Friday, December 31, 2010

ဗျာလအကြောင်း တစိတ်တစောင်း

မိမိလူမျိုး ပတ်ဝန်းကျင်၌ ကိုးကွယ်ပူဇော်ကြသည့် ဘုရားပုထိုးစေတီ စသောဘာသာရေး အဆောက်အဦး ပရ၀ုဏ်အတွင်းတွင် တံခွန်ကုက္ကား အလံတွေနဲ့အတူ တွဲပြီးတွေ့ရတာကတော့ ဟင်္သာ၊ ခြင်္သေ့၊ဗျာလ -စသော ဒဏ္ဍာရီဆန်ဆန် အထိမ်းအမှတ် သင်္ကေတ ရုပ်ထုများကို တွေ့ရပါသည်။ ထိုအထဲတွင် ဗျာလလည်း တစ်ခုအပါအ၀င် ဖြစ်လေသည် ကမ္ဘာစကတည်းက လူမျိုးတိုင်း ဘာသာတိုင်း၌ ၄င်းလူမျိုးတို့၏ ဒဏ္ဍာရီ ဆန်သော အထိမ်းအမှတ် သင်္ကေတ ရုပ်ထုများရှိခဲ့ကြသည်။ အလားတူပင် ရခိုင်လူမျိုး၌လည်း ဒဏ္ဍာရီဆန်သော အထိမ်းအမှတ် သင်္ကေတရုပ်ထုတစ်ခုရှိသည်။ ၄င်းမှာ ဗျာလ ဖြစ်သည်။ သို့ဖြစ်ပါသောကြောင့် ဗျာလ အကြောင်းကို သိသလောက် အနည်းငယ် တင်ပြလိုက်ပါတယ်၊ အများသိတဲ့အတိုင်း “သဇင်ပန်းခိုင် တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း ” ဆိုပင်ဆိုငြင်းသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လူရောက်နည်းပါးမှုမှာ မှန်သော်လည်း ဘုရားပုထိုး စေတီများမှာ ယနေ့တိုင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အဖြစ်ရပ်တည်နေသည်မှာ အမှန်ပင်ဖြစ်သည်။ “လှည်းဝင်ရိုးသံ တညံတညံ ပုဂံ ဘုရားပေါင်း ”  လောက် လူသိများပါခဲ့ဘူး။ ဒါကြောင့် ၄င်းဗျာလ ရုပ်ထုကို ကမ္ဘာကပင် မဆိုထားနှင့် မြန်မာနိုင်ငံ၌ပင် လူအတော်များများ မသိရှိကြသေးပေ။ ရခိုင်ဒေသ၌ ၄င်းဗျာလ ရုပ်ထုကို ရှေးဟောင်းစေတီပုထိုးများ၏ ကျောက်ဆစ်လက်ရာများတွင် ပုံသဏ္ဍာန် အမျိုးမျိုးရှိသော ရှေးဟောင်းလက်ရာ အမွေအနှစ်အဖြစ် တွေ့ရှိနိုင်ပါသည်။ ၄င်း သတ္တ၀ါကို ရခိုင် လူမျိုးတို့က “ ဗျာလ ”  ဟုခေါ်ဆိုခဲ့ကြသည်၊ အဆိုပါ ဗျာလမှာ ရခိုင် လူမျိုးတို့၏ ရှေးရိုးစဉ်ဆက် တစ်လျှောက်ရှိခဲ့သော ဒဏ္ဍာရီဆန်သော သတ္တ၀ါဖြစ်သည်။ ၄င်း “ဗျာလ” ကို သီချင်း ကဗျာ ရသ အမျိုးမျိုး ခံစားရေးဖွဲ့ သီကုံးကြသည်။ ရခိုင်ဘုရင် အဆက်ဆက် ဗျာလရုပ်ထုဖြင့် စေတီ ပုထိုး၊ လိုင်ဂူ၊ မြို့ရိုး ပြသဒ် နန်းတော်တွေကို အလှဆင်ကြသည်၊ ၄င်း ဗျာလကို သတ္တ၀ါ ကိုးမျိုး၏ ကောင်းမြတ်သော ခွန်အား စွမ်းအင် ရှိသော သတ္တ၀ါတို့၏ အစိတ်အပိုင်းများနှင့် ပေါင်းစပ်ထားသည်။ ယင်းသို့ သတ္တ၀ါ ကိုးမျိုး၏ အစိတ်အပိုင်းများနှင့် ပေါင်းစပ်ထားခြင်းကြောင့်  “န၀ ရူပ ဗျာလ ” လည်း ခေါ်သည်။ အဆိုပါ “န၀ ရူပ ဗျာလ” ရုပ်တွင် ပါရှိသည့် သတ္တ၀ါကိုးမျိုး၏ အစိတ်အပိုင်းများမှာ-
၁။ ခြင်္သေ့ ခြေ၊ လက်
၂။ ဆင် နှာမောင်း
၃။ သမင် မျက်လုံး
၎။ မြင်း နားရွက်
၅။ ကြက်တူရွေးလျှာ
၆။ စာမရီ အမြီး
၇။ ကျား ပါးစပ်
၈။ ကြံ ချို
၉။ ခြူး (ငါးကြင်း)ကိုယ် တို့ဖြစ်သည်။
ထို့ကဲ့သို့ ထူးခြားသော စွမ်းအင်ရှိသည့် အစိတ်အပိုင်းများကို တစ်ကောင်းတည်း ဖြစ်အောင် ပေါင်းစပ် ထားခြင်းမှာလည်း  ဗျာလ၏ ထူးခြားမှုကို ရည်ညွန်းထားသည့် အဓိပ္ပါယ်ဖြစ်သည်။ ဗျာလတွင်ပါရှိသည့် အစိတ်အပိုင်းများ အနက် ကြက်တူရွေးလျှာသည် စကားပရိယာယ် ကြွယ်ဝခြင်း လည်းကောင်း၊ ဒေါင်းအမြီးသည် လှပတင့်တယ်ခြင်းကို လည်းကောင်း၊ မြင်း နားရွက်သည် အကြားအာရုံ ထက်မြတ်ခြင်းကို လည်းးကောင်း၊ သမင် မျက်စိသည် အမြင်အာရုံ စူးရှခြင်းကို လည်းကောင်း၊ ခြူးတို့၏ ကိုယ်ထည်သည် လျင်မြန် ဖျက်လတ်ခြင်းကို လည်းကောင်း၊ ကြံ့ ချို၊ ခြင်္သေ့၊ လက်ဝါး၊ ဆင်နှာမောင်းတို့သည် စွမ်းအင်ကြီးမာခြင်းတို့ကို လည်းကောင်း အသီသီး ကိုယ်စားပြုပါသည်။ အဆိုပါ သတ္တ၀ါ ကိုးမျိုးတို့၏ အစိတ်အပိုင်းဖြင့် တန်းဆာဆင်အပ်သော သတ္တ၀ါအား ထားရှိခြင်းဖြင့်  “အဗျာလော- ဘေးအပေါင်း ကို မဖြစ်စေတတ်ဘဲ၊ လာလော- လာဘ်လာဘကိုသာ ဖြစ်စေတတ်၏ ” ဟု ရခိုင်လူမျိုးတို့ ယုံကြည်ထားကြသည်။ ဗျာလကို ရခိုင် ဝေသာလီခောတ် သာသနိက အဆောက်အအုံများတွင် စတင်တွေ့ရှိရသည်။ ယင်းထက် ရှေးကျသော ရုပ်ထုများလည်း ရှိကောင်းရှိနိုင်ပါသေးသည်။ မင်္ဂလာအခမ်းအနားများ၌ သုံးစွဲသော အသုံးအဆောင် ပစ္စည်းများတွင် အနည်းငယ် တွေ့ရှိရပါသည်။ ရခိုင်လူမျိုးတို့၏ ရှေးဟောင်း အထိမ်းအမှတ် တစ်ခုဖြစ်သော “န၀ ရူပ ဗျာလ” ကို ကျောင်းကန်၊ စေတီ ပုထိုးများတွင် လည်းကောင်း၊ ထင်ရှားသော အဆောက်အဦးများတွင် လည်းကောင်း စွမ်းအင်ကိုးမျိုး ပေါင်းစု ထားသော အစောင့်အရှောက် သတ္တ၀ါအဖြစ် ထားလေ့ရှိပါသည်။ ။

Thursday, December 30, 2010

နှမလက်လျော့ နေလေတော့

                                     မကလျာသို့ အိပ်ဖွင့်ပေးစာ
 သို့ /
မကလျာ(ဇနပဒကလျာဏီ)
 ကပိလ၀တ္ထု                                                                                မှ/
                                                                                                 မင်းနန်(အရှင်နန္ဒ)
                                                                                                  သာဝတ္ထိပြည်
                                                                                                 ဇေတ၀န်ကျောင်း
မင်းနန်အပေါ် တွယ်ငြိမိခဲ့တဲ့ ကလျာရဲ့ သမုဒယတွေကြောင့် ဆင့်ပွားဖြစ်ပေါ်နေတဲ့ သောကတွေကို ငြိမ်းအေးစေရန် ရည်ရွယ်ရင် မင်းနန်း စာရေးလိုက်ပါတယ် ကလျာ… သည်စာမှာပြောခဲ့သော ကလျာနဲ့ ခွဲခွာခဲ့ရပြီး ရက်အနည်းငယ် အတွင်းမှာ လုံးဝမျော်လင့် မထားဘဲ ရရှိခဲ့တဲ့ ငြိမ်းအေးမှုတွေကို ပူဆွေးသောက ရောက်နေရှာတဲ့ ကလျာ့အတွက် ခွဲဝေပေးလိုက်တာပါကလျာ၊ မင်းနန်ကိုယ်တိုင် စာလာမပေးဘဲ ရွှေကျေးတမာလေးကို စာလွှာပါးလိုက်တာကလဲ အကြောင်းရှိပါတယ်၊ အဲဒါက ဘာလဲဆိုတော့ ပြောင်းလဲသွားတဲ့ မင်းနန်ကို ကလျာပြန်မြင်လိုက်ရင် ပိုပြီးတော့ နင်ကျည်းသွားလိမ့်မယ်၊ မင်းနန်ရှင်းရှင်းဘဲ ပြောလိုက်ပါမယ်၊ “ကလျာမျှော်လင့်ထားတဲ့ သံယောဇဉ် အကြင်နာမျက်ဝန်းလေးတွေ မခွဲနိုင်မခွာရက် ချည်နှောင်ရစ်တွယ်ထားတဲ့ သမုဒယကြိုးမျှင် ” ဆိုတာတွေဟာ မင်းနန်ရဲ့ ရင်ထဲမှာရော နှလုံးသားမှာပါ ဘာမှ မရှိတော့ဘူး ကလျာ၊ သည်လို သံယောဇဉ်တွေ မရှိတော့လို့ မင်းနန် ၀မ်းနည်းမယ်ထင်သလား? လုံးဝပါပဲ ကလျာ၊ မင်းနန်ရဲ့ သဏ္ဍာန်မှာ ပူဆွေးခြင်း (သောက) တက်မက်ခြင်း (တဏှာ)တွေဆိုတာ ကင်းရှင်းသွားပြီမို့ အနှိုင်းမဲ့ ငြိမ်းအေးမှုသဘောတရားတွေဘဲ ရှိတော့တယ်၊ ကလျာကိုစွန့်လွတ်ပြီးမှ ရရှိခဲ့တာမို့ စွန့်လွှတ်ခြင်းရလဒ်(နှမလက်လျော့နေလေတော့)လို့လည်း ခေါ်နိုင်ပါတယ်၊ သည်လိုငြိမ်းအေးခြင်း ချမ်းမြေ့ခြင်းတွေက ကလျာဆီကို ကူစက်စေချင်တာဟာ ‘ ရက်စက်၍ အသဲခွဲသူ ’ လို ကလျာသတ်မှတ်ထားမဲ့ ‘ယောက်ျားကောင်း မင်းနန် ’ ရဲ့ စေတနာတွေဆိုတာ စာကိုဆုံးအောင် ဖတ်ပြီးရင် ကလျာသဘောပေါက်လာမယ်လို့ မင်းနန်ယုံပါတယ်လေ။
ကလျာနဲ့ စတင်ခွဲခွာရတဲ့ နေ့တုန်းကဆိုရင် ကလျာလိုဘဲ မင်းနန်လဲ ရင်ထဲမချိအောင်ကို ခံစားခဲ့ရတာပါ၊ မင်းမျိုး မင်းနွယ် နဲ့ လူကုန်ထံတွေရဲ့ ရှေ့မှောက်မှာ ခမ်းနားစွား ကျင်းပယ့် စေ့စပ်ပွဲဟာ ဘယ်လောက်ထိ ထည်ဝါနေမယ်ဆိုတာ ကလျာရော မင်းနန်ပါ သိထားကြတာဘဲ၊ ပြီးတော့ စေ့စပ်ပွဲလာတက်တဲ့ သူတွေရဲ့ လက်ခုပ်သံတွေ ‘နေနဲ့လ ရွှေနဲ့မြ’ ဆိုတဲ့ ချီးမွမ်းစကားတွေဟာ မင်းနန်နဲ့ ကလျာတို့ရဲ့ စုံတွဲကို ရည်ညွန်းနေမယ် ဂုဏ်ပြုနေမယ်ဆိုတာလည်း လူတိုင်းသိနေတာဘဲလေ၊  ဒါပေမယ့် ကလျာရယ်… အဲဒီလို စေ့စပ်ပွဲကို တက်ဖို့ ကလျာအလှပြင်နေချိန်မှာဘဲ နောင်တော် ဘုရားက  ‘ ရော့ နန္ဒ ဆိုပြီး သပိတ်တော်ကို ပေးတော်မူခဲ့တယ် ’ “ဒီလောက်အရေးကြီးနေတဲ့ အချိန်မျိုးမှာတောင် နောင်တော်ဘုရားက သိရက်နဲ့ ကျောင်းတော်ကိုလိုက်ခဲ့ဖို့ ခေါ်သွားရက်တယ် ” ဆိုပြီး မင်းနန်ရဲ့ စိတ်ထဲမှာနောင်တော်ကို ပဋိဃသံယောဇဉ်လေးတွေ ဖွဲ့ခဲ့မိသေးတယ်လေ၊ ဒီအဖြစ်အပျက်တွေကို ကလျာရဲ့ အထိန်းတော် တစ်ယောက်က “သခင်မ သခင်မ မင်းနန်သပိတ်ထမ်းပြီး ဘုရားနောက်က လိုက်သွားပြီ သခင်မတို့ ဝေးကြရတော့မယ်” ဆိုပြီး ကလျာရွှေနားတော်ဆီင်္ရောက်အောင် ဆောင်ကျဉ်းပေးခဲ့တယ်မို့လား။
ဒီလိုနဲ့ သတို့သား မင်းနန်က သပိတ်လေး ပခုံးပေါ်တင်ပြီး ကျောင်းတော်ကို လိုက်အသွား ကလျာစံတော်တဲ့ အိမ်တော်ရှေ့ရောက်တော့ ခေါင်းလျှော်မပြီသေးတဲ့ မင်းနန်ရဲ့ ရွှေဖူးစာ ကလျာက အပြေးကလေး အိမ်ရှေ့ထွက်လာပြီး “မောင်တော် အချိန်မှီ ရောက်အောင် အမြန်ပြန်ခဲ့နော် ” ဆိုပြီး မှာလိုက်သေးတယ်လေ၊ အဲဒီကလျာရဲ့ နှလုံးသားဆီက ထွက်ပေါ်လာတဲ့ စကားသံလေးဟာ မင်းနန်ရဲ့ အသည်းမှာ နက်နက်ရှိုင်းရှိုင်း နေရာယူထားခဲ့တယ်လေ၊ ဒီနေရာမှာ နောင်တော် ဘုရားမဟုတ်ပဲ တစ်ခြားတစ်ယောက်သာဆိုရင် “ မင်းမျိုးမင်းနွယ် ” ဆိုပြီး အာဏာပါဝါတွေသုံးပြီ မင်းနန်နဲ့ ကလျာကို စိတ်ဆင်းရဲ့အောင်လုပ်မှုနဲ့ အကြီးလေးဆုံး ပြစ်ဒဏ်ပေးမိမှာ အမှန်ပါဘဲ ကလျာ၊ ဒါပေမယ့် ကလျာသိတဲ့အတိုင်းဘဲလေ.. မင်းနန်ရဲ့ နောင်တော် ဖြစ်ရုံသာမက လောကလူသားအားလုံး ဝေနေယျ သတ္တ၀ါအားလုံးက ဦးညွန်ရတဲ့ သုံးလောကထွဋ်ထား ရှင်တော်ဘုရားဖြစ်တော်မူနေတယ်လေ၊ ဘယ်ငြင်းရဲပါ့မလဲ ကလျာရယ်။ ကလျာကို ပိုင်ဆိုင်ခွင့် ရယုံတင်မက တိုင်းပြည်အုပ်ချူပ်မဲ့ ဘုရင်နေရာပါ မကြာခင်ရမဲ့ အခွင်းအရေးတွေအားလုံးကို လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ မင်းနန်ရဲ့ ရင်ထဲ ဘယ်လောက်ထိ မချိတင်ကဲ ဖြစ်နေမယ်ဆိုတာ နောင်တော်လည်း သိနေမှာဘဲ ကလျာ၊ ဒါပေမယ့် ဒီအကြောင်းတွေနဲ့ ပတ်သတ်လို့ တစ်ခွန်းတစ်စမှ နောင်တော်အရှင်မြတ်က မေးတော်မမူခဲ့ဘူးကလျာရယ်၊ စကြာဝတေးမင်းအဖြစ်ကို စွန့်လွှတ်ယုံတင်မက မိဖုရား ယသော်နဲ့ ရွှေသားတော် ရာဟုလာတို့တထွေကို စွန့်လွတ်ပြီး ငြိမ်းအေးခြင်းရွှေနန်းနိဗ္ဗာန်ကို ရှာဖွေနိုင်တဲ့ ပုရိသုတ္တမ ဖြစ်နိုင်ခဲ့တဲ့ နောင်တော့်ကို ကြည်ညိုလေးစားပြီး အားကျပေမယ့် မင်းနန်ကတော့ ကလျာ့အပေါ်နှောင်ဖွဲမိနေတဲ့ သံယောဇဉ်ကျော့ကွင်း အချုပ်အခြာတွင်းက လွတ်မြောက်သွားမှာဘဲ စိုးရွံ့ထိတ်လန့်နေခဲ့တယ်လေ၊ နောက်ကျမှဘဲ ဒါတွေဟာ မောဟတွေပါလားဆိုတာ သိခဲ့ရတယ်ကလျာ၊ ကျောင်းတော်ကို ရောက်ပြီး သုံးရက်မြောက်နေ့မှာဘဲ လုံးဝထင်မှတ်မထားတဲ့ မေးခွန်းနဲ့ မင်းနန်ကို မေးတော်မူလိုက်တယ် “မင်းနန် မင်းသင်္ကန်းဝတ်နိုင်မလားတဲ့” အဲဒီအချိန်မှာ မင်းနန်သိပ်စိတ်ညစ်နေတယ် ကလျာ၊ ကလျာနဲ့ ခွဲခွာရတဲ့အသိ မလိုက်ချင်ပေမယ့် နောင်တော်ရဲ့ ကြီးမြတ်လွန်းတဲ့ အရှိန်အ၀ါကြောင့် ကျောင်းတော်ကို လိုက်ခဲ့ရတဲ့ အဖြစ်အပျက်၊ ပြီးတော့ အိမ်ရှေ့ပြတင်းပေါက်ဝကနေ “မောင်တော် အချိန်မှီ ပြန်လာနော်” ဆိုတဲ့ ကလျာရဲ့ အသံလေး အခုကျပြန်တော့လည်း “မင်းနန် မင်းသင်္ကန်းဝတ်နိုင်မလားတဲ့” လောကကြီးကဘဲ မတရားတာလား မင်းနန် နဲ့ကလျာတို့ကဘဲ ဆုံဆည်းခွင့်ကံချွတ်ယွင်းခဲ့လေသလား၊ နောင်တော်ဘုရားရဲ့ အရှိန်အ၀ါကို မလွန်ဆန်ဝံ့လို့လား၊ မင်းနန်ကိုယ်တိုင်ကဘဲ သိပ်တွေဝေနေလို့လားမသိဘူး “ ၀တ်နိုင်ပါတယ် ရှင်တော် ဘုရား ” ဆိုပြီး ခေါင်းညိတ်မိရက်သား ဖြစ်သွားတယ်လေ၊ ဒါနဲ့ဘဲ သတိုးသား မင်းနန်ဘ၀ကနေ ဦးဇင်းနန္ဒ ဖြစ်သွားတယ်လို့ပဲ အကျဉ်းချုံးပြောကြပါစို့ ကလျာရယ်။ ။
။အဲဒီလို မင်းနန် ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဖန်ဝါရောင်သင်္ကန်း ဆင်မြန်းထားရပေမယ့် ရင်ထဲမှာတော့ သိပ်ကြေကွဲနေခဲ့တယ် ကလျာ၊ အဲဒီလို ကြေကွဲမှုတွေနဲ့ ကလျာ့ကို လွမ်းဆွမူတွေ မင်းနန်ကို လွှမ်းမိုးထားလေတော့ ဦးဇင်း ကိုရင်တွေရဲ့ ရှေ့မှောက်တောင် ဣနြေ္ဒသိက္ခာတွေ မထိမ်းနိုင် အသိမ်းနိုင် တမှိုင်မှိုင်တထွေထွေ ဖြစ်နေ ခဲ့တယ်လေ၊ သည်လိုဖြစ်ပျက်နေတဲ့ မင်းနန်ရဲ့ ရုပ်ပုံလွှာကို ကြည့်ပြီးတော့ အခြားသော ဦးဇင်း တွေ က မင်းနန်အနား လာပြီးတော့ “မင်းနန် သင်္ကန်းဝတ်ရတာ မပျော်လို့လားတဲ့” မင်းနန် တစ်ခါ တည်း အဖြေ ပေးလိုက်တယ် “ဟုတ်ပါတယ် လုံးဝမပျော်ဘူးဘုရားလို့”၊ သည်အကြောင်းကို ဦးဇင်းတွေက နောင်တော် ဘုရားကို သွားရောက်လျှောက်ထားကြတယ်လေ၊ အဲဒီတော့နောင်တော်ဘုရားက ခေါ်ပြီးတော့ မေးတော့ တာပေါ့၊ “မင်းနန် သင်္ကန်းဝတ်ရတာ မပျော်ဘူးလို့ ကြားတယ် ဟုတ်ရဲ့လားတဲ့” “ သည်တစ်ကြိမ်လည်းဘဲ ဟုတ်ပါတယ်ဘုရား” လို့ ဖြေလိုက်တယ်၊ နောင်တော်က “ဘာကြောင့် မပျော်တာ တုန်းတဲ့ ”  မင်းနန်ရဲ့ ရင်ထဲက အစိုင်အခဲတွေကို ရှိရင်းအတိုင်း ပြန်လျှောက်လိုက်တာပေါ့  “သပိတ်ထမ်းပြီး ကျောင်းကို လိုက်လာ ခဲ့နေ့တုံးက ဘုရားတပည့်တော်ရွှေဖူးစာ ကလျာရဲ့  “ မောင်တော် အချိန်မှီပြန်ခဲ့နော် ” ဆိုတဲ့ စကားလေးကို တသသလွမ်းဆွ သတိရနေတယ်ဘုရား” လို့၊ မင်းနန်ရဲ့ အဖြေကိုကြားရတော့ နော်တော်ဘုရားက ဘာစိတ်ကူးပေါက်တယ် မသိပါဘူး မင်းနန်ရဲ့ လက်မောင်းကို ကိုင်ပြီး နော်တော်ပိုင်ဆိုင်ထားတဲ့ တန်ခိုး တွေသုံးပြီး နတ်ပြည်ကို သွား စို့ ဆိုပြီင်္း ဆွဲခေါ်သွားခဲ့တယ်၊ နတ်ပြည်ကိုအသွား  ယာခင်းတစ်ခုကို ရောက် တော့ နောင်တော်ဘုရားက ဘာကိုရည်ရွယ်မှန်းလည်း မသိရဘဲနဲ့ ယာခင်းထဲ မီးလောင်ငုတ်ပေါ်မှာ ထိုင် နေတဲ့ ရုပ်းဆိုးလွန်း အကျည်းတန်လွန်းတဲ့ မျောက်အိုမကြီးကို မြင်ပြန်တော့ “မင်းနန် ဟိုး ခပ်လှမ်း လှမ်း က သစ်ငုတ်ပေါ်ထိုင်နေတဲ့ မျောက်အိုမနဲ့ မင်းသိပ်ချစ်တယ်ဆိုတဲ့ မင်းရဲ့ ရွှေဖူးစာ ကလျာနဲ့ နှိုင်းယှဥ်လိုက် မယ်ဆိုရင် ဘယ်သူက ပိုလှသလဲတဲ့ ”၊ မေးရက်လိုက်တာလေ … အဲဒီလိုကြားလိုက်ရတော့ “နိုင်းရက် လေ ခြင်း” ဆိုပြီး နောင်တော်ကို ရစ်ဖွဲထားမိတဲ့ ပဋိဃသံယောဇဉ်ကြိုးတွေက ပိုပြီးတော့ တင်းမာ သွားမိ တာ တော့ အမှန်ပါဘဲ ကလျာ၊ မလိုက်ချင်တဲ့ မင်းနန်ကို ကျောင်းတော်ကို လိုက်ခဲ့ဖို့ ခေါ်သွားရုံတင်မက မင်းနန် ရဲ့ ကွမ်းတောင်ကိုင်မလေး ကလျာကိုမှ မျောက်အိုမနဲ့ နှိုင်းရသတဲ့လေ၊ ဒီတစ်ကြိမ်းတော့ မင်းနန်ရင်ထဲမှာ တင်နေတဲ့ အကျိတ်အခဲလေးတွေ ပြေရော့သွားအောင်တော့ ရုတ်ချည်းပြောမိလိုက်တာပါဘဲ “ ကလျာက ပိုလှပါတယ်ရှင်တော်ဘုရား” လို့၊ ဟုတ်တယ်လေ… ဇနပုဒ်ရွာမှာနေကြတဲ့ လူပျိုလေးတွေတိုင်က ပိုင်ဆိုင်ခွင့် ရချင်တဲ့ ကွမ်းတောင်ကိုင်မလေး ကလျာကိုမှ ရုပ်ဆိုး အကျည်းတန်လွန်းတဲ့ မျောက်အိုမကြီးနဲ့ နှိုင်းပြီး ဖြေ ခိုင်းရသတဲ့၊ တကယ့်ကို ရင်ထဲကြေကွဲသွားတာတော့ အမှန်ဘဲကလျာရယ်။
                      ဒီတစ်ကြိမ်တော့ ခွင့်လွတ်ပါ
သည်လိုနဲ့ ရှေ့ခရီးဆက်သွားတဲ့ခါကျတော့ တစ်လောကလုံးမှာရှိတဲ့ အလှအပမှန်သမျှတွေကို ပိုင်ဆိုင်ထားကြတဲ့ မင်းသမီးချောလေး ငါးရာကို တွေ့မြင်ခဲ့ရတယ် ကလျာ၊ အဲဒီမင်းသမီးတွေအားလုံးက ဘယ်လောက်ထိလှပါသလဲ ဆိုတဲ့ မေးခွန်းတော့ မင်းနန်ကို မမေးပါနဲ့ ကလျာရယ်… ဘာဖြစ်လို့လဲဆိုတော့ အခုမင်းနန်တွေ့ခဲ့ရတဲ့ မိန်းမချောလေးတွေကို နှိုင်းယှဉ်လို့ရအောင် လှပတဲ့အလှ မင်းနန်ရဲ့ ဘ၀တစ်သက်မှာ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးလို့ပါဘဲ၊ အသားအရည်းလေးတွေက အဖြူရောင်ပေါ် အနီရောင်လေးတွေယှက်သန်းပြီး ပန်းရောင်သဏ္ဍာန်လေးတွေသန်းနေတဲ့ နှာတံလေးတွေ မျက်လုံးမျက်ခုံးလေးတွေရဲ့ ညွတ်ကွေးပုံ သူ့နေရာနဲ့သူ ပေါင်းစပ်ဖွဲ့စည်းထားပုံတွေက နှိုင်းရက်စရာမရှိအောင်ပါဘဲ ကလျာရယ်၊ ကလျာလှသလို သူတို့တွေရော လှရဲ့လားလို့ ကလျာမေးချင်မေးပါလိမ့်မယ်၊ ဖြေရမှာတော့ အားနာပါတယ် ကလျာ၊ အခုတွေ့နေရတဲ့ အလှမယ်လေးတွေနဲ့ ကလျာကို နှိုင်းယှဉ်လိုက်မယ်ဆိုရင်လေ လမ်းခရီးမှာ တွေ့ခဲ့တဲ့ အကျည်းတန် မျောက်အိုမကြီးဟာ ကလျာ့နဲ့ သိပ်တူတယ်ဆိုတဲ့ အဖြေကိုဘဲ မင်းနန်ဖြေပါရစေ ကလျာရယ်။

အသက်ရူဖို့မေ့နေတဲ့ မင်းနန်ရဲ့အဖြစ်ကို နောင်တော်ဘုရားက သိသွားတယ်ထင်ပါရဲ့“ မင်းနန် မင်းအနေနဲ့ သည်မိန်းမချောလေးတွေကို လိုချင်တယ်ချင်ရင် သာသနာအတွင်းမှာ မင်းပျော်အောင်နေပါ သူတို့လေးတွေကို ရဖို့အတွက် နောင်တော်တာဝန်ယူပါတယ်တဲ့ ”  ကြည့်စမ်းပါဦး ကလျာ၊ အခု ကလျာကြားလိုက်ရ သိလိုက်ရတဲ့အတိုင်းဘဲ … သည်လိုစကားကြားလိုက်ရတယ်ဆိုရင်ဘဲ မင်းနန်က ရှေ့နောက် မတွေးတော့ဘဲ “ မှန်ပါဘုရား နောင်တော်ကသာ သည်မိန်းကလေးချောလေးတွေကို ရဖို့တာဝန်ယူတယ်ဆိုရင် ဘုရားတပည့်တော် မင်းနန် အခုအချိန်ကစပြီး ပျော်ရွှင်စွာနဲ့ နေပါတော့မယ်ဘုရားလို့ ” ၀မ်းမြောက်စွာ အဖြေပေးခဲ့တယ်လေ ကလျာ။
ဒီလိုမျိုးစကားကို မင်းနန်ဆီက ကြားရတယ်ဆိုရင်ဘဲ နောင်တော်ဘုရားက မင်းနန်ကိုဆွဲခေါ်ပြီးတော့ မင်းနန်တို့နေထိုင်ရာ ဇေတ၀န်ကျောင်းတိုက်တွင်း ရေပန်းအစားဆုံးလာတာတွေ့ရတယ် ကလျာ၊ ပြီးတော့လည်း ပြောသေးတယ်  “ မင်းနန်က မိန်းမချေားလေး ငါးရာကိုရဖို့ သင်္ကန်းဝတ်ရတာပျော်တယ်၊ သူ့ရဲ့တော်ဖြစ်တဲ့ မြတ်ဗုဒ္ဓက သူလိုချင်တာရဖို့ တာဝန်ယူထားသတဲ့ ”  စသဖြင့် အမျိုးမျိုး ဝေဘန်ကြတယ်၊ သူတို့ပြောတာ မှန်ပေမယ့် ကြားရဖန်များလာတော့ မင်းနန်ရှက်လာတယ် မျက်နှာပူလာတယ်၊ သည်လိုတွေ ကြားနေရတော့ မင်းနန် ဘယ်သူနဲ့မှ စကားလည်းမပြာ အတွေ့လည်း အခံတော့ဘဲ စိတ်တွေလေမလွင့်အောင် ကြိုးစားလိုက်တာ မကြာခင်မှာဘဲ ချည်နောင်ခံနေရတဲ့ သံယောဇဉ်တွေ ကလျာနဲ့ လက်ထပ်ခွင်းမရလို့ ပူဆွေးနေတဲ့ သေက ဗျာပါဒတွေ ဘာလုပ်လို့ လုပ်ရမှန်း မသိအောက်တွေဝေစေတဲ့ မောဟဆိုတာတွေဟာ မင်းနန်ရဲ့ ရင်ထဲ ဘာမှကို မကြံတော့အောင် ထွက်ပြေးလွင့်ပျောက်ကုန်တယ်လေ၊ မင်းနန်ကိုယ်တိုင်ကလည်း မင်းနန်ကို ကလျာတို့ အကြာခဏ ကြားဖူးနေတဲ့ “ ရဟန္တာ အရှင်သူုမြတ် ”ဆိုတဲ့ စာရင်းထဲမှာ မင်းနန် တစ်ပါးအပါအ၀င် ဖြစ်ခဲ့ရတော့တာပါဘဲ ကလျာ။ တကယ်န်းကျတော့ မင်းနန်ရလိုက်တဲ့ ငြိမ်းချမ်းမှုတွေဟာ လူရောနတ်ပါ သာဓုခေါ်စရာတွေပါဘဲ ကလျာ၊ ညချမ်းကာလ အခါသမယရောက်တော့ သည်အကြောင်းတွေကို နတ်မင်းဒေ၀ါတွေက နော်တော်ဘုရားဆီ ရောက်လာပြီး  “မင်းနန်လည်း ရဟန္တာဖြစ်သွား” ဆိုတဲ့ အကြောင်းလျှောက်တင်ကြတယ်လေ၊ နောင်တော်ဘုရားကလည်း ထက်မြတ်တဲ့ ရွှေဥာဏ်တော်နဲ့ မင်းနန် ရဟန္တာဖြစ်သွားပြီဆိုတာ သိတော်မူလိုက်တယ်၊ မင်းနန်ကိုယ်တိုင်၌ကလည်း နော်တော့်ထံသွားပြီး “ နောင်တော်ယူပေးမဲ့ မိန်းမချောတွေကို မင်းနန် မလိုချင်တော့တဲ့အကြောင်း”  သွားရောက်လျှောက်ထားလိုက်တော့မယ်၊ လိုချင်တယ်ဆိုတဲ့ သဘောက ဘ၀ကို သံသရာတွင်း နစ်မွန်းစေတယ်ဆိုတာ သိလိုက်ရပြီကိုး၊ ဒါကြောင့်လည်း မင်းနန် မလိုချင်တော့တာပါ၊ သည်လိုမျိုး မင်းနန်ရဟန္တာဖြစ်ကြောင်းကို သိလိုက်ရလို့ နော်တော်ဘုရားကတောင် ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာအဖြစ်နဲ့…
 “ ကာမဂုဏ်ရွှံ့နွံကို ပယ်ကာစွန့်
    ဆူးငြောင့်တန်သင်းကို သူခုတ်ထွင်
     တွေဝေခြင်းတွေ ပယ်ကာသတ်
     သူသည်သညအရှင်မြတ် သူသည်သာရဟန္တာ
      ချမ်းသာကို မနှစ်သက် ဆင်းရဲ့ကိုလည်း သူမပူ
      သည်အပူ သည်ကွန်ယက်က
      သူမြတ်ကို မကိုင်လှုပ်နိုင်
      မယိမ်းယိုင် မပြိုလဲပြီမို့
ကိလေသာ သည်ညစ်ဆိုးဆီက လွန်မြောက်သူ”… ဆိုပြီး ရဟန်းသံဃာတွေ့ရဲ့ ရှေ့မှောက်မှာ မင်းနန်ကို ဂုဏ်ပြုလိုက်သေးတယ် ကလျာ၊ အခုလို မင်းနန်ရလိုက်တဲ့ စိတ်ချမ်းမြေ့မူတွေဟာ ကလျာ့ရဲ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီးနေရတဲ့ ငြိမ်းချမ်းမှုနဲ့ ဘာမှကို မဆိုင်ဘူး ကလျာ၊ တကယ့်ကို ဘာမှ အဆိုင်လွန်းတာပါ၊ တကယ်တန်း ဆန်းစစ်ကြည့်မယ်ဆိုရင် ကလျာ့နဲ့ မင်းနန်တို့ တစ်ယောက်ကိုတစ်ယောက်ထားရှိနေတဲ့ မေတ္တာတွေ အကြင်နာတွေဆိုတာဟာ ပူလောင်ခြင်း တက်မက်မူတွေနဲ့ ဖုံးလွမ်းရောယှက်နေတာပါဘဲ ကလျာ၊ တပ်မက်မှုရာဂတွေ ငြိမ်းအေးခြင်း မေတ္တာအဖြစ် သရုပ်ဆောင်ထားကြတာပါ။

ကိုယ်တိုင်ခံစားဖူးမှ သိရမဲ့ အနှိုင်းမဲ့ တရားတွေဖြစ်လို့လဲ ကလျာကို အသိပေးလိုက်တာပါ ကလျာ၊ အကယ်၍များ မင်းနန်နဲ့ ကလျာတို့ ပေါင်းစပ်ခွင်းရခဲ့ရင်တော့ သည်လိုမျိုး စစ်မှန်တဲ့ ငြိမ်းအေးခြင်းတွေကို မင်းနန် လက်လွှတ်ဆုံးရှုံးလိုက်ရမှာပါဘဲလေ၊ မင်းနန်ရဲ့ ပါရမီဖြည့်ဖက် ကြင်ယာတော် လုပ်မယ်ဆိုတဲ့ ကလျာ့ရဲ့ ရည်မှန်းချက်လေးကို ငဲ့ပြီး သည်လိုစကားတွေ သည်လိုဓမ္မစာစောင်လေးတွေ ပို့လိုက်တာပါ၊ မင်းနန် အဓိကဆိုလိုချင်တာကတော့ “ စွန့်လွှတ်ခြင်း ” ဆိုတဲ့ စကားတစ်လုံးရဲ့ အဓိပ္ပါယ်ပါဘဲ ကလျာ၊ အခုမင်းနန်ရရှိလိုက်တဲ့ အနှိုင်းမဲ့ ငြိမ်းချမ်းခြင်းဆိုတာဟာ ကလျာ့ကို စွန့်လွှတ်လိုက်လို့ ရလာတာပါဘဲ၊ ကလျာစဉ်းစားကြည့်လေ… အကယ်၍များ မင်းနန်နဲ့ ကလျာတို့ ဆုံဆည်းခွင့်ရခဲ့မယ်ဆိုရင် ပူလောင်ခြင်း တွေဝေခြင်းတွေနဲ့ဘဲ ဘ၀ကိုဖြတ်သန်းသွားကြရမှာ၊ တိုင်းပြည်အုပ်ချုပ်မင်းရတယ်ဘဲထား ကိုယ်အသက်ကို ကာကွယ်ရမဲ့ အကြောင့်ကြခြင်းတွေ တိုင်းပြည်အေးချမ်းအောင် စီမံခန့််ခွဲရတဲ့ ပင်ပန်းမှုတွေ ဒါတွေဟာ “ပျော်ရွှင်ခြင်း” ဆိုတဲ့ ရသကို ဖော်ဆောင်ပေးနိုင်ပါ့မလား ကလျာ၊ မင်းနန်ရဲ့ စကားတွေကို ယုံပါလို့တော့ အတင်းမတိုက်တွန်းချင်ပါဘူး၊ လွတ်လပ်စွာ သဘောထားကွဲလွှဲခွင့်တွေက လူတိုင်းမှာရှိနေတာဘဲလေ။

ဒါပေမယ့် ကလျာ… မှန်ကန်တဲ့ စွန့်လွှတ်မှုဆိုရင်တော့ မင်းနန်ရတဲ့ ငြိမ်းအေးခြင်းတွေကို ကလျာလည်း ရမယ်ဆိုတာ မင်းနန် ရဲရဲဝံ့ဝံ့ အာမခံပါတယ်၊ ဇာတ်တော်တွေကို ပြန်သုံးသပ်ကြည့်လိုက်မယ်ဆိုရင်လဲ   “ဘဏ္ဍာတိုက်ကိုဖွင့်ပြီး ရွှေငွေ ကျောက်သံပတ္တမြားတွေကို အပြုံမပျက် စွန့်လွှတ်ဖူးတဲ့ ကဏှရသေ့ ” ပြီးတော့  “မယ်မဒီနဲ့ ရင်နှင့်သည်းချာ ဇာလီနဲ့ ကဏှာကို မေတ္တာတရား ခေါင်းပါးလွန်းတဲ့ ပုဏ္ဏားလက်ထဲကို ၀ကွက်အပ်ကာ စွန့်လွှတ်ခဲ့တဲ့ မင်းဝေဿံ ”  “ရာထူးဂုဏ်သိမ် သူဌေးစည်းစိမ်းတွေကို သံသရာမီးတွေဆိုပြီး စွန့်လွှတ်လိုက်ကြတဲ့ ဥပတိဿနဲ့ ကာလိတ ”  စတဲ့ စတဲ့ ပါရမီရှင်တွေဟာ စွန့်လွှတ်ခြင်းနဲ့ဘဲ စစ်မှန်သော ချမ်းမြေ့မှုကို ရရှိသွားကြတာဘဲ… ကလျာယုံအောင် သက်သေအထောက်အထားတွေ ပြရမယ်ဆိုရင်တော့ ပြောလို့မကုန် ရေးလို့ဆုံးမှာ မဟုတ်ဘူးကလျာ၊ ဝေးဝေးမကြည့်ပါနဲ့… သဗ္ဗညုတ ရွှေဥာဏ်တော်ကို ပိုင်ဆိုင်ခွင့် ရဖို့အတွက် ဖြည့်ဆည်းရမယ့် ပါရမီဆယ်ပါးထဲက နံပါတ် တစ်ကိုဘဲ ကြည့်လိုက်ပါ၊ “လှူဒါန်းခြင်းဖြင့် ဖြည့်ဆည်းမှု” ဆိုတဲ့ ဝေါဟာရတစ်ခုကို တွေ့ရမှာပါ၊ သည်စကားတစ်ခွန်းရဲ့ ရလဒ်ကိုလည်း ကြည့်လိုက်စမ်းပါ၊ စကြာဝဠာတိုက်တစ်သောင်းက ဝေနေယျမှန်သမျှ ဦးညွတ်ရတဲ့ မင်းနန်ရဲ့ နောင်တော်ကို “သဗ္ဗညုတ ရွှေဥာဏ်ရှင် အဖြစ်လောကသား အားလုံးက အသိအမှတ်ပြုရတဲ့ မြတ်ဗုဒ္ဓဖြစ်တော်မူခဲ့တယ်လေ၊ ဒါတွေအားလုံးဟာ နည်းမှန်လမ်း ရည်ရွယ်ချက် မှန်ကန်စွာနဲ့ စွန့်လွှတ်ခြင်းရဲ့ ရလဒ်တွေပါဘဲ ကလျာ”  စွန့်လွှတ်ခြင်းရဲ့ ရလဒ်ကောင်းတွေဟာ မင်းနန်တို့ ပုရိသတွေဘဲ ပိုင်ဆိုင်ခွင်းရကြတာ မဟုတ်ပါဘူး ကလျာ၊ မိဘုရား အနော်ဇာဟာလည်း မင်းဘုရင် ကပ္ပိန စွန့်လွှတ်သွားတဲ့ မင်းစည်းစိမ်တွေကို တက်မက်မှုမရှိခဲ့တဲ့အပြင် “သူထွေးသွားတဲ့ တံတွေးတွေကို ငါလိုမိဖုရား တစ်ယောက်က ဘာလို့ တွယ်ဖက်နေရမှာလဲ သည်လိုရုပ်ဝတ္ထုပစ္စည်းတွေဟာ မင်းဘုရင် ကပ္ပိနကို ဒုက္ခပေးရုံတင်မက မိဖုရား ငါအနောဇာကိုလည်း ဆင်းရဲ့စေတာပါပဲ၊ ပြီးတော့လည်း သူကဖန်ဝါရောင်သင်္ကန်း ဆင်မြန်းဖို့ မြတ်ဗုဒ္ဓဆီကို သွားခဲ့ပြီ၊ ငါလည်း သာသနာနွယ်ဝင် ဘိက္ခုနီဝတ်တော့မယ်” ဆိုပြီး အခြံအရံတော် ငါးရာနဲ့အတူ သာသနာ့ဘောင်တွင်းသက်ဆင်းပြီး အနှိုင်းမဲ့ ငြိမ်းအေးမှုတွေကို ရခဲ့တဲ့ သာဓကတွေဟာ ကလျာတို့လို မိန်းမသားတွေအတွက် အားတတ်စရာတွေ အတုယူစရာတွေဘဲပေါ့ ကလျာရယ်။
          
 နောက်ဆုံး မင်းနန်တိုက်တွန်းလိုက်ပါရစေ ကလျာ… “ စွန့်လွှတ်ခြင်းကြောင့် ရရှိခြင်း၊ ရရှိလိုမှုကြောင့် စွန့်လွှတ်ခြင်း” ဆိုတာတွေဟာ လက်တွေ့ ကျင့်သုံးနိုင်သူတွေအတွက် အင်မတန်ကိုမှ တန်ဖိုးကြီးလှပါတယ် ကလျာရယ်။ ။
အနှိုင်းမဲ့ချမ်းမြေ့ခြင်းသဘောတရားတွေကို အမြန်ဆုံး ကလျာရရှိနိုင်ပါစေ။ ။

ပန်ကြားလွှာ… ဤဆောင်းပါးကို ဓမ္မဒအဋ္ဌကထာ နန္ဒ၀တ္ထုကို ကိုးကား၍ ရေးသားထားခြင်းဖြစ်ပါသည်။ ။
မင်းနန်(အရှင်နန္ဒ) နှင့်အတူ စွန့်လွှတ်သည့် စိတ်ဓာတ်ဖြင့် ဘ၀ကို ဖြတ်သန်နေကြသော သူများအားလုံးကို ဦးညွတ်ရင်းဖြင့်…………………..
                                                                                         စိုင်းမြတ်နွယ်

Tuesday, December 14, 2010

The AbbhidhammaTripitaka. P.F.101(B.P.U)2010

The Abbhidhamma is the third division of pāli cannon in the Tripitaka. The Abbhidhamma was delivered in the Tavatiṃsā of deity world by the Buddha. When the Buddha then, come down for the meal, to the human world. The Buddha preached his disciple, Sāriputtara. After that, Sāriputta preached his 500 disciple such as Battaji, and later on, revada and other disciple also learn it from their teaches from hand to hand. It took record the Abbhidhamma in the third Buddhist council. During the reign of Asoka in the 3th century B.C.

According to the development of Abbhidhamma, it is consider as excellent the fruit of the Buddhist philosophy in field of theravada and sarvastivada. But according to the various views there are so many ideas about Origin. Regarding to it, we can fine some information there are some question and appear. First did the Buddha preach himself the Abbhidhamma? Second, was there not Abbhidhamma before the first council? And third, why did the Buddha not separate as Abbhidhamma pitaka? To answer is that we cannot see particularly a part of Dhamma named as Abbhidhamma in early discourse expect only Dhamma and vinaya. But because of Abbhidhamma is also including in the Dhamma.

The name of Abbhidhamma Tipitaka, later on, occurs when his disciples collect the teaching of the Buddha because the Buddha gives his sermon to different person, different place and different time to all beings. The Abbhisdhamma was composed on the basket of sutta and based with same subject at the sutta pitaka. The pāli word Abbhidhamma is combined with two word as abhi or abha and dhamma. Abbhi or abha means ultimate.Dhamma also means teaching or doctrine. According to the this point of views,Abbhi-dhamma means ultimate teaching.

At the present time, there are seven fundamental action in Abbhidhamma books.and its commentary including Visudhimagga is written by the Budhaghosa in first half of the 5th century. At the time, so many bhikhus in Ceylon the center of southern Buddhist started the study if Abbhidhamma.The Abbhidhamma possessed from the Ceylon to suvaṇṇabhūmi (lower Myanmar, Thailand and Cambodia and so on.

Monday, December 13, 2010

The theory of kamma

The teaching of kamma is found almost in all religious schools in India during the time of the Buddha. Some schools believed that everything happens due to former kamma, everything happens due to the will of God. And some believed as everything happens without cause, they are mere accidents and coincidence s.
The Buddha rejected all these erroneous views and defines kamma as simply action or a deed. The definition of kamma in Nibedhikapariyāya Sutta says that cetanā or volition is kamma (cetanāhaṃ bhikkhave kammaṃ vadāmi), which is one of the mental properties. There is another word – chanda – which stands for wishing, desiring a result.
All deeds done through evil root causes, namely greed, hatred and delusion are morally unwholesome (akusala). The opposite root causes, namely alobha, adosa and amoha are to bring about good deeds or wholesomeness (kusala). All deeds performed through intention are complete kamma. By our thoughts, words and deeds we creat our world that we are to live in. We create our world with mind behind the physical form. Therefore „the mind is master of the world.“
The last kammic thought moment at the point of death which forms the rebirth linking consciousness, the kamma that produces.(?) Other kamma, good or bad, will come to operation at some later place, when external conditions are favorable for its ripening. The force of weak kamma may be suspended for a long time by the interposition of a stronger kamma. As a general principple all kinds of kamma bear some kind of fruit sooner or later.
One has complete control over his actions, no matter what degree other may try to force him. Yet, an unwholesome deed done under strong compulsion does not have quite the same force as one performed voluntarily. Under the threat of torture or of death, a man may be compelled to torture or kill someone else. In such a case the heaviest moral responsibility rests with those who have forced that one to the action. But in the ultimate sense he still must bear some responsibility for he could in the most extreme case avoid harming another by torturing himself or his own death.
Collective kamma also takes place when numbers of people are associated in a same kind of an action and thought (?). Mass psychology produces mass kamma. Therefore, if all such people are likely to form the same pattern of kamma, it may result the same way as they associated in the same kind of action and the same kind of experience.
The results of kamma are called vipāka. This term, kamma and vipāka and the idea they stand for must not be confused. Vipāka is pre-determined by ourselves by previous kamma, but kamma in the last moment of one's death. (?) Throughout life one may had to suffer the consequences of vipāka of the death whatever may had been the cause. But it does not prevent him from forming fresh kamma of a wholesome type to restore the balance in his next life. Furthermore, by the aid of some good kamma from the past together with strong effect and favorable circumstances in the present life the full effect of his bad kamma may be eradicated even here and now.

Origin of Buddhism (How Buddhism Originated)


When Buddhism arose there were two main religious traditions: Brāhmaṇa and Śramaṇa. The terms samaṇa-Brāhmaṇa in the suttas refer to these two traditions. The Brāhmaṇic traditions were of two levels:
(a) Vedic
(b) Upaniṣadic
Vedic-Brāhmaṇic tradition depended mainly on sacrifice Yajña also called karma. It was believed in sacrifice as in the most effective mean of security of happiness here and here-after. Therefore it was called Yajña-mārga or karma-mārga. In this tradition there was the belief in a creator God and a pantheon of other gods. The worship of them, offerings to them was the main religious practice.
The Upaniṣadic tradition is more philosophical. It believed in a universal principal called Brāhmaṇ (viṣva-ātman) which should have been the source of everything. Its counterpart was ātman (pudgda(?)-ātman). Both those were metaphysical concepts. The way to salvation was the realization of the ultimate oneness of the Brāhmaṇātman. This had to be attained through knowledge (jñāna) produced by the practice of mental concentration and observance of severe ascetic practices (aṭṭhakilamathānuyogo).
The Śramaṇa tradition opposed these beliefs. There were six famous Śramaṇa teachers:

1. Ajita (a materialist who did not believe in morality)
2. Makkhalī (inclined to materialism; completely denied personal effort and action (kiriyavāda and viriyavāda)
3. Pakudha (inclined to materialism)
4. Pūrana (inclined to materialism)
5. Sañjaya (a sceptic)
6. Mahāvīraan (an extremist who preached non-violence and kamma determinism)

Ajita was a materialist who did not believe in morality. Makkhalī, Pakudha and Pūrana were also more inclined to materialism. But Makkhalī completely denied personal effort and action (kiriyavāda and viriyavāda). Therefore it was denounced by Buddha. Sañjaya was a sceptic and Mahāvīra an extremist who preached non-violence and kamma determinism.
All these schools accepted the same kind of an entity (soul) whether metaphysical or physical and taught the release of the soul through extreme paths: Kāmasukhallikānuyogo and Attakilamatthānuyogo.
This was the religious background in which Buddhism arose. Most of these religious teachings went to extremes. The materialists went to the xtreme of sensual enjoyment, abandoning all ethics and morals. Of the eternalists most followed the extreme of self-mortification. All religious teachers accepted some kind of power or agency that influenced human affairs.
As means of salvation they used sacrifice, invocations, prayer. Almost all of them advocated a (?) outside oneself. They thought the man's problems lay outside man.
From the Dhammacakkappavattana sutta itself it is clear how the Buddha reacted to those religious teachings. He began by advising listeners to reject the two extremes. Instead of focusing attention on an outside agency, the Buddha admonished looking into oneself, to understand reality and see the inter-dependent nature of both suffering and happiness. There, instead of a god-centered teaching he presented a man-centered teaching. Instead of praying to god he advocated cleansing of the mind, for both happiness and suffering originate in mind. All these he reached in response to religious teachings of his time.





Sunday, December 12, 2010

အိမ်ထောင်ရေးမည်သော ဖိနပ်တစ်စုံ

ဖိနပ်ကို အမျိုးမျိုးသော ဝတ္ထုပစ္စည်းတွေနဲ့လုပ်ကြတယ်။ အလွယ်ဆုံးနဲ့ အရှင်းဆုံးဖိနပ်က  ငှက်ပျောရွက်နဲ့ လုပ်တာဖြစ်နိုင်သလို တန်ဖိုးအကြီးဆုံးနဲ့ အရှားပါးဆုံးက စင်ဒရဲလားရဲ့ လက်လက်ထနေတဲ့ ဖိနပ်လည်း ဖြစ်နိုင်တယ်။ ဘယ်လိုဖိနပ်မျိုးဖြစ်ဖြစ် အဓိက,က ခြေထောက်နဲ့တော်ဖို့၊ ကိုက်ညီဖို့ဖြစ်ပြီး ဘယ်လို အိမ်ထောင်ရေးမျိုးဖြစ်ဖြစ် အဓိက,က စည်းချက်ညီဖို့နဲ့ သဟဇာတဖြစ်ဖို့ပဲ ဖြစ်ပါတယ်။
 ထက်မြက်တဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ မိန်းမတို့ရဲ့ အိမ်ထောင်ရေးက နာမည်ကြီးတံဆိပ် ဖိနပ်နဲ့တူတယ်။ လှပပြီးအဖိုးတန်သလို ကြည့်လိုက်တာနဲ့ လူကိုကြည်နူးစေတယ်။ ဒါပေမယ့် တန်ဖိုးကြီးမားပြီး လှပတာကြောင့် ရွံ့အပေမခံဘူး။ ရွံ့နည်းနည်းပေတာနဲ့ ကြည့်ရရုပ်ဆိုးတာကြောင့် အမြဲတမ်းဂရုတစိုက် ပြုပြင်ထိန်းသိမ်းပေးရတယ်။ တန်ဖိုးထားရတယ်။
ငယ်ပေါင်းကြီးဖော်အိမ်ထောင်ရေးက အဝတ်စနဲ့ချုပ်ထားတဲ့ ဖိနပ်နဲ့တူတယ်။ ရိုးရှင်းပြီး တန်ဖိုးမကြီးပေမယ့် စီးလို့ကောင်းတယ်။ ကြည့်လိုက်တာနဲ့ ပေါ့ပါးပြီးသွက်လက်စေတယ်။ တခြားလူ ယူသွားမှာလည်း စိုးရိမ်စရာမလိုဘူး။ ဒါပေမယ့် စီးတဲ့အချိန် သိပ်လျောလျောရှူရှူ ဖြစ်မနေတတ်ဘူး။
ဆင်းရဲဒုက္ခကို အတူတကွဖြေရှင်းတဲ့ အိမ်ထောင်ရေးက အားကစားဖိနပ်နဲ့တူတယ်။ ပုံစံဆန်းပြီး စီးရတာလည်း သက်တောင့်သက်သာရှိတယ်။ အကောင်းဆုံးအချက်က လေဒဏ်၊ မိုးဒဏ်၊ ရွံ့နွံ့ဒဏ်ကိုခံရလည်း ဖိနပ်အောက်ခံ ပျက်စီးသွားတာမျိုး မရှိဘူး။ စီးလိုက်တိုင်း ခြေထောက်နဲ့တသားတည်း အံဝင်ခွင်ကျဖြစ်နေတတ်တယ်။ ဒါကြောင့် ဘယ်လိုဆူးခင်းလမ်း၊ ခရောင်းတောလမ်းပဲဖြစ်ဖြစ် ခြေထောက်ကို မပွန်းပဲ့စေဘဲတာရှည်ခိုင်မြဲစေပါတယ်။
ရိုမန်တစ်ဆန်တဲ့ အိမ်ထောင်ရေးက အကဖိနပ်နဲ့တူတယ်။ ပေါ့ပါး၊ တက်ကြွပြီး ကြော့ရှင်းတယ်။ ဒါပေမယ့် ပြောင်ချောတဲ့ အကခွင်ကြမ်းပြင်ကခွါတာနဲ့ ဒီလိုဖိနပ်မျိုးက စီးလိုအသုံးမဝင်တော့သလို စီးရတာလည်း ခက်သွားပါတယ်။
စီးပွါးဆန်အိမ်ထောင်ရေးက အပြေးဖိနပ်နဲ့တူတယ်။ လှမ်းတဲ့ခြေလှမ်းနောက် ထပ်ကြပ်မခွါလိုက်ပြီး စောင့်ရှောက်တယ်။ အောင်မြင်မှုတွေ ဆွတ်ခူးတယ်။ ဒါပေမယ့် စီးပွါးရေးပြေးလမ်းက ခွဲထွက်သွားတာနဲ့ စီးလို့မကောင်းတော့ပါဘူး။


အသက်ကြီးတဲ့ယောက်ျားနဲ့ အသက်ငယ်တဲ့မိန်းမတို့ရဲ့ အိမ်ထောင်ရေးက ခုံမြင့်ဖိနပ်ဖြစ်တယ်။ ခရီးဝေးအတွက် စီးလို့မသင့်လျော်ပေမယ့် ကြည့်ရတာထူးခြားတယ်။ အသက်ကြီးတဲ့မိန်းမနဲ့ အသက်ငယ်တဲ့ယောက်ျားတို့ရဲ့ အိမ်ထောင်ရေးက ညအိပ်ဖိနပ်နဲ့တယ်။ ကြည့်ရတာ ရယ်ချင်စရာကောင်းနေပေမယ့် စီးရတာအဆင်ပြေတယ်။ ချွတ်ရတာလည်း လွယ်ကူတယ်။ ဒီလိုဖိနပ်မျိုးကို အိမ်မှာပဲစီးရအဆင်ပြေတယ်။ အပြင်စီးထွက်ရင် လူပြောစရာဖြစ်တယ်။
ပွင့်လင်းတဲ့အိမ်ထောင်ရေးက လွှာချင်းဖိနပ်(sandal)နဲ့တူတယ်။ ရာသီမရွေး စီးလို့ရတယ်။ ခံစားချက်တွေ ပူနွေးစေတဲ့နွေရာသီမှာ ခြေထောက်ကို အေးမြစေတဲ့လွှာချင်းဖိနပ်ကို စီးထားနိုင်ပြီး ခံစားချက်တွေ
အေးခဲ့တဲ့ဆောင်းရာသီမှာ ဖိနပ်ကိုချွတ်ထားလို့ရပါတယ်။
ဖောက်ပြန်တဲ့အိမ်ထောင်ရေးက အိမ်နေစီးဖိနပ်နဲ့တူတယ်။ စီးလို့ကောင်းတယ်၊ လွယ်ကူအဆင်ပြေတယ် ဆိုပေမယ့် အပြင်စီးထွက်လို့မရဘူး၊ လမ်းမကြီးပေါ်လျှောက်လို့မရဘူး။ ခရီးဝေးဝေးသွားလို့ မဖြစ်ဘူး။



ငွေမက်တဲ့အိမ်ထောင်ရေးက နိုင်ငံခြားကလာတဲ့ ထိပ်ချွန်ဒီဇိုင်းဆန်းတဲ့ ဖိနပ်မျိုးနဲ့တူတယ်။ ကြည့်ရတာ လှပပေမယ့် စီးလို့မကောင်းဘူး။ စီးလိုက်တာနဲ့ စီးရအဆင်မပြေဘဲ ခြေထောက်နာတတ်တယ်။

အတင်းအကျပ်လုပ်တဲ့ အိမ်ထောင်ရေးက သံဖိနပ်နဲ့တူတယ်။ ကြီးလေးပြီး ရှေ့ကိုလျှောက်လှမ်းဖို့ ခက်ခဲစေတယ်။ ချွတ်ပစ်လည်း ခြေကြော၊ ခြေရိုးတွေကို နာကျင်စေတယ်။ အသားတွေကို ပွန်းပဲ့စေတယ်။

အားရကျေနပ်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးကိုရွေးချယ်တာက စီးလိုကောင်းတဲ့ ဖိနပ်တစ်စုံကို ရွေးယူတာနဲ့တူတယ်။ အဓိက,က ခြေထောက်ရဲ့အတိုင်းအတာနဲ့ ဖိနပ်အတိုင်းအတာ ကိုက်ညီဖို့ဖြစ်တယ်။ ဘယ်လိုခြေထောက်မျိုးက ဘယ်လိုဖိနပ်မျိုး စီးရင်သင့်တော်မလဲဆိုတာ သိဖို့လိုလိမ့်မယ်။

သက်တောင့်သက်သာရှိတဲ့ ဖိနပ်က ခြေထောက်ကို မပွန်းပဲ့စေဘူး။ ဒါပေမယ့် သက်တောင့်သက်သာရှိတဲ့ ဖိနပ်တိုင်းလှပရမယ်လို့ မဟုတ်ပါဘူး။ ဖိနပ်စီးရတာ အဆင်ပြေမပြေ စီးတဲ့ခြေထောက်ကပဲသိပါတယ်။ ခရီးဝေးသွားရင် ဖိနပ်စီးမှားမှာကို လူတိုင်းကြောက်ကြတယ်။ အိမ်ထောင်ပြုရင် လူတိုင်းအနှိမ်ကျင့်ခံရမှာကို
ကြောက်ကြတယ်။ ဖိနပ်က ခြေထောက်ကိုအရမ်းပွန်းပြီး နာကျင်စေခဲ့ရင် ဖိနပ်အောက်ခြေ မပါးခင်၊ ခြေထောက်လည်း မထိခိုက်ခင် သင့်လျော်တဲ့အသစ်တစ်ရံကို ပြောင်းလဲသင့်ပါတယ်။

ကိုယ်နဲ့မသင့်လျော်တဲ့ အဖိုးတန်ဖိနပ်ကို စီးထားတာဟာ ကိုယ့်ကိုနာကျင်အောင် လုပ်တာနဲ့တူတယ်။ သူတစ်ပါးက ကိုယ့်ရဲ့တန်ဖိုးကြီးလှပတဲ့ဖိနပ်ကို တွေ့မြင်နိုင်တယ်ဆိုပေမယ့် စီးထားတဲ့ကိုယ့်ခြေထောက် နာကျင်တာကို ကိုယ်ပဲသိပါတယ်။ ခြေထောက်က ဖိနပ်ထက်အရေးပါပါတယ်။ ဒါပေမယ့် တချို့က
တန်ဖိုးကြီးလှပတဲ့ ဖိနပ်ကြောင့် ဒီအချက်ကို မေ့ခဲ့ကြတယ်။

ရေခဲစကိတ်စီးရင် စကိတ်စီးဖိနပ်ကို စီးရတယ်။ နှင်းတောကြားမှာ နှင်းဖိနပ်ရှည်ကို စီးရတယ်။ ခရီးဝေးသွားရင် ခရီးသွားဖိနပ်ကို စီးရတယ်။ လောကကြီးမှာ ကိုယ်နဲ့သင့်တော်တဲ့ ဖိနပ်တွေအများကြီး
ကိုယ်စိတ်ကြိုက်ရွေးယူနိုင်ပါတယ်။ ခြေထောက်က တစ်စုံပဲရှိတာမို့ ကိုယ့်ခြေထောက်နာစေတဲ့ဖိနပ်မျိုး အရွေးမမှားစေချင်ပါဘူး။

အသက်အရွယ် အကန့်အသတ်တစ်ခုထိ ခြေထောက်တွေ ရှည်လျားကြီးထွားနိုင်ပါတယ်။ ဒါပေမယ့် ဖိနပ်တွေက မပြောင်းလဲပါဘူး။ ခြေထောက်နဲ့ဖိနပ် ဘယ်အရာက အင်အားကြီးသလဲ? ခြေထောက်ကြီးတယ်လို့ ထင်ပါတယ်။ ဖိနပ်ရိအောင်၊ ပွန်းအောင် ခြေထောက်ကပဲ လုပ်နိုင်ခဲ့ပါတယ်။

အသက်အရွယ်တစ်ခုမှာ ခြေထောက်ဆက်မကြီးထွားတော့တဲ့ အချိန်က ကျွန်မတို့ ရင့်ကျက်တဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ကိုယ်နဲ့သင့်လျော်တဲ့ ဖိနပ်တစ်မျိုးကို ရွေးဖို့အချိန်ကျပါပြီ။ ခြေထောက်တစ်ဖက်က ယောက်ျားဆိုရင်၊ နောက်တစ်ဖက်က မိန်းကလေးဖြစ်ပါလိမ့်မယ်။ ဖိနပ်က အဲဒီခြေထောက်နှစ်ဖက်ကို တစ်စုံဖြစ်အောင် အတူတကွ ပေါင်းစည်းလိုက်ပါတယ်။ ပြီးတော့
ဘဝခရီးဆုံးခန်းတိုင်ထိ လျှောက်လှမ်းကြရပါတယ်။

ကိုယ်နဲ့သင့်လျော်တဲ့ဖိနပ်ကမှ ပိုဝေးတဲ့ခရီးကို လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်...

Saturday, December 11, 2010

နှုတ်ဆက်ခဲ့ပါတယ်“ကျောင်းတော်ကြီး”


ဘ၀တစ်ခေါက်အလည်ရောက်ခိုက်…..တွေ့ဆုံခဲ့တဲ့ငါတို့တွေ
ညီကိုရင်းတမျှခင်ကြတယ်။ ။
ကျောင်းတော်ကြီးအောက်…..ပညာနို့ချိုရည်တူတူသောက်
ပျော်ပါးခဲ့ဖူးတယ်။ ။
ဒီနှစ်ဆိုငါတို့အမိကျောင်းတော်ကြီး…..ရင်ခွင်အောက်မှာနောက်ဆုံးနှစ်ပဲ
အထက်တန်းလဲပြီးဆုံး…..ဆရာ၊ဆရာမများလဲခွဲရတော့မယ်…။ ။
ပြန်တွေ့မယ်မသေချာ…..ဘ၀လမ်းပေါ်လျှောက်တဲ့အခါ
သူငယ်ချင်းတို့ဘ၀တွေ…..စိုပြေပါစေကွာ…။ ။
ကံသုံးပါးနဲ့ပြစ်မှားမိ…..ဆရာ၊ဆရာမများလဲ
ရှစ်ခိုးဦးချကန်တော့ပါ၏။ ။
ဆိုးသမျှပေသမျှ…..ငါးနှစ်တာမျှသည်းခံခွင့်လွတ်
တချက်မညည်းကျောင်းတော်ကြီးလဲ………ငါ….ဂါရ၀ပြုပါသည်။ ။
ငါတို့နဲ့လမ်းခွဲမင်းလည်း…..နောက်ကျောင်းသားများနဲ့
နေရစ်တော့..။ ။
မင်းပျော်မှာပါ…အနာဂတ်မျိုးဆက်သစ်တို့နဲ့…..နောက်ဆို၇င်ငါတို့နားထဲ
“ကျောင်းတက်၊ကျောင်းဆင်း”…..ခေါင်းလောင်းသံလဲမကြားရ
မင်္ဂလာပါဆရာမလဲ မရွတ်ရ…..ရင်ဘတ်မှာဖိုင်လေးတွေပိုက်၊ထမင်းချိုင့်လေးတွေဆွဲ
ဝမ်းရေးအတွက်ရုန်းရတော့မယ်။…..၀မ်းနည်းစွာနဲ့နှုတ်ဆက်ခဲ့ပါတယ်
ကျောင်းတော်ကြီးရယ်….။ ။

ဟာသ ကဏ္ဍ(၄)

မောင်လို့ခေါ်ရင် ပြောမယ်
တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့အခန်းတစ်ခန်းမှာ
ကောင်လေးကနောက်ကခုံမှာ
အရှေ့မှာကစာသိပ်ကြိုးစားတဲ့ကော
င်မလေးတစ်ယောက်ထိုင်တယ် ခုံတစ်တန်းထဲ
ကျကြတာ
ရှေ့နောက်ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို
ခုနကပြောတဲ့နောက်ကကောင်လေးကစာရွက်ကြီးကိုင်ပြီးစာပြန်စစ်နေတဲ့ပုံစံနဲ့မိန့်မိန့်ကြီး
ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့
အခက်တွေ့နေတယ်ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာဒီတစ်ပုဒ်ပဲ ကျန်တာ
ဖြေဖို့ အစ မေ့နေတယ် နာရီကြည့်တော့ မိနစ်
၄၀လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကြံရာမရတော့
အနီးဆုံးဖြစ်တဲ့နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်“
ဟေ့.....နံပါတ်(၅) ပြောပြကြည့်“
“အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်““
မောင်လို့ခေါ်ရင်ပြောမယ် ””ကောင်မလေး
စိတ်အရမ်းဆိုးသွားတယ်””အဒါနဲ့သူ့ရှေ့က ကောင်မလေးကိုမေးတော့ မရဘူးပြောတယ်
ဆရာမတွေကလဲမျက်စိတောက်ထောက်ကြည့်နေတာနာရီကြည့်ေ တာ့
မိနစ် ၃၀ လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကောင်မလေးကစိတ်ကိုလျှော့ပြီး
အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး““ ဟေ့ ...ပြောပြလေဟာ နင်ကလဲ
နော်
””ကောင်လေးကလည်းပြန်ပြောရှာပါတယ်““ မောင်လို့ခေါ်ရင်ပြောမယ် ””ကောင်မလေး
တောက်တစ်ချက် တိုးတိုးလေးခေါက်လိုက်တယ် မပြောချင်နေကွာ
ဆိုပြီးတင်းခံပြီးစဉ်းစားနေတယ် မရဘူး
နာရီကိုတစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲကျန်တော့တယ်
အဲဒါနဲ့ကောင်မလေးကစဉ်းစားတယ် သူ့ကိုမောင်လို့တစ်ခါခေါ်လိုက်ရင်
ကိုယ်ကဘာဖြစ်သွားမှာကျလို့
နောက်တွေ့မှာမှ မဟုတ်တာ ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ တန်ပါတယ် ဆိုပြီး
နောက်လှည့် ပြီး
““ မောင်.............””လို့ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေးပြန်ပြောတယ်
““ သိပ်မကြားရဘူး ”” ကောင်မလေး နှုတ်ခမ်းတစ်ချက်ဆူသွားတယ်
စိတ်ထဲမှာလဲကျိန်ဆဲနေပြီ ဒါပေမယ့်စာရဖို့က
အရေးကြီးနေတော့အသံကိုမနဲချိုပြီး
““ မောင်.....ပြောပြပါနော် ......မောင်နော် ””
အဲဒီမှာကောင်လေးက အနောက်ကနေ ကပ်ပြီးပြန်ပြောလိုက်တာက
““ ဟဲဟဲ .....မောင်လည်းမင်းလိုပါပဲကွာ အဲတစ်ပုဒ်ကိုမရဘူး ””

လျှော့ပေးမယ်လေ
ဒီလိုနဲ့ပဲ ခရီးသွားအဖွဲ့တစ်ခု သူ့ဆိုင်ကိုဝင်လာတယ်…. ခေါင်းဆောင်
ဂိုက်ကလဲ သူနဲ့ခင်နေတော့ အစ်မပြော မကြောက်နဲ့ ဆိုပြီး သင်ပေးတယ်
ပြောခိုင်းတယ်….
အဲဒီမှာ နိုင်ငံခြားသားတစ်ယောက်က ဘီလူးရုပ်ကလေးတစ်ခုကိုမေးလိုက်တယ်…..
How much is it? (ဘယ်လောက်လဲ)
It is 80$. ဒေါ်လာရှစ်ဆယ်ကျပါတယ်ပေါ့… အဲဒီအထိဟုတ်နေတုန်းပဲ…
နိုင်ငံခြားသား ဆက်ပြောလိုက်တာက…
Oh… very Expensive….
အစ်မကြီးက.. အင်္ဂလိပ်စကားလဲပြောချင် သူ့အရုပ်လေးမရောင်းရမှာကို
စိုးရိမ်ပြီးတော့ ပြောလိုက်တာက…
မExpensiveဖူးလေ… very cheap တယ်လေ… If you like I လျှော့ပေးမယ်လေ.. တဲ့…
ဂိုက်အစ်ကိုကြီးတောင် ပါးစပ်အဟောင်းသားဖြစ်သွားတယ်….

===============
 
ကိုတွတ်ပီဆိုင်ထိုင်နေတုန်း ကောင်မလေး၂ယောက်ရောက်လာပြီး
" မေမေမျှင်ရှိလား "
" ရေချိုးနေတယ်၊ ဈေးဝယ်မလို့ဆို ငါရောင်းတတ်ပါတယ် "
" မေမေမျှင်မှသိမှာ "
" ငါလဲ တစ်ဆိုင်လုံးသိပါတယ် ကဲ ပြောဘာဝယ်မလဲ "
" အတွင်းပစ္စည်းဝယ်ချင်လို့ "
အဲသည်အချိန်မှာ ဒေါ်သေးမျှင်ကရေချိုးရာက လှမ်းအော်တယ်။
" ကတွတ်ပီ တော်မသိဘူး၊ လစဉ်သုံးပစ္စည်း၊ အတွင်းပစ္စည်းတို့ဆိုတာ ကျုပ်မှသိတာ
"

***********

ကတ်တလောက်

အရောက်ပို့ ပို့ဆောင်ရေးသည် ကျေးရွာအရောက်
ကုန်ပစ္စည်းများ ပေးပို့ပါသည်
ရွာသာယာမှ ဖိုးထောင်တစ်ယောက် ဖက်ရှင် မဂ္ဂဇင်းတစ်စောင် ဝယ်လာသည်
မိုဒယ်လေးတွေ ဝတ်စုံလှလှလေးတွေနှင့် ကြော်ငြာလေးတွေ တွေ့တော့ အတော်ကြိုက်သွားသည်
သူငယ်ချင်းဖြစ်သူ သာဝနှင့် တိုင်ပင်သည်
ငါတော့ ဒီကက်တလောက်စာအုပ်ထဲက ကောင်မလေးကို ကြိုက်တယ်ကွာ ဈေးလဲ မဆိုးဘူးကွ ငါတစ်ယောက်လောက်မှာမလားလို့
အေးကွ မင်းအရင်မှာလိုက် သူတို့ ဓါတ်ပုံထဲကလိုပဲ လှရင် ငါလဲ မှာမယ်
နောက် တစ်ပတ်အကြာ
သူငယ်ချင်း ဖိုးထောင် မင်းမှာထားတဲ့ ကောင်မလေး ရောက်ပြီလားကွ
အေး သူငယ်ချင်း အဝတ်အစားတွေတော့ ရောက်ပီကွ လူကတော့ မကြာခင်ရောက်လာမယ် ထင်တယ်။

**************

ဒီကောင် လူမဟုတ်ဘူး

အသက်ရွယ်ကြီးရင့် ကာ လင်မယားကတောက်ကဆ ရန်ဖြစ်နေကြစဉ် လင်ဖြစ်သူ
အဖိုးကြီးက မယားဖြစ်သူ အဘွားကြီးအား ရိုက်နှိက်နေလေသည်။

ထိုစဉ် သမီးဖြစ်သူ ငိုယိုပြီး ဖခင်ဖြစ်သူအားတိုင်လေသည် " အဖေ သမီးကို
သမီးယောက်င်္ကျားရိုက်တယ်"

ဖခင်။ ။ "# # ^ ^ % % သား ဒီကောင် သူများသားသမီးကိုလည်းယူုသေးတယ်
ရိုက်လည်းရိုက်တယ် ဒီကောင်လူမဟုတ်ဘူး"...

နောက်မသွားတော့ဘူးနော်

ကိုဒသဂီရိတို့ချစ်စခင်စ ကြင်နာစ ဇနီးမောင်နှံ နှစ်ယောက်ကနေ သားသမီးတွေ ပွားစီးလာတဲ့
အချိန်မှာ ဘယ်လိုဖြစ်သလဲ ဆိုတာကို
ရေးချင်တာ...........
ညားကာစကတော့ မျက်စိအောက်က ပျောက်မသွားနဲ့ဦး တနေ့ကုန်ထိုင်ပြီး
တစိမ့်စိမ့်ကြည့်နေတဲ့ ကိုဒသဂီရိ.....
သူနားက တဖ၀ါးမှမခွာလို့ ချစ်တက်လိုက်တာလို့ ထင်ထားတဲ့ မမိန်းမ.....
ကာလတွေ ရွေ့လျားလာတော့ ကလေးတစ်
ယောက်ပွားစည်းလာတယ် ...
အခေါ်အဝေါ်လေးကလဲ ပြောင်းလာတယ် ကိုဒသဂီရိက မမိန်းမ ကို ကလေးတစ်ယောက်အမေ
လို့ခေါ်သတဲ့ လေ
အရင် ကအလုပ်ကိစ္စကလွဲလို့ သူ့အနားမှာပဲ အချိန်ပေးတဲ့ ကိုဒသဂီရိဟာ
ခုဆိုညနေစောင်းလာရင် လမ်းလျှောက်
ထွက်တက်လာတယ်... သွားခါနီးရင်လဲ ကဲ ကို အပြင်သွားလိုက်ဦးမယ်
ကလေးတစ်ယောက်အမေရေ.....ဆိုပြီး လစ်ရော
မမိန်းမက ပြုံးပြုံးလေး ကြည့်လို့ ကျန်ခဲ့တာပေါ့ ... ကိုဒသဂီရိက KTV ,
တို့ ဘာတို့ သွားပြီ ရေလည်လန်းနေတာပေါ့
အဲဒီလို သွားတာလဲ ခဏခဏပဲလေ သွားတိုင်းလဲ သွားလိုက်ဦးမယ်
ကလေးတစ်ယောက်အမေရေ.....ဆိုပြီး လစ်တာပေါ့
ဒီလိုနဲ့ တစ်ယောက်ကနေ နှစ်ယောက် ... နှစ်ယောက်ရလားတော့
သက်ပြင်းလေးတောင်ချလိုက်သေးတယ် ဟင်း.......
သွားလိုက်ဦးမယ် ကလေးနှစ်ယောက်အမေရေ.....ဆိုပြီး လစ်တယ်လေ မမိန်းမက
ပြုံးတာကလဲ ပညာပါလာပြီဗျ .......
ငါးသလဲထိုး ငါးမြွေထိုးပြုံးလေးတွေ ပေါ့ .....
အဲ့ သုံးယောက်မြောက်မွေးတော့ ထုံးစံအတိုင်း ကလေး လေးလမပြည့်ခင်အထိ
မိန်းမနား ကပ်သေးတယ် ...လေးလလဲ
ပြည့်ရော ထုံးစံအတိုင်း သွားလိုက်ဦးမယ် ကလေးသုံးယောက်အမေရေ.....ဆိုပြီး
လစ်မလို့ ခြေလှမ်းနေတုန်း မမိန်းမ
က ပြုံးပြုံးလေးနဲ့ ပြန်ပြောလိုက်တဲ့ စကားကြောင့် နောက်ကိုဒသဂီရိအပြင်ကို
မသွားတော့ဘူးတဲ့ ......................................
ပြောလိုက်တာက

သွားပေဦးတော့ ကလေးနှစ်ယောက်အဖေရေတဲ့

(ကိုဒသရေ စိတ်မဆိုးရဘူးနော်..............ချစ်လို့စတာ)။
==========
၁) ‘‘ သဘာဝ လောကကြီး ကို တည်နေအောင် ပေါင်းစပ်ဖွဲ့စည်း ထားတဲ့ ဓာတ်ကြီး လေပါးကို
ပြောစမ်း။’’
‘‘ မြေ-လေ-မီး...ပြီးတော့...ပြီးေ
တာ့...’’
‘‘ မင်းလက်ကို သန်ရှင်းအောင် ဘာကိုသုံးရသလဲ။’’
‘‘ ဆပ်ပြာပါ ဆရာ ’’

၂) ရောမမြို့ကြီးတည်ဆောက်ချိန်

‘‘ ရောမမြို့ကြီးကို ဘယ်အချိန်မှာတည်ဆောက်ခဲ့တာလဲ။’’
‘‘ ညမှာပါ’’
‘‘ ဘာလို့ ညလို့ ပြောရတာလဲ’’
‘‘ ဆရာပဲပြောတယ်လေ။ ’’
‘‘ ရောမမြို့ကြီးကို တစ်နေ့တည်း နှင့် မတည်ဆောက်နိုင်ဘူးလို့’’

၃) ရူပဗေဒ

‘‘ မိုးချိန်းရင် လျှပ်စီးလျှပ်တာကို အရင်မြင်ရ ပြီး အသံကိုနောက်မှ ကြားရတာ
ဘာလို့လဲ။’’
‘‘ မျက်စိက နားထက်ရှေ့နည်းနည်း ပိုရောက်နေလို့ခင်ဗျ။’’

၎) ဆက်သွယ်လိုလျှင်

‘‘ ခရစ်တိုဖာကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁-၁၅၆၀) ဆိုပြီးရေးထားပါတယ်။

အဲဒီဂဏန်းတွေရဲ့အဓိပ္ပါယ်ကိုသိရဲ့လား။’’

‘‘ ကိုလံဘတ်ရဲ့ တယ်လီဖုန်းနံပါတ်ပါ ဆရာ။’’

၅) ကျွန်တော့်အဖေပါ

မောင်မောင်က ကျောင်းအုပ်ဆရာကြီးဆီကို ဖုန်းဆက်ပြီး-

‘‘ ကျွန်တော့်သားကိုခွင့်ပေးဖို့ ခွင့်တိုင်တာပါ။’’
‘‘ ခု ဖုန်းဆက်တာဘယ်သူလဲ’’
‘‘ ကျွန်...ကျွန်..ကျွန်တော့် အဖေပါ ဆရာကြီး။’’

၆) မှန်ပေမယ့် မှားတယ်
‘‘စိတ္တဇနာမ် ဆိုတာဘာလဲ။’’
‘‘ မသိဘူးဆရာ။’’
‘‘ ထိလို့ကိုင်လို့ မရတဲ့အရာ အမည်ပေါ့။’’
‘‘သိပါပြီဆရာ။ မီးဖိုပေါ်က ထမင်းအိုးပါ။’’

၇) မှန်တော့မှန်ပါရဲ့

‘‘ နာမ် ’’တစ်ခုကိုပြောပါ။
‘‘ နွား ’’ ပါဆရာ။
‘‘ မှန်တယ်၊ ကဲ...နောက်တစ်ယောက်ပြောပါဦး။’’
‘‘ နောက်ထပ်နွားတစ်ကောင်ပါခင်ဗျ။’’


၈) စီအေတီ

‘‘ CAT ကတ်ရဲ့ အဓိပ္ပါယ်ကို သိရဲ့လား။’’
‘‘ မသိဘူးခင်ဗျ။’’
‘‘ မင်းအိမ်မှာကြွက်တွေကို ဘယ်သူဖမ်းတာလဲ။’’
‘‘ အမေထောင်ခြောက်ထောင်ပြီးဖမ်းပါတယ်။’’

၉) အမေးနှင့် အမေး


‘‘ မင်းအမြဲ သင်္ဘောစီး ခရီးသွားနေပြီး ခုထိရေမကူးတတ်သေးဘူးလား။’
‘‘ ခင်ဗျားရော အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား။’’


၁၀) သတိပေးနေလို့

‘‘ မင်းကဘာလို့ ကျောင်းအမြဲ နောက်ကျနေရတာလဲ။’’
‘‘ လမ်းထောင့် ရောက်တိုင်း သတိပေး ဆိုင်းဘုတ်ကိုတွေ့နေလို့ပါ။ ’’
‘‘ ကျောင်းရှိသည်ဖြေးဖြေး’’တဲ့။

သူငယ်ချင်းတစ်ယောက်ပို့ပေးထားတာလေးပါ.....

ဖတ်ကြည့်ပြီး သယ်ရင်းများ ပြုံးပျော်ရွှင်နိုင်ပါစေနော်.......