယ်။ ယနေ့ခေတ် ဘာသာရေး ဆရာများဟာလည်း လောကမှ ထွက်မြောက်ဖို့ထက် လောကမှာ ဘယ်လို
အဆင်ပြေအောင် နေရမယ် ဘယ်လို သားသမီးတွေကို ပြုစုမျိုးထောင်ပေးရမယ် ဘယ်လို လုပ်ကိုင်
ရှာဖွေရမယ် ဆိုတာကို ဦးစားပေးပြီး ဖြေရှင်းနည်းတွေကိုပဲ သင်ကြားပို့ချတာကို တွေ့နေရပါတယ်။
လောကမှာ ဖြစ်ပျက်နေတဲ့ အကြောင်းတွေကို ဦးတည်ပြီးဟောပြောနေတာကိုပဲ အများဆုံးတွေနေရပါတယ်။
၁၉ ရာစုမှာ လူမှုဗေဒပညာရှင် မစ်ဆ်ဝက်ဘာ ( Max
weber) က လူမှုရေး ရှုပ်ထွေးလာ မှုကြောင့် ဘာသာရေးတွေက ဒီအတိုင်းသွား နေမယ်ဆိုရင် သက္ကရာဇ်
၂၀၀၀ ခုနှစ်မှာ ဘာသာ ရေးတွေ ပျောက်နိုင် တယ်လို့ သတိပေးခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်အထိ
ဘာသာရေးက ဘာကြောင့် မပျောက်သွားပဲ ရှိနေရ တာလဲလို့ မေးစရာရှိပါတယ်။ မပျောက်သွားရတဲ့
အကြောင်းက ယနေ့ ဘာသာရေးသည် မနေ့ကဘာသာရေးနဲ့ မတူလို့ပါပဲ။ လူမှုနယ်ပယ်မှာ လိုအပ်တာကို
ဘာသာရေးက မပြည့်ဆည်းနိုင်ဘူးဆိုရင် ဒီဘာသာရေးကို လူလာ လူရောက်နည်းသွားပါလိမ့်မယ်။ လူနေမှုအဆင့်
အတန်းမြင့်တတ်လာတော့ ဘာသာရေးက ဘယ်လိုဖြစ် သလဲဆိုရင် ဘာသာရေး အဆောက်အဦးကို လက်ထပ်ဖို့
သားသမီးတွေအတွက် ပညာရေး အတွက် နှင့် ဘာသာ ရေးဆရာတွေကိုလည်း သာရေးနာရေးအတွက် အသုံးပြုလာတာကို
တွေ့နေရပါတယ်။ ဘာသာရေး အဆောက်အဦးတွေမှာ လူမှုရေး အခမ်းအနားတွေကို ကျင့်ပလာကြတာ တွေ့နေရပါတယ်။
ဘာသာရေးဟာ လူမှုရေး အဖွဲ့အစည်းကို အားကိုးပြီးနေရတဲ့
အဖွဲ့အစည်းဆိုတာ ဒီအချက်တွေကို ကြည့်ပြီး သေချာပေါက်ပြောနိုင်ပါတယ်။ ယခင်ဘာသာရေးခေါင်းဆောင်နှင့်
ယခုဘာသာ ရေးခေါင်းဆောင်များ ဘာကြောင့်ပြောင်းလဲသွားတယ်ဆိုတဲ့ အကြောင်းကို သတိမူ ပါတယ်။
ဘာသာ ရေးခေါင်းဆောင်များလည်း လူမှုရေးကို တတ်အားသမျှ လုပ်ကြတာကို ယနေ့အချိန်မှာ ပိုပြီးတွေ့
လာကြပါတယ်။ လူမှုပတ်ဝန်း ကျင်ပြောင်းလဲမှုကြောင့် ဘာသာရေး ခေါင်းဆောင်၊ အုပ်ချုပ် မှုစနစ်
လည်း ပြောင်းလဲသွား တတ်ပါ တယ်။ ဘာဖြစ်လို့ဆိုတော့ လူတွေက ဖန်တီးထား လို့ပါပဲ။
စက်မှုတိုးတတ်သော နိုင်ငံတွေမှာ ဒီကိစ္စတွေကို
ပိုပြီး တွေ့နိုင်ပါတယ်။ စီးပွားရေးတိုး တတ်လာတော့ ဘာသာရေးက စီးပွားရေးနောက်ကို ရောက်သွားတတ်ပါတယ်။
လူနေမှုစရိတ်ကြီးမားလာ သည်နှင့်အမျှ ဘာသာရေး ကလည်း မှေးမှိန်သွားတတ်ပါတယ်။ ဒါပေမယ့်
စီးပွားရေးမကောင်းရင် လည်း ဘာသာရေးကွယ် ပျေက် တတ်ပါတယ်။ ဘာသာရေးကိုလူတွေက တည်ဆောက်ထားသလို
စီးပွားရေးက ထောက်ပံ့ထားပါတယ်။ ဘာသာရေးခေါင်းဆောင်များ၊ အုပ်ချုပ်သူများလည်း ၄င်းတို့
အုပ်ချုပ်သောနိုင်ငံ၊ ဘာသာရေးအဆောက်အုံများ မှာ အရင်ကလို အာဏာမရှိတော့တာလည်း ဖြစ်လာတတ်ပါတယ်။
စီးပွားရေးတိုးတတ်လာရင်
ဘာသာရေး ဘေးကို ရောက်တတ်သလို စီးပွားရေးပျက်ရင် ဘာသာရေးကအရင် ပျောက်ကွယ်ပါလိမ့်မယ်။
နိဂုံးအနေနဲ့ ဒီအကြောင်းအရာများသည်
တိုက်ရိုက်သဘာဝဖြစ်ပျက်နေတာကို ရည်ရွယ် ခြင်းမဟုတ်ဘဲ (၀ါ) ရေးသားတင်ပြခြင်းမဟုတ်ဘဲ
လောကသဘာဝမှာလည်း ဒီလိုဖြစ် တတ်တယ် ဆိုတာကို သတိမူစေ လိုခြင်းသာဖြစ်ပါတယ်။ အင်မတန်ကျယ်ပြန့်တဲ့
လောကကြီး အကြောင်းကို အတွေးအကြုံနူနယ်၍ အမှားတွေ ပါနိုင်ပါတယ်။ စာရေးသူစဉ်းစား တွေးခေါ်နိုင်
သလောက် အပိုင်းအစလေးကို ဆွဲကြည့်ပြီး သိထား သလောက်ကို မျှဝေပေးချင်လို့ အခုလိုတင်ပြ
လိုက်ခြင်းသာ ဖြစ်ပါတယ်။
သတ္တ၀ါ ခပ်သိမ်း၊ တရားငြိမ်း၊ အေးချမ်းသာယာ
ရှိပါစေ။
။