Saturday, August 25, 2012

ပြုပြင် အတုယူသင့်တဲ့ သင်ခန်းစာ


    ကမ္ဘာနဲ့အ၀ှမ်း လူ့ပတ်ဝန်းကျင်မှာ အိမ်တွင်းပညာရေး (၀ါ) မိခင်ဘာသာစာပေသင်ကြားရေး (၀ါ) မိဘက သားသမီးများကို ကိုယ်တိုင်ကိုယ်ကျ ပညာသင်ပေးတဲ့ စနစ်ကို ယနေ့အချိန်မခါမှာ အရမ်းလိုအပ် လာပါ တယ်။ မိဘက ကိုယ့်သားသမီးကို သင်ပေးရတဲ့ ကောင်းကျိုးနဲ့ ပညာမသင်ပေးရတဲ့ ကောင်းကျိုးဆိုးကျိုး အခြေတွေက မိသားစု တစ်စု၊ လူမျိုးတစ်စု၊ ပြည်နယ်တစ်ခု၊ နိုင်ငံတစ်နိုင်ငံအတွက် ဘယ်လောက် အကျိုးပြု တယ်ဆိုတာကို မျှဝေပေးချင်ပါတယ်။
      ကမ္ဘာမှာ ဘယ်နေရာကိုပဲ ရောက်ရောက် ဘယ်မှာပဲနေနေ အမျိုးသားရေး၊ဘာသာရေး၊ မိသားစုအရေးကို အလေးထားပြီး စဉ်းစားနိုင်တဲ့ အကြောင်းအရာ တစ်ခုက မိဘများက ကိုယ့်သားသမီများကို မိမိယဉ်ကျေးမှုနဲ့ မိခင်ဘာသာစကားကို သင်ကြားပေးခြင်းက အစိုးရ ပညာသင်ကျောင်းမှာ သင်ကြားတဲ့ ပညာရေးထက် မိဘများက ကိုယ့်သားသမီးတွေကို မိခင်ပညာရေးအကြောင်း သင်ကြားပေးတာဟာ ပိုပြီး မိသားစုအရေး၊ လူမျိုးရေး အတွက် ပြည့်စုံနိုင်တဲ့ အကြောင်းကို ကမ္ဘာမှာ ဂျုးလူမျိုးကို ကြည့်ပြီး သင်္ခန်းစာ ယူနိုင်ဖို့ မိဘများကို သားသမီးတွေက အမျိုးသားရေး၊ဘာသာရေးနဲ့ ပတ်သတ်ပြီး စံထားနိုင်ဖို့က သားသမီးတွေ အတွက် အင်မတန်ကြီးကျယ်တဲ့ သင်ခန်းစာ တစ်ခုဖြစ်ပါတယ်။ မိခင်ရိုးရာ အကြောင်းအရာတွေကို သင်ကြားပေးဖို့ အရေးကြီးတဲ့ အကြောင်းကို မိဘများက သားသမီးတွေအတွက် သတိထားပြီး စဉ်းစားစေ ချင်ပါတယ် မိဘတိုင်းဟာ သားသမီးတိုင်းအတွက် စံပြပါ။
အခုကမ္ဘာမှာ တိုးတတ်နေတဲ့ နိုင်ငံတွေမှာ မိသားစုနွေးထွေးမှုကို မရနိုင်တော့ပါ တိုင်းပြည်တိုး တတ်လေလေ မိသားစု နွေးထွေးမှု ဝေးလေလေပါပဲ။ နောက်ပြီး ကလေးတွေအတွက် ပညာရေးကိုအစိုးရက တာဝန်ယူသွားပြီဆိုတော့ မိဘတွေက ကိုယ့်သားသမီးကို ပြောဆို ဆုံးခွင့်ပါ ဆုံးရှုံးသွားပါလိမ့်မယ်။ မိဘ ဆိုတာ အစိုးရလောက် တန်ဖိုးမရှိဘူး၊ အစိုးရကပဲ ငါတို့ ပညာရေးကို တာဝန်ယူလို့ လူလားမြောက် လာတာ ဆိုပြီး အပြောခံရရင် မိဘတိုင်း ဘယ်လိုခံစားရမယ်ဆိုတာကို ကြိုတွေးမြင်လို့ ကြိုတင်ပြင်ဆ င်နိုင် ကြပါစေ။
ဥပမာ။ ။ယူရို၊ သြစတေးလျ နိုင်ငံ၊နော်ဝေ၊ အမေရိကန်နိုင်ငံတွေမှာ ကလေးတွေက မိဘပြောစကားကို နားမထောင်တော့ပဲ နိုင်ငံတော်အစိုးရ ပြောတာကိုပဲ နားထောင်ပါတယ်။ မိဘက ကိုယ့်သားသမီးကို ရိုက်လို့ ဆဲလို့ရှိရင် တရားရုံးမှာ ရင်ဆိုင်ရပြီး ထောင်ကျသွားတဲ့ မိဘတွေရဲ့ အပြစ်အပျက်ကိုလည်း ကြားဖူးမယ် ထင်ပါတယ်။ " Apple Company ပိုင်ရှင် စတီဗင် ဂျော့က ကျွန်တော်ဘ၀အတွက်တော့ မိဘဆို သုတ်သိုလှောင်ကန်၊ သုတ်တွေကို သိုလှောင်ပေးတဲ့ နေရာတစ်ခုလောက်ပါပဲတဲ့၊ မေးစားအမေသာမရှိခဲ့ရင် ကျွန်တော်ဟာ ဘယ်လိုမှ ဒီလိုအခြေအနေမျိုးမှာ လက်မ မထောင်နိုင်ပါဘူးတဲ့" မွေးစားအမေအဖေကသာ ကျွန်တော်ဘ၀အတွက် တကယ့် ကယ်တင်ရှင်ပါ လို့ ပြောသွားတာကိုလည်း ဖတ်ဖူးကြမယ်ထင်ပါတယ်။ မိဘက ကိုယ့်သားသမီးတိကို ဆုံးမပြောဆိုခွင့်တောင်မရှိတဲ့ အခြေတွေ ကြုံတွေ့လာနိုင်ပါတယ်။ သားသမီး များကလည်း မိဘကို ကျေးဇူးရှိတယ်လို့တောင် မမြင်တော့တဲ့ အခြေအနေ ဖြစ်လာပါတယ်။ မိဘများက လည်း ကိုယ့်သားသမီးတွေကို ပညာသင်ပီးလို့ ရှိရင် သားသမီးများမှာ မိဘကို ဆရာလိုတမျိုး မိဘလို တစ်ပုံ ရိုသေလေးစားပါတယ်။

     အခုဂျူးတွေက ဘာဖြစ်လို့ မိဘဆွေးမျိုးနဲ့ အမျိုးသားရေကို ဘာဖြစ်လို့     သူများလူမျိုး တွေထက် လေးစားတန်ဖိုးလဲဆိုရင် သူတို့ရဲ့လျှို့ဝှက်က ဘယ်လောက်ပင် ခေတ်မှီတဲ့ တက္ကသိုလ်၊ ကောလိပ်မှာ တတ်တတ် ကိုယ့်ရိုးရာနဲ့ လူမျိုးရေးအကြောင်းကို အိမ်မှာ သင်ကြားပေး ပါတယ်။ နောက်ပြီး ကျောင်းမှာသင်လာတဲ့ စာပေတွေကို မိဘတွေက အချိန်ပြီး ရှင်းပြတဲ့ အလေ့အကျင့်ရှိပါတယ်။ အိမ်တွင်း ပညာရေးကို စနစ်ကို ကျင့်သုံးပါတယ်။ ဂျူးတွေက ဘယ်နိုင်ငံမှာပဲ ဘယ်ကိုပဲရောက်ရောက် အချိန်တန်ရင် အစ္စရေးနိုင်ငံကို ပြန်ရမယ်ဆိုတာကို ပြောစရာမလိုပဲ နားလည်းပါတယ်။ ဘယ်မှာပဲ နေနေ အချင်းချင်းထောက်ပံ့ကူညီ စောင့်ရှောက်ပါတယ်။
အိမ်တွင်းပညာမသင်ကြားနိုင်တဲ့ နိုင်ငံတွေမှာ သားသမီးတွေက အလေးမထားဘူး၊ မိဘကို မိဘလို မသတ်မှတ်တဲ့ အခြေအနေတွေကို ကြုံပါတယ်။ သားသမီးတွေက မိဘပြောတဲ့ စကားကို နားမထောင်ပဲ မိဘဆုံးမရင်လည်း အလေးမထားဘဲ ရန်သူလို ဆံဆက်တာကို တွေ့ဖူးမြင်ဖူးမယ်လို့ထင်ပါတယ်။ နောက်တစ်ခု မြန်မာနိုင်ငံ ရန်ကုန်မြို့နဲ့ နေရာ တစ်ချို့မှာ အခေါ်အဝေါ်တွေက မိဘအပေါ်မှာ ပြောင်းသွားတာကိုလည်း တွေ့နေရပါတယ်။ အမိကို ဘွားတော်၊ အိမ်က ဟာကြီး၊ အဖကို ဘိုးတော် ဆိုတဲ့ မကြားဝံ့မနာသာ လေသံတွေကိုလည်း ကြားဖူးပါတယ်။
မိဘတွေက ကိုယ့်သားသမီးကို ပညာရေးကိုလည်း မပေး၊ နွေးထွေးမှုကိုလည်း မပေး၊ အကြင်နာတရားက ဝေလာဝေးဆိုတော့ မိဘတွေဟာ တဖြည်းဖြည်းနဲ့ သားသမီးတွေ အသိအမှတ်ပြုလာတာ နည်းလာပါတယ်။ ဒီလိုအခြေအနေမျိုး မကြုံစေချင်ပါ။ အခုလိုအခြေမျိုး မကြုံစေချင်လို့ အိမ်တွင်းပညာရေးကို တစိုက်မတ်မတ် သင်ကြားပေးစေချင်ပါတယ်။ သားသမီးတွေကလည်း မိဘဆိုတာ ငါတို့ကို ပညာရေးလည်း မသင်ပေး ကိုယ့်လူမျိုးရေးအကြောင်းလည်း ဘာတစ်ခုမှလည်း မပြောပြလို့ ငါ့တို့က ဘာမှမသိတာပါလို့ ပြောလာရင် မိဘတိုင်းတာဝန်မကျေရာကျမည်သာဖြစ်ပါကြောင်း...
မိဘတိုင်းသမိုင်းပေးတာဝန်ကျေကြပါစေ......
၂၆.၀၈.၂၀၁၂
                    သတ္တ၀ါခပ်သိမ်း၊ တရားငြိမ်း၊ အေးချမ်းသာယာရှိစေသော်။...

No comments:

Post a Comment