Tuesday, August 30, 2011

ဗုဒ္ဓဘာသာ နှင့် ဘာဝနာ


စဉ်းစားမိတာလေးတစ်ခုပါ။ တရားစခန်းတွေမှာ ပြောသံကြားဖူးတာလေးကို သတိရမိလို့ ဗုဒ္ဓဘာ သာဝင်များ အပြောများတာလေး တစ်ခုရှိတာကို စဉ်းစားမိတယ်။ ဘယ်တရား စခန်းက ကောင်းတယ် ဘယ်တရားစခန်းက ဘယ်လိုရှိတယ် စသည်ဖြင့် အပေါ်ယံကို ပြောနေကြတာကို ကြားဖူးလို့ပါ။ ပုဂ္ဂိုလ် အမျိုးမျိုး စရိုက်အမျိုးမျိုးရှိလို့ တရားရတာမျိုး ကွဲပြားသွားတာတော့ သဘာဝ ယုတ္တိရှိပါတယ်။ ဆိုင်းဘုတ်တွေ ကြောင့်သာ လူတွေခံယူ ချက်ကွဲသွားတာပါ။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်၊ မာနဟာ ဗုဒ္ဓဘာသာဝင်တွေမှာ ရှိပါတယ်။ ခရစ်ယန်ဘာသာဝင်၊ မူဆလင်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်တွေမှာလည်းရှိတာပါ။ တခြားဘာသာ တရား တွေမှာလည်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ ရှိသလိုပဲ ဗုဒ္ဓဘာသာဝင်တွေမှာလည်းရှိပါတယ်။ ဘာဝနာ ဆိုတာ ဗုဒ္ဓဘာသာဝင်များအတွက် သုံးသန့် မဟုတ်ဘူးဆိုတာ သတိထားသင့်ပါတယ်။ တရားထိုင်တာ ဗုဒ္ဓဘာ သာဝင်မှ တရားထိုင်ခွင့်ရှိတာ မဟုတ်ပါဘူး။ ဘာဝနာက ဘာသာတရား အကန့်အသတ်မရှိပါ။ လူတိုင်း လူတိုင်း တရားထိုင် ခြင်းအလုပ်ကို လုပ်သင့်ပါတယ်။ ဘယ်တရားစခန်းမှာ ဘယ်လူမျိုး တရားထိုင်မှ ဘယ်လို တရား မျိုးရမယ်ဆိုတာ မဟုတ်ပါဘူး။ ဘယ်လို ရာထူးရှိမှ ဘယ်လိုတရားစခန်းမှာ တရားထိုင် နိုင်တယ်ဆိုတာလည်း မဟုတ်ပါဘူး။ မိမိစိတ်ကို ထိန်းချုပ်နိုင်မှု အပေါ်မှာမူတည်ပြီး အနေအထားလေးကွဲသွားတာပဲ ရှိပါတယ်။
ဘာဝနာသည် ဘယ်ဘာသာတရားကိုမှ အခြေခံထားတာမဟုတ်ဘူး။ မြတ်စွာဘုရားလည်း တရား အသစ်တွေကို ရှာကြံပြီး ဟောခဲ့တာမဟုတ်ပါဘူ။ ရှေးဘုရားရှင်အဆူဆူတို့ ဟောကြားတော်မူခဲ့တဲ့ တရားတော် အတိုင်းဟောကြားခဲ့ခြင်းသာဖြစ်ပါတယ်။ ဘာဝနာသည် သဘာဝ တရား သာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှ တရားထိုင်တယ် တရားကျင့်နိုင်တယ်၊ ဟိန္ဒူမှ တရားထိုင်တယ် ဟိန္ဒူမှ တရားကျင့်နိုင်တယ်၊ မူဆလင်မှ တရား ထိုင်နိုင်တယ် မူဆလင်မှ တရားကျင့်နိုင်တယ်၊ ခရစ်ယန်မှ တရားထိုင်နှိုင်တယ် တရားကျင့်နိုင်တာ မဟုတ်ပါ။ လူသားမှန်ရင် ဘာသာတရားမရှိသည့်တိုင် တရားထိုင်နိုင်ပါတယ်။  လောက သုံးပါး၊ သုံးဆယ့်တစ်ဘုံမှာ လူသားတွေအတွက်သာ ဘာသာတရားရှိတာပါ။ နတ်ပြည် (၆) ထပ်၊ ရူပဗြဟ္မာ (၁၆)ဘုံ၊ အရူပဗြဟ္မာ(၄)ဘုံ၊ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဘုံတို့မှာ ဘာသာတရားမရှိပါ။ တရား ထိုင်ခြင်းသည် တရားကျင့်ခြင်း သည်။ အဆင့်အတန်း သတ်မှတ်ထားတဲ့ ဌာန မဟုတ်ပါ လူမှန်ရင် တရားထိုင်ခွင့် တရားကျင့်ခွင့်ရှိပါတယ်။
ဥပမာ။ ဘာဝနာသည် ဆေးနဲ့တူတယ်။ ရောဂါဖြစ်နေတဲ့ လူတိုင်းကိုယ်နဲ့ အဆင်ပြေမယ့် ဆေးကို သုံးစွဲနိုင်သလိုပဲ၊ လူတိုင်း တရားထိုင်နိုင်ပါတယ်။ ယနေ့ခေတ်မှာ လူတွေမှာ စိတ်ဓာတ်အား ကျဆင်း ရောဂါ ခံစား နေကြရတယ်။ ရုပ်ပိုင်းဆိုင်ရာတိုးတတ်လာတော့ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းလာကြတယ်။ စိတ်ပိုင်းဆိုင်ရာ ကျဆင်း လာတော့ စိတ်ဓာတ်အားတွေပါ ကျလာတယ်။ လူအများစုသည် စိတ်ဆင်းရဲမှုကို လျော့ချနိုင်ရန် အတွက် တရား စခန်းကို များသောအားဖြင့် လာနေကြတာဖြစ်ပါတယ်။ ဘ၀ထွက်ပေါက်အတွက် လာနေသူကတော့ ရှိတော့ ရှိပါတယ်။ စိတ်ဆင်းရဲမှုကို လျော့ချနိုင်တယ်လို့ ပြောလိုက်တာယုံကြည်မှု မရှိဘူးလို့ ဆိုလိုချင်တာမ ဟုတ်ပါ။ ကိုယ်အားတဲ့အချိန်လေးမှာ တချို့လည်း ကိုယ့်အိမ်မှာ တတ်နိုင်သလောက် တရားထိုင်ခြင်း အလုပ်ကို လုပ်ကြတယ်။
ယနေ့ခေတ် သိပ္ပံပညာတွေဘယ်လောက်ပဲ တိုးတတ်တိုးတတ် စိတ်ချမ်းသာမှုကို အစားထိုးကုသ မပေးနိုင်သေးပါဘူး။ စိတ်ဆိုလို့ ပြောရအုံးမယ် ဗုဒ္ဓစာပေအရ  စိတ်ဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြန့်နှံ့နေတာမဟုတ်ပါ။ ထွက်လေ၀င်လေ အပေါ်မှာ တည်နေတယ်။ ထွက်လေ၀င်လေမရှိတာနဲ့ စိတ်လည်း မရှိတော့ ရုပ်ကောင်ပုတ်ပဲကျန်လိုက်တယ်။ အဘိဓမ္မတ္ထသင်္ဂဟ ရုပ်ပိုင်းမှာလာတဲ့ စိတ်သည် နှလုံးသားအလယ်မှာ ပုံညုက်စေ့ပမာ တည်ရှိတယ်လို့ ရှိပါတယ် ဆိုက်ကိုလိုဂျီအရတော့ စိတ်ဟာ ထွက်လေ၀င်လေနှင့် နှလုံး သားမှာ ဆက်စက်ပြီးတည်နေတယ်လို့ဆိုပါတယ်။ ဥပမာ။ လျှပ်စစ်မီးချောင်းမှာ ဒီအတိုင်းထားရင် မီမလင်းပါ။ လျှပ်စစ် မရှိဘူးပေါ့။ စက်မှာလည်း သူ့အလိုလိုဆို မီးမထွက်သလို ဒိုင်နမိုကလည်း သူ့ အလိုလိုမီးမထွက်ဘူး။ သူတို့ အားလုံးပေါင်းမှ မီးထွက်သလို ထွက်လေ၀င်လေ နှလုံးသားနဲ့ပေါင်းမှ စိတ်ဖြစ်တယ်လို့ ဆိုက်ကိုလိုဂျီ နည်းအရဆိုပါတယ်။ ဘယ်လိုပင်ဆိုစေကာမူ စိတ်သည်လူတစ်ယောက်အတွက် အင်မတန်အရေး ကြီး တယ်ဆိုတာ လူတိုင်းသိရှိပြီးဖြစ်ပါတယ်။ တရားထိုင်ခြင်း စိတ်ကို ငြိမ်းချမ်းစေတယ်ဆိုတာ တရားထိုင်ဖူး တရား မှတ်ဖူးတဲ့ လူတိုင်းသိပါတယ်။ တရားထိုင်တာ ဘာမှပြောစရာမလိုပါဘူး။ လူ့ဘ၀ဆိုတာလည်း အမှား တွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။ တစ်ကြိမ်တခါတော့ လူတိုင်းမှားဖူးကြမှာပါ။
နိဂုံးအနေနဲ့ တရားထိုင်ခြင်း ဘာဝနာသည် ဗုဒ္ဓဘာသာဝင်များသာမက ကမ္ဘာလူသားများအတွက် ရှေး ဘုရားရှင်အဆူဆူတို့ လောကလူသားတွေအတွက် ဟောကြားခဲ့ပါကြောင်း၊ ဘယ်တရားစခန်း၊ ဘယ် သင် တန်း မှ၊ မြတ်စွာဘုရားဟောတော်မူခဲ့တဲ့တရားတော်တွေကို ကျော်လွန်ပြီး သင်ကြားပို့ချတာ မဟုတ်ပါဘူး။ ဒီစာကို ရေးဖြစ်တာ ဘယ်သူ့ကိုမှ၊ ဘယ်အဖွဲ့အစည်းကိုမှ ထိခိုက်နစ်နာ စေလိုခြင်း မဟုတ်ပဲ စဉ်းစားမိတာတွေကို ရေးဖြစ်သွားတာပါ။ ဘာကိုမှ ရည်ရွယ် ထားခြင်းမဟုတ်ပါ သဘောထားအမြင်ကို တင်ပြခြင်းသာ ဖြစ်ပါ ကြောင်း။ ။
သတ္တ၀ါခမ်းသိမ်း၊ တရားကိန်း၊ အေးချမ်းသာယာ ရှိစေသော်။ ။

Tuesday, August 23, 2011

ရှုံးနိမ့်မှု၏ အစ (သို့) မတိုးတက်ခြင်း၏ အစ


အကြောင်းကြောင်းနှင့် အရာရာမှာ နိဒါန်းဆိုတာ ရှိစမြဲပါ။ တစ်ချို့တစ်ချို့သော ကိစ္စမှာ အတွေ့အကြုံ မရှိလို့၊ တစ်ချို့တစ်ချို့သော အရာတွေမှာ လျှော့တွက်လို့ ရှုံးနိမ့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ချို့ ကတော့ ကိုယ့်ရဲ့ရှုံးနိမ့်မှု လက်မခံဘဲနှင့် အကြောင်းပြချက်တွေ ပေးတတ်ကြတယ်။ “ အခုကိစ္စက ငါအတွက် အရေး မကြီး ဘူး၊ နောင်လာမယ့် ပြိုင်ပွဲအတွက် အားယူနေတာပါ တဲ့”  ဘယ်လိုပဲ ပြောပြော မိမိရှုံးနိမ့်မှုကို လက်မခံလို့ လူတွေက အကြောင်းပြကြတယ်။ ဦးဇင်းအမြင်ကတော့ ဘယ်လောက်ပဲ အကြောင်းပြချက်တွေ ထုတ်ပြပြ ရှုံးနိမ့်မှု၏အစဟာ ယုံကြည်မှုအားနည်းလို့ပဲ ထင်တယ်။ တစ်ယောက်ကို တစ်ယောက် အသွေးထဲ အသားထဲ က ယုံကြည်နေရင် လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ဘာသက်သေအထောက်အထား၊ ဘာစာချုပ် စာ တမ်းမှ မလိုပါဘူး။ ယုံကြည်မှုဆိုတာ ကိုယ့်ကိုကိုယ် စိတ်ချမှုတစ်မျိုးပဲ။ နောက်တစ်ဆင့်ပြောရင် ကိုယ်ကျင့်တရားပဲ။ လူ့အဖွဲ့အစည်း တစ်ခု၊ အိမ်ထောင်စုတစ်ခု ပြိုကွဲ ရှုံးနိမ့်မှု၏ အစဟာ ဒီအဖွဲ့အစည်းမှာ စိတ်ဝင်စားမှု အားနည်းခြင်း၊ အဖွဲ့အစည်းမှာ အချင်းချင်း စိတ်ဝမ်းကွဲမှု၊ နာမည် အလွဲသုံးစားမှု၊ ပတ်ဝန်းကျင် မကောင်းမှု စတဲ့ အကြောင်းတရားတွေနဲ့ နည်းနည်းဆက်စပ်ရင် နည်းနည်း ယိုင်တယ်။ များများဆက်စပ်ရင် များများထိတယ်။
ဥပမာ။ အိမ်တစ်အိမ်မှာ အတွင်းသူခိုးရှိနေခြင်း၊ အမေနဲ့အဖေ စကားများခြင်း၊ ညီအစ်ကိုမောင်နှမ အချင်းချင်း စကားများ ရန်ဖြစ်နေခြင်း၊ အမေသို့မဟုတ် အဖေ အိမ်တွင်းကိစ္စကို စိတ်ဝင်စားမှုအားနည်းခြင်း၊ ပတ်ဝန်းကျင်မသန့်ရှင်းမှုတွေကြောင့် အိမ်ထောင်ရေးတစ်ခု၏ ပြိုကွဲဖို့ အစပါပဲ။ အတွင်းသူခိုးဆိုတာ တခြားမဟုတ်ပါ။ သားသမီးတွေကလည်း အမေအဖေမသိအောင် ပိုက်ဆံတွေခိုးပြီး သုံးဖြုန်း၊ အမေကလည်း အဖေ မသိအောင် သုံးဖြုန်း၊ အဖေကလည်း အမေမသိအောင် သုံးဖြုန်း၊ အဲလိုလုပ်တာဟာလည်း အိမ်ထောင်တစ်ခု ရှုံးနိမ့်မှု၏ အစဖြစ်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ မကောင်းမှုတွေများနေရင်လည်း အိမ်ထောင်တစ်ခု ရှုံးနိမ့်မှု၏ အစဖြစ်ပါတယ်။ ယုံကြည်မှုဆိုတာ ပစ္စည်းဥစ္စာနဲ့ ဘောင်ခတ်ပြီး တိုင်းတာလို့ မရဘူး။ ကိုယ့် ကျင့် သိက္ခာနဲ့ စောင့်ထိန်းမှ အရာရောက်တယ်။
နောက်တစ်ခု ရှုံးနိမ့်ခြင်း၏ အစဟာ မညီညွတ်ခြင်း၏ သင်္ကေတပါ။ တစ်ယောက်ကို တစ်ယောက် မလေးစားခြင်း၊ တန်ဖိုးမထားတတ်ခြင်းဟာလည်း ရှုံးနိမ့်ခြင်း၏ ပထမခြေလှမ်းပါပဲ။ လူတိုင်းမှာ ကိုယ့်တန်ဖိုးနဲ့ ရှိကြပါတယ်။ မွေးကင်းစကလေးမှာလည်း အငိုတန်ဖိုးနဲ့ အပြစ်ကင်းစင်တဲ့ တန်ဖိုးရှိပါတယ်။ ကလေးဘ၀ဆို လူ့ဘ၀မှာ အငိုနိုင်ဆုံးနဲ့ အပြစ်ကင်းစင်ဆုံးအချိန်ပါ။ ဒီကလေးဘာမှ မသိဘူးလို့ တစ်ထစ်ချ ပြောလို့မရဘူး။ ကလေးပဲ သိတာပေါ့ နိုးဆာတဲ့ အခါ ငိုတာပေါ့။ ဒါက ကလေးတန်ဖိုးပါ။ နောက်ပြီး ဘ၀မှာ စာအဖတ်ဆုံးအချိန်သည် ကျောင်းတတ်တဲ့ အချိန်ပဲ။ ကျန်တဲ့ အချိန်ဘယ်လောက်ဖတ်သလဲတော့ မသိဘူး ကျောင်းသားတစ်ယောက်လောက်တော့ မဖတ်တာ သေချာပါတယ်။ ကျောင်းသားတစ်ယောက်မှာ စာတစ်မျက်နှာဖတ်တိုင်း တန်းဖိုးတွေ စာမျက်နှာတိုင်းမှာ တန်ဖိုးရှိပါတယ်။ စာဖတ်ခြင်းသည် ကျောင်းသားတစ်ယောက်အတွက် တန်းဖိုးပဲ။ လူကြီးမှာလည်း ဘ၀တိုးတတ်ရာတိုးတက်ကြောင်းတွေ လူကြီးတွေ ဘယ်လိုဖြတ်သန်းလားတယ်ဆိုတာ ဘ၀အတွက် နောင်လာနောက်သားတွေအတွက် မှတ်တိုင်တွေစိုက်ထူနေတယ်။ ဒါပေမယ့် တန်ဖိုးချင်းတော့ မတူကြဘူး။ ဦးဇင်းအပါအ၀င် လူတိုင်းလူတိုင်း တန်ဖိုးဖြတ်တာ နားလည်မှုလွဲနေကြတယ်။ အကြောင်းအရာတစ်ခုနဲ့ ပတ်သတ်ပြီး ဆွေးနွေးလာကြတဲ့အခါ အမြင်အမျိုးမျိုးနဲ့ တင်ပြဆွေးနွေးတာကို ပျက်စီးအောင်လုပ်တယ်လို့ မြင်တတ်ကြတယ်။ ဖိနပ်ကိုတော့ ဘယ်နဲ့ ညာတည့်အောင်တော့ စီးတတ်ကြတယ်။ ဒါပေမယ့် ဘယ်ဖက်ရှိလို့ ညာဖက်တန်ဖိုးတတ်တယ်ဆိုတာ စဉ်းစားချင်မှ စဉ်းစားကြမိပါလိမ့်မယ်။ ဖိနပ်မှာလည်း တစ်ဖက်ကို အားကိုးပြီး တစ်ဖက်က တန်ဖိုးရှိနေတာပါ။ လူဘ၀မှာလည်း ဒီအတိုင်းပါပဲ လူကြီးကို မှီလို့ လူငယ်တွေ ခြေချခွင်းရသလို လူငယ်တွေရှိလို့လည်း လူကြီးတွေ နားခွင့်ရတာပေါ့။ သို့ပေမယ့် အကြောင်းအရာတစ်ခုကို ဆွေးနွေးကြတဲ့အခါ လူကြီးနဲ့ သဘောထားမတူရင်ပဲ ဒီလူက အလားကားလူဖြစ်သွားကြတတ်တာ တွေ့နေရပါလိမ့်မယ်။ အဲဒါကတော့ “ ငါ့ကို ချစ်နေလို့ပဲ ” ငါ့ကိုချစ်နေရင် ဖြေမှန်ထွက်မလာတတ်သလို ရှုံးနိမ့်ဖို့လည်း အင်မတန် နီးစပ်ပါတယ်။ ငါပဲသိတယ်၊ ငါပဲ မှန်တယ်၊ ငါပဲ တတ်တယ်။ ငါ ငါဆိုတဲ့ အတ္တကြောင့်ပါ။ ။
သတ္တ၀ါခပ်သိမ်း၊ အတ္တကင်း၊ တန်ဖိုးကိုယ်စီ ရှိစေသော်…

Saturday, August 20, 2011

Karl Marx approach to religion


Karl Marx was a materialist. He did not believe in super natural existence. He accepts that “man makes religion, religion does not make man”. This is the nature of religion. According to Marx , Religion is an alienated institution before Karl the materialist is Ludwig feubeach interpreted the concept of religion alienation about statement is a production of Ludwig feudeach “Man creates God, God does not create man. According to Marx, alienation is a process that leads man to suffer in this world. Therefore, Religion is a means of alienation.
Marx argues that religion produced an ideological mystification of reality. In this way religion sanctifies the established order. It proclaims that the political authority of the ruling class ordained super natural authority. Mars’s view that religion mirrors economic circumstances provides helpful standing point for social science analysis as he said people need food in their vehicle before believes.
Marx’s argue that religion was a vehicle of ruling class ideological. Marx’s show how is institution and religion in servant of powerful economic and political elites in the poor accept their lot in return for a better hereafter they will stop seeing social justice here on a they will from Marx perceptive imbibe spiritual gin instead of butting on the food Marxism their by offer and apply version of social science that hell the oppressed to understand the reality if their oppressing and to find for something better.
A belief and a better hereafter also serve as confect to the poor and oppress. Marx said “religion is the opium of the people.’ Through religion the people are force into accepting their lowly position in return for a superior after life religion their by function as potent for more social controlled by keeping the poor in their place. Marx’s wanted to remove the illusory nature of religion and into export it for in ideology of the ruling class. Marx’s main objective was to liberate the working class from the oppressing of capitalism anything that serve capitalist interest included social control function of religion had to be critiqued de-mystified contested and ultimately gets up rid of religion in ruling class.
Marxism legitimates a social order base on equality empty that this is ordained by divide will. Marx’s offer and order native prospect and humanity society base on socialism and ultimately communism although and atheism. Marx was more again institutional religion then religion in it pure. The clergy was usually members of the ruling class with vested interest in keeping the poor in their place. He longed for the erosion of super natural belief and was convinced that secularization would labret people from mystify from of social oppression. He and his co-writer and friend fedrich Engles . Clean that the poor were uninterested and formal instruction of religion. However, some predation of Marx and engles proved to be false.
Karl Marx in his book contribution to the critique of Hegel’s philosophy totally defined religion in this way “Religion is the self consciousness and self-esteem of man who has either not yet formed himself or has already lost himself again. Religion is the generally theory of that world. It universe soul of consolation and justification depend on religious theory. It is the fantastic realization of the human essence because of human essence has no truth reality the struggles again religion.  Is therefore indirectly a fight again the world? Religions distress is at the same time the expressing of real distress and then protects again real distress. Religion is the sigh of oppressed creature the heart offer heartless world and soul of soulless world. It is opinion of people.”

Tuesday, August 2, 2011

ဘယ်သူဖန်ဆင်းပေးတာလဲ


သတ္တ၀ါတွေကို ဘယ်သူဖန်ဆင်းပေးတာလဲ။ သတ္တ၀ါတွေကို ဘယ်သူ ပြုလုပ်ပေးတာလဲ။ သတ္တ၀ါတွေ ဘယ်က ဖြစ်လာတာလဲ။ သတ္တ၀ါတွေ ဘာကြောင့် ပျက်စီးကြသလဲ လို့ မာန်နတ်က ရဟန္တာမကြီး ၀ဇိရာထေရ်ရီ ကို မေးတယ် ၀ဇိရာဆိုတာ စိန်ကို    ခေါ်တယ် မြေကြီးထဲက ထွက်တဲ့ ကျောက်တွေထဲမှာ အမာဆုံး ကျောက်က စိန်ပါပဲ။ မြန်မာလိုပြောရင်တော့ စိန်ထေရီပေါ့။ စိန်သွားတမျှ ထက်မြတ်သော ဥာဏ်ရှိတဲ့ ထေရီကို ၀ဇိရာထေရီ လို့ ခေါ်ပါတယ်။ ၀ဇိရာထေရီက ဇေတ၀န်ကျောင်းအနောက်ဖက် အန္ဓ၀န်တောအုပ်ကြီးထဲ မနက်ခပ်စောစော ဆွမ်းစားပြီးတော့ သပိတ် သက်န်း ထမ်းပြီးတော့ ၀ိဝေကသုခအလိုငှာ တောထဲကိုမှာ သွားပြီးနေတယ်။ ၀ိဝေက သုခဆို လူသူလေးပါး ကင်းပြီး ချမ်းချမ်း သာသာနေလို့ ရတဲ့ ချမ်းသာကို ၀ိဝေကသုခ လို့ခေါ်ပါတယ်။ ကြိုက်တတ်ရင်တော့ သိပ်ကောင်းတာပေါ့ မကြိုက်တတ်ရင်တော့ တော်တော် ပျင်းစရာ ကောင်းမှာပေါ့။
မနက်အိပ်ရာကထတော့ အိပ်ရာထဲ ဘာမှမတွေးပဲနဲ့ စိတ်ကိုလွှတ်ပြီး ဒီအတိုင်း နေရတဲ့ အရသာလည်း တစ်ခါတစ်ခါ အရမ်း ကောင်းပါတယ်။ ၀ဇိရာထေရီက ဇေတ၀န်ကျောင်း အနောက်ဖက် အန္ဓ၀န်တော အုပ် ကြီးထဲ မနက်ခပ်စောစော ဆွမ်းစားပြီးတော့ သပိတ် သက်န်း ထမ်းပြီးတော့ ၀ိဝေက သုခ အလို့ငှာ တောထဲ ကိုမှာ ၀ိဝေကသုခကို ခံစားနေစဉ် မာန်နတ်က ၀ဇိရာထေရီကို မေးတယ်။ အဲဒီလိုမာန်နတ်က မေးလိုက်တော့ ၀ဇိရာထေရီက မာန်နတ်ကို ပြန်မေးလိုက်ပါတယ်။ ဘယ်အရာဝတ္ထုကို သတ္တ၀ါလို့ လက်ခံထားသလဲ။ ဘာကို သတ္တ၀ါလို့ယူဆထားသလဲ။ သတ္တ၀ါရှိတယ်လို့ ယူဆထားရင် အဲဒါ မိစ္ဆာဒိဋ္ဌိပဲ။ သတ္တ၀ါလို့ လက်ခံထားကြတာဟာ သခါင်္ရတရားတွေ စုပုံထားတဲ့ အစုပုံကြီးပဲ။ သတ္တ၀ါဆိုတာ တကယ်မရှိဘူး သတ္တ၀ါဆိုတာ  ရုပ်တရား နာမ်တရားတို့၏ အစုအပုံပဲ။ သခ်ါရတရားတို့၏ အစုအပုံထဲမှာ သတ္တ၀ါဆိုတာ တကယ်မရှိဘူး။ သတ္တ၀ါမရှိတာကို ဖန်ဆင်းတဲ့သူရောရှိပါ့မလား။
ဥပမာ။ အိမ်ဆိုတာ ဘာကိုဆိုတာလဲလို့ မေးလိုက်လို့ရှိရင် သစ်သားရယ်၊ သံရယ်၊ အုတ်၊ ဘိလပ်မြေ စသည်ပေါ့။ ဒါတွေနဲ့ တည်ဆောက်တာပါ။ ကျောင်း၊ အိမ်၊ ရုံး၊ စတာတွေလည်း အတူတူပဲ။ ဒါတွေနဲ့ပဲ တည်ဆောင်တာ အခေါ်အဝေါ် ပဲကွဲသွားတာပါ။ ပုံစံဒီဇိုင်းကြောင့်သာ နာမည်အမျိုးမျိုးကွဲသွားတာပါ။ ဒီဇိုင်းနာတွေကြောင့်သာ ပုံစံတွေအမျိုးမျိုးပြောင်းသွားတာပါ။ ဆန္ဒဆိုတာ ဒီဇိုင်းနာ၊ ဒီဇိုင်းထုတ်တာက တဏှာပါ။ တဏှာက ဒီဇိုင်းထုတ်တဲ့အတိုင်းတည်ဆောက်တာက စေတနာပါ။ လိုရင်းချူပ်လိုက်ရင် သတ္တ၀ါကို တည်ဆောက်တာ စေတနာနဲ့ တဏှာပါ။ ဘယ်သူကမှ ဖန်ဆင်းတာမဟုတ်ပါ။
                                                                  ဖန်ဆင်းခြင်းမှ ကင်းဝေးနိုင်ကြပါစေ။
                                                       သတ္တ၀ါခပ်သိမ်း၊ တရားကိန်း၊ အေးချမ်းသာယာ ရှိစေသော်။ ။