Saturday, August 25, 2012

ပြုပြင် အတုယူသင့်တဲ့ သင်ခန်းစာ


    ကမ္ဘာနဲ့အ၀ှမ်း လူ့ပတ်ဝန်းကျင်မှာ အိမ်တွင်းပညာရေး (၀ါ) မိခင်ဘာသာစာပေသင်ကြားရေး (၀ါ) မိဘက သားသမီးများကို ကိုယ်တိုင်ကိုယ်ကျ ပညာသင်ပေးတဲ့ စနစ်ကို ယနေ့အချိန်မခါမှာ အရမ်းလိုအပ် လာပါ တယ်။ မိဘက ကိုယ့်သားသမီးကို သင်ပေးရတဲ့ ကောင်းကျိုးနဲ့ ပညာမသင်ပေးရတဲ့ ကောင်းကျိုးဆိုးကျိုး အခြေတွေက မိသားစု တစ်စု၊ လူမျိုးတစ်စု၊ ပြည်နယ်တစ်ခု၊ နိုင်ငံတစ်နိုင်ငံအတွက် ဘယ်လောက် အကျိုးပြု တယ်ဆိုတာကို မျှဝေပေးချင်ပါတယ်။
      ကမ္ဘာမှာ ဘယ်နေရာကိုပဲ ရောက်ရောက် ဘယ်မှာပဲနေနေ အမျိုးသားရေး၊ဘာသာရေး၊ မိသားစုအရေးကို အလေးထားပြီး စဉ်းစားနိုင်တဲ့ အကြောင်းအရာ တစ်ခုက မိဘများက ကိုယ့်သားသမီများကို မိမိယဉ်ကျေးမှုနဲ့ မိခင်ဘာသာစကားကို သင်ကြားပေးခြင်းက အစိုးရ ပညာသင်ကျောင်းမှာ သင်ကြားတဲ့ ပညာရေးထက် မိဘများက ကိုယ့်သားသမီးတွေကို မိခင်ပညာရေးအကြောင်း သင်ကြားပေးတာဟာ ပိုပြီး မိသားစုအရေး၊ လူမျိုးရေး အတွက် ပြည့်စုံနိုင်တဲ့ အကြောင်းကို ကမ္ဘာမှာ ဂျုးလူမျိုးကို ကြည့်ပြီး သင်္ခန်းစာ ယူနိုင်ဖို့ မိဘများကို သားသမီးတွေက အမျိုးသားရေး၊ဘာသာရေးနဲ့ ပတ်သတ်ပြီး စံထားနိုင်ဖို့က သားသမီးတွေ အတွက် အင်မတန်ကြီးကျယ်တဲ့ သင်ခန်းစာ တစ်ခုဖြစ်ပါတယ်။ မိခင်ရိုးရာ အကြောင်းအရာတွေကို သင်ကြားပေးဖို့ အရေးကြီးတဲ့ အကြောင်းကို မိဘများက သားသမီးတွေအတွက် သတိထားပြီး စဉ်းစားစေ ချင်ပါတယ် မိဘတိုင်းဟာ သားသမီးတိုင်းအတွက် စံပြပါ။
အခုကမ္ဘာမှာ တိုးတတ်နေတဲ့ နိုင်ငံတွေမှာ မိသားစုနွေးထွေးမှုကို မရနိုင်တော့ပါ တိုင်းပြည်တိုး တတ်လေလေ မိသားစု နွေးထွေးမှု ဝေးလေလေပါပဲ။ နောက်ပြီး ကလေးတွေအတွက် ပညာရေးကိုအစိုးရက တာဝန်ယူသွားပြီဆိုတော့ မိဘတွေက ကိုယ့်သားသမီးကို ပြောဆို ဆုံးခွင့်ပါ ဆုံးရှုံးသွားပါလိမ့်မယ်။ မိဘ ဆိုတာ အစိုးရလောက် တန်ဖိုးမရှိဘူး၊ အစိုးရကပဲ ငါတို့ ပညာရေးကို တာဝန်ယူလို့ လူလားမြောက် လာတာ ဆိုပြီး အပြောခံရရင် မိဘတိုင်း ဘယ်လိုခံစားရမယ်ဆိုတာကို ကြိုတွေးမြင်လို့ ကြိုတင်ပြင်ဆ င်နိုင် ကြပါစေ။
ဥပမာ။ ။ယူရို၊ သြစတေးလျ နိုင်ငံ၊နော်ဝေ၊ အမေရိကန်နိုင်ငံတွေမှာ ကလေးတွေက မိဘပြောစကားကို နားမထောင်တော့ပဲ နိုင်ငံတော်အစိုးရ ပြောတာကိုပဲ နားထောင်ပါတယ်။ မိဘက ကိုယ့်သားသမီးကို ရိုက်လို့ ဆဲလို့ရှိရင် တရားရုံးမှာ ရင်ဆိုင်ရပြီး ထောင်ကျသွားတဲ့ မိဘတွေရဲ့ အပြစ်အပျက်ကိုလည်း ကြားဖူးမယ် ထင်ပါတယ်။ " Apple Company ပိုင်ရှင် စတီဗင် ဂျော့က ကျွန်တော်ဘ၀အတွက်တော့ မိဘဆို သုတ်သိုလှောင်ကန်၊ သုတ်တွေကို သိုလှောင်ပေးတဲ့ နေရာတစ်ခုလောက်ပါပဲတဲ့၊ မေးစားအမေသာမရှိခဲ့ရင် ကျွန်တော်ဟာ ဘယ်လိုမှ ဒီလိုအခြေအနေမျိုးမှာ လက်မ မထောင်နိုင်ပါဘူးတဲ့" မွေးစားအမေအဖေကသာ ကျွန်တော်ဘ၀အတွက် တကယ့် ကယ်တင်ရှင်ပါ လို့ ပြောသွားတာကိုလည်း ဖတ်ဖူးကြမယ်ထင်ပါတယ်။ မိဘက ကိုယ့်သားသမီးတိကို ဆုံးမပြောဆိုခွင့်တောင်မရှိတဲ့ အခြေတွေ ကြုံတွေ့လာနိုင်ပါတယ်။ သားသမီး များကလည်း မိဘကို ကျေးဇူးရှိတယ်လို့တောင် မမြင်တော့တဲ့ အခြေအနေ ဖြစ်လာပါတယ်။ မိဘများက လည်း ကိုယ့်သားသမီးတွေကို ပညာသင်ပီးလို့ ရှိရင် သားသမီးများမှာ မိဘကို ဆရာလိုတမျိုး မိဘလို တစ်ပုံ ရိုသေလေးစားပါတယ်။

     အခုဂျူးတွေက ဘာဖြစ်လို့ မိဘဆွေးမျိုးနဲ့ အမျိုးသားရေကို ဘာဖြစ်လို့     သူများလူမျိုး တွေထက် လေးစားတန်ဖိုးလဲဆိုရင် သူတို့ရဲ့လျှို့ဝှက်က ဘယ်လောက်ပင် ခေတ်မှီတဲ့ တက္ကသိုလ်၊ ကောလိပ်မှာ တတ်တတ် ကိုယ့်ရိုးရာနဲ့ လူမျိုးရေးအကြောင်းကို အိမ်မှာ သင်ကြားပေး ပါတယ်။ နောက်ပြီး ကျောင်းမှာသင်လာတဲ့ စာပေတွေကို မိဘတွေက အချိန်ပြီး ရှင်းပြတဲ့ အလေ့အကျင့်ရှိပါတယ်။ အိမ်တွင်း ပညာရေးကို စနစ်ကို ကျင့်သုံးပါတယ်။ ဂျူးတွေက ဘယ်နိုင်ငံမှာပဲ ဘယ်ကိုပဲရောက်ရောက် အချိန်တန်ရင် အစ္စရေးနိုင်ငံကို ပြန်ရမယ်ဆိုတာကို ပြောစရာမလိုပဲ နားလည်းပါတယ်။ ဘယ်မှာပဲ နေနေ အချင်းချင်းထောက်ပံ့ကူညီ စောင့်ရှောက်ပါတယ်။
အိမ်တွင်းပညာမသင်ကြားနိုင်တဲ့ နိုင်ငံတွေမှာ သားသမီးတွေက အလေးမထားဘူး၊ မိဘကို မိဘလို မသတ်မှတ်တဲ့ အခြေအနေတွေကို ကြုံပါတယ်။ သားသမီးတွေက မိဘပြောတဲ့ စကားကို နားမထောင်ပဲ မိဘဆုံးမရင်လည်း အလေးမထားဘဲ ရန်သူလို ဆံဆက်တာကို တွေ့ဖူးမြင်ဖူးမယ်လို့ထင်ပါတယ်။ နောက်တစ်ခု မြန်မာနိုင်ငံ ရန်ကုန်မြို့နဲ့ နေရာ တစ်ချို့မှာ အခေါ်အဝေါ်တွေက မိဘအပေါ်မှာ ပြောင်းသွားတာကိုလည်း တွေ့နေရပါတယ်။ အမိကို ဘွားတော်၊ အိမ်က ဟာကြီး၊ အဖကို ဘိုးတော် ဆိုတဲ့ မကြားဝံ့မနာသာ လေသံတွေကိုလည်း ကြားဖူးပါတယ်။
မိဘတွေက ကိုယ့်သားသမီးကို ပညာရေးကိုလည်း မပေး၊ နွေးထွေးမှုကိုလည်း မပေး၊ အကြင်နာတရားက ဝေလာဝေးဆိုတော့ မိဘတွေဟာ တဖြည်းဖြည်းနဲ့ သားသမီးတွေ အသိအမှတ်ပြုလာတာ နည်းလာပါတယ်။ ဒီလိုအခြေအနေမျိုး မကြုံစေချင်ပါ။ အခုလိုအခြေမျိုး မကြုံစေချင်လို့ အိမ်တွင်းပညာရေးကို တစိုက်မတ်မတ် သင်ကြားပေးစေချင်ပါတယ်။ သားသမီးတွေကလည်း မိဘဆိုတာ ငါတို့ကို ပညာရေးလည်း မသင်ပေး ကိုယ့်လူမျိုးရေးအကြောင်းလည်း ဘာတစ်ခုမှလည်း မပြောပြလို့ ငါ့တို့က ဘာမှမသိတာပါလို့ ပြောလာရင် မိဘတိုင်းတာဝန်မကျေရာကျမည်သာဖြစ်ပါကြောင်း...
မိဘတိုင်းသမိုင်းပေးတာဝန်ကျေကြပါစေ......
၂၆.၀၈.၂၀၁၂
                    သတ္တ၀ါခပ်သိမ်း၊ တရားငြိမ်း၊ အေးချမ်းသာယာရှိစေသော်။...

Sunday, August 5, 2012

သက္ကရာဇ်အကြောင်း သိကောင်းစရာ


သက္ကရာဇ် (၅) မျိုး
(၁) မဟာ သက္ကရာဇ်= ဂေါတမ ဘုရားရှင်း၏ ဘိုးတော် (သီရိမဟာ မာယာဒေ၀ီ၏ ခမည်းတော်) ဒေ၀ဒဟပြည့်ရှင် ဘုရင် အဉ္စနမင်းကြီးသည် ဒိဗ္ဗစက္ခုအဘိဥာဏ်ရ ဒေ၀ီလရသေ့နှင့် တိုင်ပင်ပြီး မိမိလက်ထက်၌ ရောက်ဆဲဖြစ်သော သက္ကရာဇ် (၈၆၄၅) ခုကို ထိုနှစ် တပေါင်းလကွယ် စနေနေ့အထိ ဖြိုပြီးလျှင် တန်းခူးလဆန်း(၁) ရက် တနင်္ဂနွေနေ့ကို အစပြု၍ သက္ကရာဇ်တစ်ခု ထားလေသည်။ ထိုသက္ကရာဇ်ကို မဟာသက္ကရာဇ်ဟုခေါ်တွင်လေသည်။ ထိုအချိန်သည် မြတ်စွာဘုရား ဖွားတော်မမူမီ (၆၈)နှစ်အလိုဖြစ်သည်။ ဂေါတမဘုရားရှင်၏  သက်တော် (၈၀) နှစ်ပေါင်းသော မဟာသက္ကရာဇ်၏ သက်တမ်းမှာ (၁၄၈) နှစ်သာရှိသည်။ ထို (၁၄၈)နှစ်ကို ဖြိုပြီး သာသနာသက္ကရာဇ်ကို စ၍တွက်သည်။
(၂) သာသနာ သက္ကရာဇ်= မဟာသက္ကရာဇ်၏ သက်တမ်းမှာ (၁၄၈) နှစ်သို့ ရောက်သောအခါ ဂေါတမဘုရားရှင်သည် ပရိနိဗ္ဗာန် စံတော်မူသည်။ သာသနာတော် အနှစ် (၅၀၀၀) ကိုလည်း ထားတော်မူ ခဲ့သည်။ ပရိနိဗ္ဗာန် စံတော်မူပြီး လေးလအကြာ ရာဇဂြိုလ် ပြည့်ရှင်ဘုရင် အဇာတသတ် ကြီးကြပ်၍ မထမသင်္ဂါယနာတင်တော်မူပြီးနောက် သက္ကရာဇ်(၁၄၈) ကို ဖြိုခွင်းပြီး သာသနာနှစ် သက္ကရာဇ်(၁)ခု ကြွင်းထားခဲ့သည်။ ထိုမှစ၍ သက္ကရာဇ် ပေါ်ပေါက်လာသည်။
(၃) ကောဇာ (ဂေါဇာ) သက္ကရာဇ်၊ မြန်မာသက္ကရာဇ်= သရေခေတ္တရာ မင်းဆက် သုမုန္ဒရီမင်း လက်ထက်မှ စ၍ ရေတွက်သည်။ (လက်ရှိမြန်မာ ပြက္ခဒိန်)
(၄) ခရစ် သက္ကရာဇ်(ဘီစီ)= ခရစ်တော်မပေါ်မီကာလ နောက်ကို ရေတွက်ရသော နှစ်များဖြစ်သည်။
ခရစ် သက္ကရာဇ်(အေဒီ)= ခရစ်တော်ပေါ်ပြီး နှစ်မှစ၍ အစဉ်အတိုင်းရေတွက်ရသော နှစ်များဖြစ်သည်။ (လက်ရှိ အင်္ဂလိပ် ပြက္ခဒိန်)
သက္ကရာဇ် ဖြိုခြင်းအစ
ဂေါတမဘုရားရှင်၏ ဘိုးတော် အဉ္စနမင်းကြီး လက်ထက်တွင် ဒိဗ္ဗစက္ခုအဘိဥာဏ်ရ ဒေ၀ီလရသေ့နှင့်တိုင်ပင်ပြီး ရှိရင်းသက္ကရာဇ် (၈၆၄၇) နှစ်မှ (၈၆၄၅)နှစ်ဖြို၍ ကျန်နှစ်နှစ်ကို ဘိုးတော် အဉ္စနမင်းဖြိုကြွင်းသော အဉ္စနသက္ကရာဇ် (မဟာသက္ကရာဇ်) အဖြစ် သုံးစွဲခဲ့လေသည်။
အဉ္စနသက္ကရာဇ်အတွင်းမှာပင် ဂေါတမဘုရားရှင်သည် သက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့်တွင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါသည်။ ထိုနှစ်မှာပင် ၀ါခေါင်လမှစ၍ မထမသင်္ဂါယနာ တင်ရာ ၇လကြာခဲ့သည်။ ထိုစဉ်က မဂဓတိုင်း၊ ရာဇဂြိုလ်ပြည်၌ စိုးစံသောဘုရင် အဇာတသတ်နှင့် အရှင်မဟာကဿပတို့ တိုင်ပင်ပြီး ရှိပြီး ၁၄၈-ခုနှစ်ကို ဖြို၍ ထိုနှစ်ကို ဗုဒ္ဓသာသနာနှစ်(သာသနာသက္ကရာဇ်) ၁-နှစ်ဟု သတ်မှတ်ခဲ့သည်။
ထိုမှတဖန် အစဉ်အဆက် သာသနာသက္ကရာဇ်ကို ဆက်လက် သုံးစွဲလာခဲ့ကြရာ သာသနာသက္ကရာဇ် (၆၂၄) ခုနှစ် ရောက်သောအခါ သရေခေတ္တရာပြည့်ရှင် သုမုန္ဒီရဇ် မင်းလက်ထက်တွင် ရှေးဆရာ၊ ပညာရှိ ရသေ့ကြီးများ၏ နည်းအရ ဒေါဒေါရသ (ခေါ်) နှစ်ရှည် သက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်သဖြင့် (၆၂၄ -ခုနှစ်မှ ၆၂၂)ခုနှစ်ကို ဖြို၍ အကြွင်း၂-နှစ်ကို ထားကာ သုမုန္ဒ(သရေခေတ္တရာ)သက္ကရာဇ်အဖြစ် မှတ်သားသုံးစွဲ ခဲ့ပြန်သည်။
သုမုန္ဒရဇ် သက္ကရာဇ်(၅၆၂)ခုသို့ ရောက်အခါ ပေါက္ကံပြည့်ရှင် ဆရာသင်္ဃရာဇ်ခေါ် ပုပ္ပါးစောရဟန်းမင်းလက်ထက် ခန်းဆပဉ္ဇာ (ခေါ်) နှစ်တိုသက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်ပြန်သည်နှင့် (၅၆၂)ခုမှ ခန်း ဆပဉ္ဇာ (၅၆၀) ခု ဖြိုပြီးကျန်သော ၂-ခုကို ပေါက္ကံသက္ကရာဇ် အဖြစ် ယနေ့တိုင် အဖြိုမရှိတော့ဘဲ ဆက်လက်သုံးစွဲခဲ့သည်။ ထိုသုံးစွဲခဲ့သော ပေါက္ကံသက္ကရာဇ်များသည် ယခုအခါ ကောဇာသက္ကရာဇ် (ဂေါဇာသက္ကရာဇ်) ဟုတ်ခေါ်သည်။
ထိုအချိန်မှ စ၍ သာသနာသက္ကရာဇ်ဟူသော မူလ အခေါ် ကောဇာသက္ကရာဇ် (သို့) သက္ကရာဇ် ဟုသာ သုံးပါတော့သည်။ သိရိခေတ္တရာ ပြည့်ရှင် ဘုရင် သုမုန္ဒရဇ်မင်း ဖြိုသော (၆၂၂) ကို ပုပ္ပါး၊စောရဟန်း လက်ထကိဖြိုသော (၅၆၀) နှင့်ပေါင်းလျှင် ၁၈၈၂ နှစ်ရပါသည်။ ယင်း ၁၁၈၂ ကို လက်ရှိ ရောက်နေသော ကောဇာသက္ကရာဇ်တွင်ထည့်ပေါင်းပါက သင်္ဂါယနာတင်ချိန်က စခဲ့သော သာသနာ သက္ကရာဇ်ကို ရပါသည်။
ကောဇာသက္ကရာဇ်နှင့် သာသနာနှစ်
ယခုအခါ ကောဇာသက္ကရာဇ်နှင့် သာသနာနှစ်တို့မှာ ကွဲပြားခြားနားနေပြန်သည်။ ကောဇာသက္ကရာဇ်မှာ ၁၃၀၀ ကျော်သာရှိသေးသော်လည်း သာသာနာနှစ်မှာ ၂၅၀၀ ကျော်နေပြီ ဖြစ်သည်။
ထိုသို့ကွဲပြားခြားနားနေသည်မှာ ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် စိုးစံသော ဘုရင် အဇာတသနှင့် အရှင်မဟာကဿပတို့တိုင်ပင်ပြီး ပထမသင်္ဂါယနာသောနှစ်ကို ပထမမူလ ဗုဒ္ဓသာသနာနှစ်(၁) ခုဟု သုံးစွဲခဲ့လေသည်။ ထိုစဉ်က သက္ကရာဇ်နှစ်မျိုး မရှိသေးချေ။
သာသနာသက္ကရာဇ် (၆၂၄)ခု ရောက်သောအခါ သုမုန္ဒရဇ်မင်းလက်ထက်တွင် ဒေါဒေါရသ(ခေါ်) နှစ်ရှည်သက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်သဖြင့် (၆၂၄ -ခုနှစ် ၆၂၂-ခုနှစ်ကိုဖြို၍ အကြွင်း၂-နှစ်ကို ထားကာ သုံးစွဲခဲ့သောအခါ ကောဇာသက္ကရာဇ်နှင့် သာသနာနှစ် ဟူ၍ (၂) မျိုး ကွဲပြားလာခြင်း ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံ၌ ကောဇာသက္ကရာဇ်ကို အစိုင်အမြဲသုံးစွဲပြီး သာသနာနှစ်ကိုကား အသိအမှတ်ပြုသည့် အနေဖြင့်သာ သုံးစွဲခဲ့လေသည်။
(ထိုင်းနိုင်ငံ (ယိုးဒယား)တွင် သာသနာနှစ်ကို သက္ကရာဇ်အဖြစ်သုံးစွဲပေသည်။)  သာသနာနှစ်သိလိုပါက  ကောဇာသက္ကရာဇ်ကို (၁၁၈၂)နှစ်နှင့် ထည့်ပေါင်းလျှင် သာသနာနှစ် အမှန်ဖြစ်ပေသည်။
သက္ကကောဇာ၊ တည်ပြီးခါဝယ်၊ တစ်တစ်ရှစ်နှစ်(၁၁၈၂)၊နှောတုံလစ်က၊ တိတိဖြစ်သာသနာ။မှတ်ကြရာ၏ဟု ပညာရှိများ ညွန်ကြားထား၏။
အလွယ်ကူဆုံးမှတ်ရန်
၁။ လက်ရှိ ခရစ်နှစ်က (၆၃၈)ကို နှုတ်လျှင်၊ မြန်မာသက္ကရာဇ်ကို ရမည်။
၂။ မြန်မာပြက္ခဒိန်ကို (၁၁၈၂) ပေါင်းပါက သာသနာနှစ်ကို ရမည်။  (Mayor mt 05:50,31 သြဂုတ် ၂၀၀၉ (UTC)
ဗဟုသုတအဖြစ် တင်ပြလိုက်ပါတယ်။

Saturday, June 23, 2012

Religion and Gander


In many religious heirchies, women are mostly excluded from power. It is very clear in Christianity but it is also characteristic of all the major religion. Christianity is a male affair in its symbolism while Mary the mother of Jesus may sometimes being treated as if she had divined. God is the father a male figural and Jesus took the human shape a man. Woman is depicted as created from rib taken from man. There are many female figures in the Bible and some depicted as bravely however the prime a parts are reserve for male. There is not female equal to Moses. In the New Testament all the apostles are men.
These facts have not gone unnoticed by those and most in woman’s movement in 1895 Elizabeth Cady published a serious of commentary on the scripture in title of the woman Bible. In her view, God had created women and men as beings of equal value and the Bible should fully reflect this fact its masculine character she believed reflected not the authentic view of God but the fact that was written by men in 1870. The Church of England had established a committee to do what have been done many times before reproves and update the Biblical text. As she pointed out the committee contains not a single woman. She is asserted that there is no reason to support that God is male since it was clear in the scripture that all human beings were fashioned in the image of God.
Female deities are quite often found in religions across the world. These are sometime thought of as womanly gentle and loving in the other instances goodness appears as fearful destroyers woman worrier-gods are found fairly often ever though in actual social life women are only very occasionally military leaders. Now wide-ranging study of the symbolic and material environment of women in difference religion has yet being undertaken but there are seeing to be a few if any religion in which females are the dominant figures either symbolically as religions authority.
Sub-topic- Roles of woman in religion
In Buddhism females appear as important figures in the teaching of some Buddhist order. In Mahāyana Buddhism women are represented in a particularly favorable life. However, on the whole Buddhism what is evident is that it is a male created institution dominated by a various power structure in which the famine is mostly associated with the secular, powerless, profane and imperfect contracting pictures of woman appear in the Buddhist text mirroring not doubt the attitude of man to all women in the secular world. On the one hand females appear as wise maternal and gentle on the other as mysterious polluting and destructive threatening evil.
In the Buddhism woman have traditional been allowed a role as nun which has also being the main avenue for the direct expressing of female religious convection within Christianity.  The monastic life, derives from the practices of very early christen groups who lived a life of extreme power given over to meditation this individual and roles sometimes have a few connection with this established church but by the early Middle age the church had managed to gain control of most of the order they had founded monastery became fixed building with the image bound to the authority system of the Catholic church.
Some of the most influential male monastic order was founded in the 12th century, the same era as the Crusades military expectation to recover the holy land from the Muslim. The majority of woman’s order was not established until some two centuries later. Their membership remained relatively small. Many women at this time became nuns partly because of the career which was there by opened up to them in teaching and nursing. Since these occupations were controlled by the religion order as professions became separated from the church the proportion of women in the orders full.
Although the ritual and observances of difference orders vary all nuns are regarded as brides of Christ. Until changes were made in some of the order in the 20th century. Sometimes, Marriage ceremonies were carried out during the cost of which the novice could cut her hair received religious name and be given wedding ring. A novice is free to leave or can be dismissed.
Woman’s orders today show considerable diversity in their beliefs and modes life. I, some convent sister dress in full traditional habit. Other communities by contrasted are not only houses in modern building but have dropped many of the old regulation; the sister’s wearing ordinary dress. Restrictions on talking to other and certain periods of the day having relaxed together with the rules about the position of the body, such as walking with hands folded and hidden under the habit. 
  May you be health and wealth.

Wednesday, June 13, 2012

မခွဲခွာရက်



သူငယ်ချင်းရေ…
ငှက်ကလေးတွေက
အတောင်စုံရင် ပျံသွားကြတယ်။
ငါ့တို့တွေက
ပညာကလေး မတတ်တခေါက်နဲ့
တက္ကသိုလ်ကြီးကို စွန့်ခွာရတော့မယ်။
သုံးနှစ်ကျော်တက်ခဲ့တဲ့
ဒီနေရာကို မခွဲခွာရက်ဘူး သူငယ်ချင်း။
ဟိုး…..
အဝေးကြီးကို လှမ်းကြည့်လိုက်စမ်း။
ရေလိုင်းတွေကြောင့် ချောင်းကမ်းပါးတွေ ပြိုကျသွားသလို
အချိန်တွေရဲ့တိုက်စားမှုကြောင့်
ငါ့တို့ရက်အသက်တွေလည်း ပြိုကျလာခဲ့ပြီ။
သူငယ်ချင်း…..
ကိုယ့်ရပ်ကိုယ့်မြေ ကိုယ့်ဌာနေမှာ
ကျရာတာဝန် ကိုယ်စီထမ်းဖို့
တို့များလက်ထဲ ကျရောက်လာပြီ။
အခြေနေကြောင့် ဝေးကွာသွားလည်း
တို့များရင်မှာ မဝေးကွာပဲ
ခင်မင်ရစ်ပတ်ဆဲပါ သူငယ်ချင်း။ ။

Saturday, June 2, 2012

လူ့ကျင့်ဝတ် နှင့် ကိုယ်ကျင့်တရား


 
ဝတ္တံ အ ပရိပူရိန္တော သီလံ န ပရိပူရေတိ။ လို့ ပါဠိတော် မိန့်ဆိုသည်နှင့်အညီ ရဟန်းတော် တွေမှာ ၀တ်ကြီးဝတ်ငယ်အသွယ်သွယ်ကို မဖြည့်ကျင့်ဘူးဆိုရင် သီလကိုဖြည့်ရာ မမည်ဘူးလို့ ဒီပါဠိ တော်က ညွန်ပြ ပါ ထားတယ်။ ရဟန်းတော်တွေအတွက်ကတော့ ပဏ္ဍတိ ပညတ်ထက် လောက ပညတ်ကို ပိုအလေးထား ရပါ တယ်။ လူ့ကျင့်ဝတ်နှင့် ကိုယ်ကျင့် တရားသည် လောကီ/ လောကုတ္တရာ အကျိုးသယ်ပိုးဆောင်ရွက်နေတဲ့ လောက လူသားတို့ အတွက် အင်မတန် အရေးကြီးပါတယ်။ 

ဒီအထဲမှာ လူ့ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားရယ်လို့ နှစ်ပိုင်းခွဲပြီး နားလည် သင့်ပါတယ်။ လူ့ကျင့်ဝတ် နှင့် ကိုယ့်ကျင့် တရားကို တန်ဖိုးထားတတ်ရင် လူ့လောက အတွက် အရမ်း တန်ဖိုးကြီးပါတယ်။ လူ့ကျင့်ဝတ် သိတတ်ခြင်းနှင့် ကိုယ်ကျင့်တရားလိုက်နာကျင့်သုံးခြင်းဟာလူ့ဂုဏ် သိက္ခာကို တက်စေပါတယ်။ ဒီအရာ နှစ်ခုဟာ လူ့အဖွဲ့အစည်းအတွက် အမြဲတမ်းအခြေခံကျပြီးတန်ဖိုးမဖြတ်နိုင်တဲ့ဆုလာဘ်ပါ။ကိုယ်ကျင့်တရားဟာကိုယ်အမူအရာ နှုတ်အမူအရာကိုယဉ်ကျေးစေပါတယ်။ ကိုယ့်ကျင့် တရားလိုက်နာရင် မကောင်းမှုမှ ရှောင်ကြဉ်ပြီး ပေါ့ပေါ့ပါးပါး သွားလာလှုပ်ရှားနိုင်ပါတယ်။ လူ့ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားကိုတန်ဖိုးထားတဲ့သူဟာလူကြီးလူကောင်းဆန်ဆန်ပွဲလယ်တင့်ပါတယ်။ကိုယ်ကျင့်တရားကမကောင်းမှုမှ ရှောင်ရှားပြီး လူ့ကျင့်ဝတ်ကလူ့အဖွဲ့အစည်းကိုတန်ဖိုးတတ်စေပါတယ်။လူမှု့ပတ်ဝန်းကျင်ကို တန်ဖိုးတတ်စေပါတယ်။ လူ့ကျင့်ဝတ်ကို ချိုးဖျက်ရင် လူ့ပတ်ဝန်းကျင် သက်ဆိုင်ရာ အဖွဲ့အစည်းက ချက်ချင်း ဥပဒေအရ အရေးယူ အပြစ်ပေးဆောင်ရွက်မယ့် ကိုယ်ကျင့် တရားပျက်ရင် လူ့အဖွဲ့အစည်း သက်ဆိုင်ရာက အပြစ်မပေးသော်ငြားလည်း မိမိလုပ်ရပ် အတွက် မိမိပတ်ဝန်းကျင်က အပယ်ခံရတင်မကဘူး မိမိကပါ ကုက္ကုစ္စ ဖြစ်ပြီး အငွေ့တလူလူနဲ့ အပြစ်ကိုဖြစ်စေ ပါတယ်။ 

ဒါကြောင့်လူ့ကျင့်ဝတ်နှင့်ကိုယ့်တရားဟာလူမျိုးတိုင်းလူ့အဖွဲ့အစည်းတိုင်းနိုင်ငံတိုင်းဘာသာတိုင်း လောကလူသားတိုင်းအတွက် မိမိလူမျိုး၊ မိမိဘာသာ သာသနာကို ထိန်းသိမ်းစောင့်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာပါ။  မိမိတို့ တန်ဖိုးထားအရာ၊ အလေးအမြတ်ထားတဲ့ နေရာတွေကို သွားတဲ့ အခါတို့ နောက်ပြီး ထမင်းစားတဲ့ အခါမျိုးမှာ အများက မသင့်တော်ဘူးလို့ သတ်မှတ်သမုတ်ထားလို့ဖိနပ်ချွတ်၊ဦးထုပ်ချွတ်အကျင့်ဟာလည်းကိုယ်ကျင့်တရားတခုမဟုတ်ပေမယ့်လူ့ပတ်ဝန်းကျင်းက ချမှတ်ထားတဲ့ လူ့ကျင့်ဝတ်ကို လိုက်နာခြင်းတမျိုးပါ။ အလိုက်သိစွာနှင့် ပတ်ဝန်းကျင်မှာ အဆင်ပြေစွာ နေထိုင်လိုက်ရင် မိမိတစ်ယောက်ကြောင့်ပတ်ဝန်းကျင် သောကမရောက်ရင်မိမိကြောင့်အေးချမ်းမှုကိုဖြစ်စေပါတယ်။ နေရာတိုင်းနေရာတိုင်းမှာ သူ့နေရာနှင့် သူ လိုက်နာရမယ့် ဥပဒေလည်းတွေ ရှိပြီးသားဖြစ်ပါတယ်။ စည်းကမ်းရှိသူအတွက် စည်းကမ်းမလိုပါ။   

အထူးသဖြင့် ဗုဒ္ဓဘာသာဝင်များက လူ့ကျင့်ဝတ်နှင့် ကိုယ့်ကျင့်တရားအကြောင်းကို လေ့လာခဲ့ကြ ပါတယ်။ ဆန်းစစ်လေ့လာလိုက်သောအခါ လူ့ကျင့်ဝတ်နှင့် ကိုယ့်တရားက ဘာမှ မဟုတ်ဘူး။ ဒါပေမယ့် အကောင်းနဲ့ အဆိုးရယ်ပဲ တွေ့ရပါတယ်။ ကောင်းတာကတော့ ပုည၊ မကောင်းတာက ပါပရယ်လို့ နှစ်ပိုင်းတွေ့ရပါတယ်။ ပုညက ကောင်းသောဘုံဌာနအတွက် အထောက်အပံ့ဖြစ်သလို မကောင်းမှု ပါပကတော့ အမြဲတမ်းမကောင်းတဲ့ ဘုံဌာနကို ညွန်ပြနေပါတယ်။  မြတ်စွာဘုရားက လူလေးမျိုးကို ဟောကြားခဲ့ပါတယ်။
၁။ ကိုယ်ကျိုးအတွက် ပဲကြည့်ပြီး သူများအတွက် မကြည့်တဲ့ သူ၊
၂။ ကိုယ့်အတွက်လည်း ကြည့် သူများအတွက်လည်း ကြည့်တဲ့သူ၊
၃။ သူများအတွက်ကြည့်ပြီး ကိုယ့်အတွက် မကြည့်တဲ့သူ၊
၎။ကိုယ့်အတွက်လည်းမကြည့်သူများအတွက်လည်းမကြည့်တဲ့သူရယ်လို့လောကမှာလူလေးမျိုးအကြောင်းကို ဟောကြားတော်မူခဲ့ပါတယ်။ ဒီလူလေးယောက်မှာ ကိုယ့်အတွက်ရော့ သူများအတွက်ပါ ကြည့်တဲ့ သူဟာ  “ ကလျာဏမိတ္တ” ပါပဲတဲ့။  လူ့ကျင့်ဝတ်နှင့် ကိုယ့်ကျင့်တရားဟာအမြဲတမ်းလူ့မှုပတ်ဝန်းကျင်အတွက်ဆရာကောင်းတဆူပါ။အဲဒါတွေကလောကလူသားတွေအကျိုးဖြစ်ထွန်းဖို့အတွက်အထောက်အပံ့ကောင်းပါ။ မြတ်စွာဘုရားလည်း လောက လူသားတွေ အကျိုးရှိမယ့် အရာတွေကိုပဲ ရှေးတန်းတင်ပြီး လမ်းညွန်ဆုံမ ခဲ့ပါတယ်။ 

 ဗုဒ္ဓဘာသာဝင်အတွက်အခြေခံကျင့်ဝတ်တရားကတော့ငါးပါးသီလပါ။သူများအသက်မသတ်ဘူး၊သူများဥစ္စာမခိုးဘူး၊ သူများသားမယားမပြစ်မှားဘူး၊လိမ်ညာမပြောဘူး၊အရက်သေစာမသောက်စားဘူး။ဆိုပြီးအခြေခံလူ့ကျင့်ဝတ်အတွက်ရော့ ကိုယ်ကျင့်တရားအတွက်ပါ မြတ်စွားဘုရားက ဟောကြားခဲ့ပါတယ်။ ငါးပါးသီလကို လိုက်နာ စောင့်ထိမ်းတဲ့သူဟာ ကိုယ့်အတွက်ရော့သူများအတွက်ပါအကျိုးရှိတဲ့လူကောင်းလူမြတ်ပါ။ငါးပါးသီလကို စောင့်ထိမ်းတဲ့သူဟာ ဗြဟ္မစိုးတရားကို လွယ်လွယ်နဲ့လက်ခံကျင့်သုံးနိုင်ပါတယ်။ဗြဟ္မစိုးတရားလေးပါးကလူ့ပတ်ဝန်းကျင်အတွက်အင်မတန်တန်ဖိုးရှိတဲ့ ဆေးကောင်း တလက်ပါ။ ဒါကတော့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာပါ။ 

မေတ္တာကတော့ ရယူပိုင်ဆိုင်ခြင်းမဟုတ်ဘဲ မိမိနှင့်တသားတည်း လူသားအားလုံးအပေါ်မှာ ညီတူညီမျှ ထားတဲ့ မေတ္တာတရားပါ။ ကွက်ကျားမိုးမရွာပဲ ဘယ်သူတစ်ဦးတစ်ယောက်အပေါ်မှာမှ ကန့်သတ်ထားတာ မဟုတ်ပါ။ ကရုဏာကတော့ ဒုက္ခရောက်နေတဲ့ သူအပေါ်မှာ သနားတယ် ပြီးတော့ ကူညီတယ် အားပေးစကားပြောတယ် အသုံးအဆောင်ပစ္စည်းတွေမျှဝေတယ်။မြတ်စွာဘုရားကကရုဏာနဲ့ပတ်သတ်ပြီးအရှင်အာနန္ဒာအကြောင်းအမြဲဟောလေ့ရှိပါတယ်။ “ အာနန္ဒော ထေရော ၀ိယ ကရုဏံ စိတ္တံ ဥပဋ္ဌာပေတွာ”။မေတ္တာ၊ ကရုဏာဟာ တည်ငြိမ်အေးချမ်းပြီး လူမှု့ပတ်ဝန်းကျင်အတွက် တန်ဖိုးရှိရှိနဲ့ တည်ရှိနေတဲ့ တရားပါ။ မုဒိတာဟာလည်း လူမှု့ပတ်ဝန်ကျင်အတွက် အရေးကြီးတဲ့တရားတစ်ခုပါ။အောင်မြင်ချမ်းသာတဲ့သူကိုမြင်ရင်ဝမ်းသာပီတိဖြစ်ပါတယ်။ 

  ဒါကလောကလူသားတွေအတွက် ခက်ခဲစေတဲ့ အရာတစ်ခုပါ။ သူများကိုယ့်သာ မနာလိုဖြစ်တတ်တယ်။ ၀မ်းမသာနိုင်ကြဘူး။ ဒါကြောင့် လူ့အဖွဲ့အစည်း လူ့အသိုင်းအ၀ိုင်းအတွက် အရေးကြီးပါတယ်။  နောက်ဆုံးတစ်ခု ဥပေက္ခာဟာလည်း အရေးကြီးပါတယ်။ သူ့ရဲ့ပင်ကိုယ် သဘောက ချမ်းသာတာရော ဆင်းရဲတာပါ ကြံ့ကြံ့ခံနိုင်တယ်။ ဥပေက္ခာဟာ ဒီဗြဟ္မစိုးတရားလေးပါးထဲမှာ အလုပ်အကိုင် လူ့အဖွဲ့စည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ အကောင်းဆုံး တရားတစ်ခုဖြစ်ပါတယ်။
သတ္တ၀ါခမ်သိမ်း၊ တရားငြိမ်း၊ အေးချမ်းသာယာ ရှိပါစေ။ ။

Tuesday, May 29, 2012

မတည်ငြိမ်နိုင်သေးသော ပြောင်းလဲမှုများ




လွန်ခဲ့သော နှစ်ပေါင်းများစွာမှစ၍ ယနေ့တိုင် မတည်ငြိမ်နိုင်သေးပဲ ပြောင်းလဲနေသော အရာပေါင်းများစွာရှိပါတယ် ထိုအထဲတွင် ကိုးကွယ်မှုနှင့် အုပ်ချုပ်မှုမှာ အထင်ရှားဆုံးပင် ဖြစ်ပါသည်။ လောက လူသားများဖြစ်သည့်အလျှောက် လောက စည်းစီမ်များကို ခံစားသုံးစွဲမှုများလာသည့်အခါ လောဘ ဒေါသ မောဟကြောင့် အားကိုး၊ ခိုကိုးရာမဲ့ရာကနေ စပြီး ကိုးကွယ်မှုကို ရှာဖွေလာကြတယ်။ ဒီလောဘ ဒေါသ မောဟ တွေဟာလည်း လူနေမှုစနစ်ကြောင့်ပဲ ဖြစ်လာခဲ့ပါတယ်။ အများအုပ်ချုပ်ခံ ဘ၀ကနေ ကိုယ့်မင်း ကိုယ့်ချင်း စနစ်ကို ရွေးချယ်လာကြပြန်တယ်။ နှစ်တွေကြာညောင်း လာတော့ တစ်မိန့်တစ်အာဏာ တစ်သံ တစ်စနစ် အာဏာရှင်စနစ်ကို မကြိုက်ကြပြန်တော့ အများဆန္ဒနဲ့ အုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်ကို လိုလား နှစ်သက်လာကြပြန်တယ်။ ကိုးကွယ်မှုမှာလည်း အလားတူပင် အရင်က ကြောက်အားပိုလို့ မြင်မြင် သမျှကို ကိုးကွယ်ကြရသည့် အဖြစ်ကနေ ပိုပြီး တန်းခိုးကြီး အာဏာရှိတဲ့ ပုဂ္ဂိုလ်ကိုရွေးချယ်ပြီး ကိုးကွယ်လာ ကြတယ်။ အခုဆိုရင် ဘာသာကြီးလေးခုကို လူတွေက ရွေးချယ်ပြီး ကိုးကွယ်နေကြတယ်။ ကိုးကွယ်မှုနှင့်အတူ လုံခြုံစိတ်ချရသော အုပ်ချုပ်မှုကိုပါ လိုလား တောင်းတလာကြတယ်။ ကိုးကွယ်မှု အုပ်ချုပ်မှု ပုံစုံတို့ဟာလည်း လူနေမှု စနစ်ပြောင်းလွဲ သည်နှင့်မျှ ပြောင်းလဲသွားတဲ့ အဖွဲ့အစည်းတွေဖြစ်လာခဲ့ပါတယ်။ ဒီကိုးကွယ်မှု အုပ်ချုပ် တွေဟာ လည်း လူ့ပတ်ဝန်းကျင် ပြောင်းလဲသည်နှင့်မျှ ပြောင်းလဲသွားတတ်ပါတယ်။ တကယ်လို့သာ လူ့ပတ်ဝန်းကျင်း ပြောင်းလဲမှုကိုအတိုင်း လိုက်မပြောင်းလဲနိုင်ဘူးဆိုရင် ဒီအုပ်ချုပ်မှု၊ ကိုးကွယ်မှုက ရည်ရှည်မခံနိုင်ပါဘူး။  ယနေ့ခေတ် တိုးတတ်လာသည်နှင့်မျှ ဘာသာရေးကျောင်းသို့ သွားရောက် ဂရုဂါရ၀ ပြုသူများ နည်းသထက်နည်းလာပါတယ်။ တချို့နိုင်ငံတွေမှာဆို အလုပ်မှာတင် ရှိခိုး ၀တ်ပြုမယ့်အစီအစဉ်ကို ပြုလုပ်ပေး ထားတာကို တွေ့နေရပါတယ်။ ယနေ့ခေတ် ဘာသာရေး ဆရာများဟာလည်း လောကမှ ထွက်မြောက်ဖို့ထက် လောကမှာ ဘယ်လို အဆင်ပြေအောင် နေရမယ် ဘယ်လို သားသမီးတွေကို ပြုစုမျိုးထောင်ပေးရမယ် ဘယ်လို လုပ်ကိုင် ရှာဖွေရမယ် ဆိုတာကို ဦးစားပေးပြီး ဖြေရှင်းနည်းတွေကိုပဲ သင်ကြားပို့ချတာကို တွေ့နေရပါတယ်။ လောကမှာ ဖြစ်ပျက်နေတဲ့ အကြောင်းတွေကို ဦးတည်ပြီးဟောပြောနေတာကိုပဲ အများဆုံးတွေနေရပါတယ်။
 ၁၉ ရာစုမှာ လူမှုဗေဒပညာရှင် မစ်ဆ်ဝက်ဘာ ( Max weber) က လူမှုရေး ရှုပ်ထွေးလာ မှုကြောင့် ဘာသာရေးတွေက ဒီအတိုင်းသွား နေမယ်ဆိုရင် သက္ကရာဇ် ၂၀၀၀ ခုနှစ်မှာ ဘာသာ ရေးတွေ ပျောက်နိုင် တယ်လို့ သတိပေးခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်အထိ ဘာသာရေးက ဘာကြောင့် မပျောက်သွားပဲ ရှိနေရ တာလဲလို့ မေးစရာရှိပါတယ်။ မပျောက်သွားရတဲ့ အကြောင်းက ယနေ့ ဘာသာရေးသည် မနေ့ကဘာသာရေးနဲ့ မတူလို့ပါပဲ။ လူမှုနယ်ပယ်မှာ လိုအပ်တာကို ဘာသာရေးက မပြည့်ဆည်းနိုင်ဘူးဆိုရင် ဒီဘာသာရေးကို လူလာ လူရောက်နည်းသွားပါလိမ့်မယ်။ လူနေမှုအဆင့် အတန်းမြင့်တတ်လာတော့ ဘာသာရေးက ဘယ်လိုဖြစ် သလဲဆိုရင် ဘာသာရေး အဆောက်အဦးကို လက်ထပ်ဖို့ သားသမီးတွေအတွက် ပညာရေး အတွက် နှင့် ဘာသာ ရေးဆရာတွေကိုလည်း သာရေးနာရေးအတွက် အသုံးပြုလာတာကို တွေ့နေရပါတယ်။ ဘာသာရေး အဆောက်အဦးတွေမှာ လူမှုရေး အခမ်းအနားတွေကို ကျင့်ပလာကြတာ တွေ့နေရပါတယ်။
ဘာသာရေးဟာ လူမှုရေး အဖွဲ့အစည်းကို အားကိုးပြီးနေရတဲ့ အဖွဲ့အစည်းဆိုတာ ဒီအချက်တွေကို ကြည့်ပြီး သေချာပေါက်ပြောနိုင်ပါတယ်။ ယခင်ဘာသာရေးခေါင်းဆောင်နှင့် ယခုဘာသာ ရေးခေါင်းဆောင်များ ဘာကြောင့်ပြောင်းလဲသွားတယ်ဆိုတဲ့ အကြောင်းကို သတိမူ ပါတယ်။ ဘာသာ ရေးခေါင်းဆောင်များလည်း လူမှုရေးကို တတ်အားသမျှ လုပ်ကြတာကို ယနေ့အချိန်မှာ ပိုပြီးတွေ့ လာကြပါတယ်။ လူမှုပတ်ဝန်း ကျင်ပြောင်းလဲမှုကြောင့် ဘာသာရေး ခေါင်းဆောင်၊ အုပ်ချုပ် မှုစနစ် လည်း ပြောင်းလဲသွား တတ်ပါ တယ်။ ဘာဖြစ်လို့ဆိုတော့ လူတွေက ဖန်တီးထား လို့ပါပဲ။
စက်မှုတိုးတတ်သော နိုင်ငံတွေမှာ ဒီကိစ္စတွေကို ပိုပြီး တွေ့နိုင်ပါတယ်။ စီးပွားရေးတိုး တတ်လာတော့ ဘာသာရေးက စီးပွားရေးနောက်ကို ရောက်သွားတတ်ပါတယ်။ လူနေမှုစရိတ်ကြီးမားလာ သည်နှင့်အမျှ ဘာသာရေး ကလည်း မှေးမှိန်သွားတတ်ပါတယ်။ ဒါပေမယ့် စီးပွားရေးမကောင်းရင် လည်း ဘာသာရေးကွယ် ပျေက် တတ်ပါတယ်။ ဘာသာရေးကိုလူတွေက တည်ဆောက်ထားသလို စီးပွားရေးက ထောက်ပံ့ထားပါတယ်။ ဘာသာရေးခေါင်းဆောင်များ၊ အုပ်ချုပ်သူများလည်း ၄င်းတို့ အုပ်ချုပ်သောနိုင်ငံ၊ ဘာသာရေးအဆောက်အုံများ မှာ အရင်ကလို အာဏာမရှိတော့တာလည်း ဖြစ်လာတတ်ပါတယ်။ စီးပွားရေးတိုးတတ်လာရင် ဘာသာရေး ဘေးကို ရောက်တတ်သလို စီးပွားရေးပျက်ရင် ဘာသာရေးကအရင် ပျောက်ကွယ်ပါလိမ့်မယ်။
နိဂုံးအနေနဲ့ ဒီအကြောင်းအရာများသည် တိုက်ရိုက်သဘာဝဖြစ်ပျက်နေတာကို ရည်ရွယ် ခြင်းမဟုတ်ဘဲ (၀ါ) ရေးသားတင်ပြခြင်းမဟုတ်ဘဲ လောကသဘာဝမှာလည်း ဒီလိုဖြစ် တတ်တယ် ဆိုတာကို သတိမူစေ လိုခြင်းသာဖြစ်ပါတယ်။ အင်မတန်ကျယ်ပြန့်တဲ့ လောကကြီး အကြောင်းကို အတွေးအကြုံနူနယ်၍ အမှားတွေ ပါနိုင်ပါတယ်။ စာရေးသူစဉ်းစား တွေးခေါ်နိုင် သလောက် အပိုင်းအစလေးကို ဆွဲကြည့်ပြီး သိထား သလောက်ကို မျှဝေပေးချင်လို့ အခုလိုတင်ပြ လိုက်ခြင်းသာ ဖြစ်ပါတယ်။
                    သတ္တ၀ါ ခပ်သိမ်း၊ တရားငြိမ်း၊ အေးချမ်းသာယာ ရှိပါစေ။ ။

Wednesday, May 16, 2012

Religious sectarianism


Sectarianism is a sub-division within a group such as in politics or religious innovate community or believers. But there are many differences ways in which such community are organized Max Weber distingue between church and sect. According to Max Weber a church is a large were established religious body. A sect is smaller last highly organized grouping of commuter believers usually Satan its say in protects against a church. Church normally has a formal stricture with a hierarchy of religious officers and ten to represent the conservative face of religious. Same their integrated in to the existent institutional order most of their at-header are like their parents in being church members.
Sects are comparatively small. They usually aim at discovering and following “The True way” and tend to withdrawn from the surrounding society in to community of their own. The member of sect regard establishes church as corrupt most have a few of non-official all are regarded as equal participate. A small proposing of people are born in to sect. however, most actively join them, In order to further their beliefs.
Other scholars have further developed the church and sect typologies. Howard Becker attended to further type in 1950. The denomination and cult he defiles a denomination is a sect which has cooled down and became and institutional life’s body rather than active protect rime sect which survivor over any period of time become denomination. Therefore, Calvinism and Methodism was sect during their early formation. Later, the generator great favor among their member over the years they have become most respectable. Such as have recognized denomination as most all last legitimates. They exist a long side them with cooperation and harmony.
Cults resample sect but they have different empty they are more transient of all religious organization the individual reject what they see as the value of the outside society. Their focus is on individual experience breaking likeminded individual together people do not formally join a cult. But follow particular theory or prescript way of behavior members are allow to maintain other religious connection Cult forms around and inspirational leader. For example, spiritualism as astrology transcended meditation and spall master.
             The four concepts of churches, sects, denomination and cults are useful for analyses aspic of religious organization. However, they have to be applied with caution carefully because they reflected specifically Christian tradition as the cause of Islam. Indicates, there is not always a destined church separate from other institution. In non-Christian religion, other establish religion do not have a develop Hierarchy. For example, Hinduism is a religion that it is hard to find within its features and organization and Hinduism has not sub-division as denomination.
                The concepts of sects and cults perhaps have browed application but there are against a degree of caution is necessary. Sects like roping have existence within the major world religion. They show most of the attribute commandment divergence from all the doors see. However, most of this root for example In Hinduism is more like traditional ethics community. Communities then they are like christen sects. A Hinduism sect Hare-Krishna using traditional mantra has formed a new community In the UK. Many such group lack of true believer commonly founding Christianity because in the ethical religion of the east there are is more tolerance of diver outlooks a group made God if own way without necessarily meeting opposition from more other establishes organization. The team cult has wide used and can be applied to some kinds of Millenarian movement.
            The concepts of church, sect and denomination may be somewhat culture bound but they do help ask to analyze the tension which or religion ten to generated between revivalism and institutionalization religion organization which have been in existence for some wide ten to become inflexible. However, religion simple have extra ordinary immortal power for believers. New sects and cults are constantly arising the distention between the secret and prophet can be observed more religious activities have become stander life. Ceremonies can help to revivalist a sense of the distention holistic of religious experience. 

                                                                May you be happy and successful