Tuesday, August 2, 2011

ဘယ်သူဖန်ဆင်းပေးတာလဲ


သတ္တ၀ါတွေကို ဘယ်သူဖန်ဆင်းပေးတာလဲ။ သတ္တ၀ါတွေကို ဘယ်သူ ပြုလုပ်ပေးတာလဲ။ သတ္တ၀ါတွေ ဘယ်က ဖြစ်လာတာလဲ။ သတ္တ၀ါတွေ ဘာကြောင့် ပျက်စီးကြသလဲ လို့ မာန်နတ်က ရဟန္တာမကြီး ၀ဇိရာထေရ်ရီ ကို မေးတယ် ၀ဇိရာဆိုတာ စိန်ကို    ခေါ်တယ် မြေကြီးထဲက ထွက်တဲ့ ကျောက်တွေထဲမှာ အမာဆုံး ကျောက်က စိန်ပါပဲ။ မြန်မာလိုပြောရင်တော့ စိန်ထေရီပေါ့။ စိန်သွားတမျှ ထက်မြတ်သော ဥာဏ်ရှိတဲ့ ထေရီကို ၀ဇိရာထေရီ လို့ ခေါ်ပါတယ်။ ၀ဇိရာထေရီက ဇေတ၀န်ကျောင်းအနောက်ဖက် အန္ဓ၀န်တောအုပ်ကြီးထဲ မနက်ခပ်စောစော ဆွမ်းစားပြီးတော့ သပိတ် သက်န်း ထမ်းပြီးတော့ ၀ိဝေကသုခအလိုငှာ တောထဲကိုမှာ သွားပြီးနေတယ်။ ၀ိဝေက သုခဆို လူသူလေးပါး ကင်းပြီး ချမ်းချမ်း သာသာနေလို့ ရတဲ့ ချမ်းသာကို ၀ိဝေကသုခ လို့ခေါ်ပါတယ်။ ကြိုက်တတ်ရင်တော့ သိပ်ကောင်းတာပေါ့ မကြိုက်တတ်ရင်တော့ တော်တော် ပျင်းစရာ ကောင်းမှာပေါ့။
မနက်အိပ်ရာကထတော့ အိပ်ရာထဲ ဘာမှမတွေးပဲနဲ့ စိတ်ကိုလွှတ်ပြီး ဒီအတိုင်း နေရတဲ့ အရသာလည်း တစ်ခါတစ်ခါ အရမ်း ကောင်းပါတယ်။ ၀ဇိရာထေရီက ဇေတ၀န်ကျောင်း အနောက်ဖက် အန္ဓ၀န်တော အုပ် ကြီးထဲ မနက်ခပ်စောစော ဆွမ်းစားပြီးတော့ သပိတ် သက်န်း ထမ်းပြီးတော့ ၀ိဝေက သုခ အလို့ငှာ တောထဲ ကိုမှာ ၀ိဝေကသုခကို ခံစားနေစဉ် မာန်နတ်က ၀ဇိရာထေရီကို မေးတယ်။ အဲဒီလိုမာန်နတ်က မေးလိုက်တော့ ၀ဇိရာထေရီက မာန်နတ်ကို ပြန်မေးလိုက်ပါတယ်။ ဘယ်အရာဝတ္ထုကို သတ္တ၀ါလို့ လက်ခံထားသလဲ။ ဘာကို သတ္တ၀ါလို့ယူဆထားသလဲ။ သတ္တ၀ါရှိတယ်လို့ ယူဆထားရင် အဲဒါ မိစ္ဆာဒိဋ္ဌိပဲ။ သတ္တ၀ါလို့ လက်ခံထားကြတာဟာ သခါင်္ရတရားတွေ စုပုံထားတဲ့ အစုပုံကြီးပဲ။ သတ္တ၀ါဆိုတာ တကယ်မရှိဘူး သတ္တ၀ါဆိုတာ  ရုပ်တရား နာမ်တရားတို့၏ အစုအပုံပဲ။ သခ်ါရတရားတို့၏ အစုအပုံထဲမှာ သတ္တ၀ါဆိုတာ တကယ်မရှိဘူး။ သတ္တ၀ါမရှိတာကို ဖန်ဆင်းတဲ့သူရောရှိပါ့မလား။
ဥပမာ။ အိမ်ဆိုတာ ဘာကိုဆိုတာလဲလို့ မေးလိုက်လို့ရှိရင် သစ်သားရယ်၊ သံရယ်၊ အုတ်၊ ဘိလပ်မြေ စသည်ပေါ့။ ဒါတွေနဲ့ တည်ဆောက်တာပါ။ ကျောင်း၊ အိမ်၊ ရုံး၊ စတာတွေလည်း အတူတူပဲ။ ဒါတွေနဲ့ပဲ တည်ဆောင်တာ အခေါ်အဝေါ် ပဲကွဲသွားတာပါ။ ပုံစံဒီဇိုင်းကြောင့်သာ နာမည်အမျိုးမျိုးကွဲသွားတာပါ။ ဒီဇိုင်းနာတွေကြောင့်သာ ပုံစံတွေအမျိုးမျိုးပြောင်းသွားတာပါ။ ဆန္ဒဆိုတာ ဒီဇိုင်းနာ၊ ဒီဇိုင်းထုတ်တာက တဏှာပါ။ တဏှာက ဒီဇိုင်းထုတ်တဲ့အတိုင်းတည်ဆောက်တာက စေတနာပါ။ လိုရင်းချူပ်လိုက်ရင် သတ္တ၀ါကို တည်ဆောက်တာ စေတနာနဲ့ တဏှာပါ။ ဘယ်သူကမှ ဖန်ဆင်းတာမဟုတ်ပါ။
                                                                  ဖန်ဆင်းခြင်းမှ ကင်းဝေးနိုင်ကြပါစေ။
                                                       သတ္တ၀ါခပ်သိမ်း၊ တရားကိန်း၊ အေးချမ်းသာယာ ရှိစေသော်။ ။

No comments:

Post a Comment