Sunday, August 5, 2012

သက္ကရာဇ်အကြောင်း သိကောင်းစရာ


သက္ကရာဇ် (၅) မျိုး
(၁) မဟာ သက္ကရာဇ်= ဂေါတမ ဘုရားရှင်း၏ ဘိုးတော် (သီရိမဟာ မာယာဒေ၀ီ၏ ခမည်းတော်) ဒေ၀ဒဟပြည့်ရှင် ဘုရင် အဉ္စနမင်းကြီးသည် ဒိဗ္ဗစက္ခုအဘိဥာဏ်ရ ဒေ၀ီလရသေ့နှင့် တိုင်ပင်ပြီး မိမိလက်ထက်၌ ရောက်ဆဲဖြစ်သော သက္ကရာဇ် (၈၆၄၅) ခုကို ထိုနှစ် တပေါင်းလကွယ် စနေနေ့အထိ ဖြိုပြီးလျှင် တန်းခူးလဆန်း(၁) ရက် တနင်္ဂနွေနေ့ကို အစပြု၍ သက္ကရာဇ်တစ်ခု ထားလေသည်။ ထိုသက္ကရာဇ်ကို မဟာသက္ကရာဇ်ဟုခေါ်တွင်လေသည်။ ထိုအချိန်သည် မြတ်စွာဘုရား ဖွားတော်မမူမီ (၆၈)နှစ်အလိုဖြစ်သည်။ ဂေါတမဘုရားရှင်၏  သက်တော် (၈၀) နှစ်ပေါင်းသော မဟာသက္ကရာဇ်၏ သက်တမ်းမှာ (၁၄၈) နှစ်သာရှိသည်။ ထို (၁၄၈)နှစ်ကို ဖြိုပြီး သာသနာသက္ကရာဇ်ကို စ၍တွက်သည်။
(၂) သာသနာ သက္ကရာဇ်= မဟာသက္ကရာဇ်၏ သက်တမ်းမှာ (၁၄၈) နှစ်သို့ ရောက်သောအခါ ဂေါတမဘုရားရှင်သည် ပရိနိဗ္ဗာန် စံတော်မူသည်။ သာသနာတော် အနှစ် (၅၀၀၀) ကိုလည်း ထားတော်မူ ခဲ့သည်။ ပရိနိဗ္ဗာန် စံတော်မူပြီး လေးလအကြာ ရာဇဂြိုလ် ပြည့်ရှင်ဘုရင် အဇာတသတ် ကြီးကြပ်၍ မထမသင်္ဂါယနာတင်တော်မူပြီးနောက် သက္ကရာဇ်(၁၄၈) ကို ဖြိုခွင်းပြီး သာသနာနှစ် သက္ကရာဇ်(၁)ခု ကြွင်းထားခဲ့သည်။ ထိုမှစ၍ သက္ကရာဇ် ပေါ်ပေါက်လာသည်။
(၃) ကောဇာ (ဂေါဇာ) သက္ကရာဇ်၊ မြန်မာသက္ကရာဇ်= သရေခေတ္တရာ မင်းဆက် သုမုန္ဒရီမင်း လက်ထက်မှ စ၍ ရေတွက်သည်။ (လက်ရှိမြန်မာ ပြက္ခဒိန်)
(၄) ခရစ် သက္ကရာဇ်(ဘီစီ)= ခရစ်တော်မပေါ်မီကာလ နောက်ကို ရေတွက်ရသော နှစ်များဖြစ်သည်။
ခရစ် သက္ကရာဇ်(အေဒီ)= ခရစ်တော်ပေါ်ပြီး နှစ်မှစ၍ အစဉ်အတိုင်းရေတွက်ရသော နှစ်များဖြစ်သည်။ (လက်ရှိ အင်္ဂလိပ် ပြက္ခဒိန်)
သက္ကရာဇ် ဖြိုခြင်းအစ
ဂေါတမဘုရားရှင်၏ ဘိုးတော် အဉ္စနမင်းကြီး လက်ထက်တွင် ဒိဗ္ဗစက္ခုအဘိဥာဏ်ရ ဒေ၀ီလရသေ့နှင့်တိုင်ပင်ပြီး ရှိရင်းသက္ကရာဇ် (၈၆၄၇) နှစ်မှ (၈၆၄၅)နှစ်ဖြို၍ ကျန်နှစ်နှစ်ကို ဘိုးတော် အဉ္စနမင်းဖြိုကြွင်းသော အဉ္စနသက္ကရာဇ် (မဟာသက္ကရာဇ်) အဖြစ် သုံးစွဲခဲ့လေသည်။
အဉ္စနသက္ကရာဇ်အတွင်းမှာပင် ဂေါတမဘုရားရှင်သည် သက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့်တွင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါသည်။ ထိုနှစ်မှာပင် ၀ါခေါင်လမှစ၍ မထမသင်္ဂါယနာ တင်ရာ ၇လကြာခဲ့သည်။ ထိုစဉ်က မဂဓတိုင်း၊ ရာဇဂြိုလ်ပြည်၌ စိုးစံသောဘုရင် အဇာတသတ်နှင့် အရှင်မဟာကဿပတို့ တိုင်ပင်ပြီး ရှိပြီး ၁၄၈-ခုနှစ်ကို ဖြို၍ ထိုနှစ်ကို ဗုဒ္ဓသာသနာနှစ်(သာသနာသက္ကရာဇ်) ၁-နှစ်ဟု သတ်မှတ်ခဲ့သည်။
ထိုမှတဖန် အစဉ်အဆက် သာသနာသက္ကရာဇ်ကို ဆက်လက် သုံးစွဲလာခဲ့ကြရာ သာသနာသက္ကရာဇ် (၆၂၄) ခုနှစ် ရောက်သောအခါ သရေခေတ္တရာပြည့်ရှင် သုမုန္ဒီရဇ် မင်းလက်ထက်တွင် ရှေးဆရာ၊ ပညာရှိ ရသေ့ကြီးများ၏ နည်းအရ ဒေါဒေါရသ (ခေါ်) နှစ်ရှည် သက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်သဖြင့် (၆၂၄ -ခုနှစ်မှ ၆၂၂)ခုနှစ်ကို ဖြို၍ အကြွင်း၂-နှစ်ကို ထားကာ သုမုန္ဒ(သရေခေတ္တရာ)သက္ကရာဇ်အဖြစ် မှတ်သားသုံးစွဲ ခဲ့ပြန်သည်။
သုမုန္ဒရဇ် သက္ကရာဇ်(၅၆၂)ခုသို့ ရောက်အခါ ပေါက္ကံပြည့်ရှင် ဆရာသင်္ဃရာဇ်ခေါ် ပုပ္ပါးစောရဟန်းမင်းလက်ထက် ခန်းဆပဉ္ဇာ (ခေါ်) နှစ်တိုသက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်ပြန်သည်နှင့် (၅၆၂)ခုမှ ခန်း ဆပဉ္ဇာ (၅၆၀) ခု ဖြိုပြီးကျန်သော ၂-ခုကို ပေါက္ကံသက္ကရာဇ် အဖြစ် ယနေ့တိုင် အဖြိုမရှိတော့ဘဲ ဆက်လက်သုံးစွဲခဲ့သည်။ ထိုသုံးစွဲခဲ့သော ပေါက္ကံသက္ကရာဇ်များသည် ယခုအခါ ကောဇာသက္ကရာဇ် (ဂေါဇာသက္ကရာဇ်) ဟုတ်ခေါ်သည်။
ထိုအချိန်မှ စ၍ သာသနာသက္ကရာဇ်ဟူသော မူလ အခေါ် ကောဇာသက္ကရာဇ် (သို့) သက္ကရာဇ် ဟုသာ သုံးပါတော့သည်။ သိရိခေတ္တရာ ပြည့်ရှင် ဘုရင် သုမုန္ဒရဇ်မင်း ဖြိုသော (၆၂၂) ကို ပုပ္ပါး၊စောရဟန်း လက်ထကိဖြိုသော (၅၆၀) နှင့်ပေါင်းလျှင် ၁၈၈၂ နှစ်ရပါသည်။ ယင်း ၁၁၈၂ ကို လက်ရှိ ရောက်နေသော ကောဇာသက္ကရာဇ်တွင်ထည့်ပေါင်းပါက သင်္ဂါယနာတင်ချိန်က စခဲ့သော သာသနာ သက္ကရာဇ်ကို ရပါသည်။
ကောဇာသက္ကရာဇ်နှင့် သာသနာနှစ်
ယခုအခါ ကောဇာသက္ကရာဇ်နှင့် သာသနာနှစ်တို့မှာ ကွဲပြားခြားနားနေပြန်သည်။ ကောဇာသက္ကရာဇ်မှာ ၁၃၀၀ ကျော်သာရှိသေးသော်လည်း သာသာနာနှစ်မှာ ၂၅၀၀ ကျော်နေပြီ ဖြစ်သည်။
ထိုသို့ကွဲပြားခြားနားနေသည်မှာ ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် စိုးစံသော ဘုရင် အဇာတသနှင့် အရှင်မဟာကဿပတို့တိုင်ပင်ပြီး ပထမသင်္ဂါယနာသောနှစ်ကို ပထမမူလ ဗုဒ္ဓသာသနာနှစ်(၁) ခုဟု သုံးစွဲခဲ့လေသည်။ ထိုစဉ်က သက္ကရာဇ်နှစ်မျိုး မရှိသေးချေ။
သာသနာသက္ကရာဇ် (၆၂၄)ခု ရောက်သောအခါ သုမုန္ဒရဇ်မင်းလက်ထက်တွင် ဒေါဒေါရသ(ခေါ်) နှစ်ရှည်သက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်သဖြင့် (၆၂၄ -ခုနှစ် ၆၂၂-ခုနှစ်ကိုဖြို၍ အကြွင်း၂-နှစ်ကို ထားကာ သုံးစွဲခဲ့သောအခါ ကောဇာသက္ကရာဇ်နှင့် သာသနာနှစ် ဟူ၍ (၂) မျိုး ကွဲပြားလာခြင်း ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံ၌ ကောဇာသက္ကရာဇ်ကို အစိုင်အမြဲသုံးစွဲပြီး သာသနာနှစ်ကိုကား အသိအမှတ်ပြုသည့် အနေဖြင့်သာ သုံးစွဲခဲ့လေသည်။
(ထိုင်းနိုင်ငံ (ယိုးဒယား)တွင် သာသနာနှစ်ကို သက္ကရာဇ်အဖြစ်သုံးစွဲပေသည်။)  သာသနာနှစ်သိလိုပါက  ကောဇာသက္ကရာဇ်ကို (၁၁၈၂)နှစ်နှင့် ထည့်ပေါင်းလျှင် သာသနာနှစ် အမှန်ဖြစ်ပေသည်။
သက္ကကောဇာ၊ တည်ပြီးခါဝယ်၊ တစ်တစ်ရှစ်နှစ်(၁၁၈၂)၊နှောတုံလစ်က၊ တိတိဖြစ်သာသနာ။မှတ်ကြရာ၏ဟု ပညာရှိများ ညွန်ကြားထား၏။
အလွယ်ကူဆုံးမှတ်ရန်
၁။ လက်ရှိ ခရစ်နှစ်က (၆၃၈)ကို နှုတ်လျှင်၊ မြန်မာသက္ကရာဇ်ကို ရမည်။
၂။ မြန်မာပြက္ခဒိန်ကို (၁၁၈၂) ပေါင်းပါက သာသနာနှစ်ကို ရမည်။  (Mayor mt 05:50,31 သြဂုတ် ၂၀၀၉ (UTC)
ဗဟုသုတအဖြစ် တင်ပြလိုက်ပါတယ်။

No comments:

Post a Comment