Friday, July 29, 2011

ဘာသာရေး Virus



ဘာသာရေးအတွက် တွေးတော့စဉ်းစားလာတာ နှစ်တွေ အများကြီး ကြာညောင်းလာ ပြီး ဖြစ် သော် လည်း အငြင်းပွားမှုကတော့ ယနေ့တိုင်ပါပဲ။ ဘယ်အချိန်အထိတိုင်အောင် ယုံမှားသံသရာ ပင်လယ်ဝဲသြဃမှာ ကျင်လည်ကြမယ်ကို မသိနိုင်သေးပေ။ သေချာတာတစ်ခုကတော့ လူတွေဟာ စဉ်းစားဆင်ခြင်ဥာဏ် မြင့်လာသည်နှင့်အမျှ တစ်ဘက်မှာလည်း လောဘဇောတွေ တိုးပွားလာတယ်။ ထိန်းချူပ်ဖို့ စဉ်းစားတာက နည်းပြီးတော့ အသစ်အဆန်းတွေကို တီထွင်ဖို့ပဲ အားသန်လာကြတယ်။ အသိဥာဏ်တွေတိုးလာတော့ ယနေ့ခေတ် ဘာပြဿနာတွေ  တိုးလာပြန်လဲဆိုတော့ လက်တွေ့ ကျင့်သုံးနည်းကို လက်ခံလာကြတယ် ဆိုးကျိုးက ဆိုင်းဘုတ်တွေ အရည်အချင်းတွေ ဂုဏ်ထူးတွေ ပြိုင်ဆိုင်မှုပါပဲ။ ကိုယ်နားလည် သိသလို အကျယ်ချဲ့ပြီး အတွေးနယ်ချဲ့လာကြတယ်။ ဘယ်လောက်အထိဖြစ်လာလဲဆိုတော့ ဒီကမ္ဘာဟာ အဆုံးရှိတယ်၊ တချို့ကလည်း အဆုံးမရှိဘူး။ တစ်ချို့ကလည်း ဒီကမ္ဘာ အမြဲတည်ရှိတယ်။ တစ်ချို့ကလည်း ဒီကမ္ဘာ မမြဲဘူး။ သဿတ္တ၀ါဒ၊ ဥစ္ဆေဒ ၀ါဒ၊ နတ္ထိက ၀ါဒ၊ စသည်ဖြင့် အတွေးနယ်ချဲ့လာကြတယ်။
ဒါကြောင့် မြတ်စွာဘုရားက ကာဠာမသုတ်မှာ “ငါပြောတာလည်း အကျိုးအကြောင်းမဆက်စပ်ပဲနဲ့ လက်မခံနဲ့။ သင်တို့ ဆရာတွေပြောတာကို အကျိုးအကြောင်းမဆက်စပ်ပဲနဲ့ မယုံကြည့်သင်ပေ၊ စာအုပ်တွေမှာတွေ့တိုင်းလည်း အမှန်ဟု လက်မခံသင့်ပေ၊” အစရှိသည်ဖြင့် ကာဠာမရွာသားတွေကို အမိန့်ရှိတယ်။ မိမိသာ မူလ အဓိကမို့ အကျိုးအကြောင်း ရှေးနောက်ထောက်ဆပြီးမှ လက်ခံသင့် မသင့် စဉ်းပြီးမှာ ယုံကြည်သင့်ကြောင်းကို ကာဠာမသုတ်၌ မိန့်ဆိုထားပါသည်။ ယနေ့ခေတ် စာဖတ်သူတို့ အားလုံးသိပြီးသားပါ။ တစ်ယောက်ကို တစ်ယောက်တိုက်ခိုက်ပြီး အမြင်အမျိုးမျိုးကို ဘာသာရေးဘက် ရအောင်တွေးပြီး ပြောဆိုရေးသားနေတာကို တွေ့ကြပါလိမ့်မယ်။ အပေါ်ယံကို ကြည့်ပြီးတော့ ဘယ်လိုမှ ဖြေရှင်းလို့ အဖြေစစ်အဖြေမှန် ဖြစ်မလာဘူးလို့ထင်တယ်။
ဒါကြောင်မို့ လက်ရှိအချိန်ဟာ အနာဂတ်ရော အတိတ်ကိုပါ ညွန်ပြရာဖြစ်သောကြောင့် လက်ရှိအချိန်ကို မရေရာမသေချာတဲ့ အတွေးနယ်ပယ်မှာ အချိန်ကို မဖြုန်းတီးသင့်ပေ။ ဘ၀ကတိုတယ်၊ အချိန်က တန်ဖိုးရှိတယ်၊ အချိန်က အကန့်အသတ်နဲ့ဆိုတော့ မသေချာမရေရာတဲ့ အရာကိုတွေးပြီး တွေးတောစဉ်းစားနေမယ့် အစား လက်ရှိအချိန်မှာ လုပ်သင့်တာကို လုပ်နိုင်ကြပါစေ။ အချို့သော ပညာရှင်တွေက ဘာသာရေး အယူအဆကို မူးယစ်ဆေးဝါးနဲ့ ဥပမာပေးပြီး အကြောင်းပြကြတယ်။ မူးယစ်ဆေးဝါးစွဲသွားရင်လည်း အပြီးပိုင်ဖြတ်ဖို့ ခက်သလို ဘာသာတစ်ခုကို ယုံကြည်သွားပြီဆိုရင်လည်း အပြီးပိုင်စွန့်လွှတ်ဖို့ခက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဘာသာရေးမှာပဲ စီးပွားရေး၊ လူမှုရေး စတဲ့ လူ့အဖွဲ့အစည်းတွေက ဆက်စပ်နေလို့ပါပဲ။ ဘာသာရေး Virus ကတော့ တစ်ခုခုကို ယုံကြည်သက်ဝင်သွားပြီဆိုရင် သတ်ဖို့တော်တော်ခက်ပါလိမ့်မယ်။ မိမိအသိတရားနှင့် ကာကွယ်မှ သက်သာရာရမည် ဖြစ်ပါတယ်။
                                        သူ၊ ငါ၊ အများ၊ အတွေးနယ်ပယ်မှ ရုန်းထွက်နိုင်ပါစေ။
                                        သတ္တ၀ါ ခပ်သိမ်း။ တရားကိန်း၊ အေးချမ်းသာယာရှိစေသော်။ ။

No comments:

Post a Comment