Tuesday, May 17, 2011

ကောင်းမှုပြုရန်မနှေးသင့်


ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင်သီတင်းသုံးနေတော်မူစဉ် တစ်ထည်တည်းသာရှိသော အပေါ်ရုံပုဆိုးကို လှူဒါန်းသော ပုဏ္ဏားကို အကြောင်းပြု၍ ဤ ဒေသနာတော်ကို ဟောကြားတောမူ၏။ သာဝတ္ထိမြို့တော်မှ ပုဏ္ဏားလင်မယားနှစ်ယောက်တို့တွင် ခါးဝတ်တစ်ထည်စီသာ ရှိကြ၏။ အပေါ်ရုံပုဆိုးကား နှစ်ယောက်လုံးအတွက် တစ်ထည်တည်းသာ ရှိကြ၏။ ထိုသို့ဖြစ်၍ သူ့ကို လူအများက ဧကသာဋကပုဏ္ဏားဟုခေါ်ကြ၏။ သူတို့မှာ အပေါ်ရုံတထည်တည်းသာ ရှိကြသဖြင့် နှစ်ယောက်စလုံး အပြင်မထွက်နိုင်ပေ။ အပေါ်ရုံပုဆိုးကို တစ်ယောက်က ခြုံ၍ ထွက်သွားလျှင် တစ်ယောက်မှာ အိမ်ထဲတွင် နေရစ်ရလေသည်။
တစ်နေ့သ၌ ဇေတ၀န်ကျောင်းတော်တွင် တရားပွဲကြီးကျင်းပလေရာ နှစ်ယောက်စလုံး တရားနာရန် သွားလိုပါသော်လည်း သွား၍ မဖြစ်နိုင်သဖြင့် နေ့ခင်းမှာ ပုဏ္ဏားမသွား၍ တရားနာ၏။ ညတရားပွဲမှာကား ပုဏ္ဏားတရားနာခွင့်ရ၏။ ပုဏ္ဏားသည် ဘုရားရှင်၏ တရားတော်ကို ကြားနာရရင်း တစ်ကိုယ်လုံးတွင် နှစ်သိမ့်ခြင်းပီတိတို့ ပျံ့နှံ့ကာ တစ်ထည်တည်းရှိသော အပေါ်ရုံကို လှူချင်သော သဒ္ဓါတရား ပေါ်ပေါက်လာ၏။ ထိုသဒ္ဓါတရားနောက်တွင် မလှူရက်သော နှမျောတွန့်တိုစိတ်များက လွမ်းမိုးလာကြ၏။ ဤသို့ဖြင့် လှူချင်သော သဒ္ဓါတရားပေါ်လိုက်၊ မလှူချင်သော ၀န်တိုစိတ်များ ပေါ်လိုက်ဖြင့် ညဥ့်ဦးယာမ် သန်းခေါင်ယာမ်တို့ကို ကျော်လွန်သွားခဲ့၏။ ပစ္ဆိမယာမ်သို့ရောက်၍ လှူလိုသောသဒ္ဓါတရားလေး ပေါ်ပေါက်လာသည်တွင်ကား ပုဏ္ဏားသည် မိမိစိတ်ကို တိတိပြတ်ပြတ်ဆုံးဖြတ်ပြီးလျှင် တစ်ထည်းသော အပေါ်ရုံ ပုဆိုးကို ဘုရားရှင် ခြေတော်ရင်းသို့ချကာ “ငါအောင်ပြီ၊ ငါအောင်ပြီ” ဟူ၍ သုံးကြိမ်တိုင်တိုင် ကြွေးကြော်လိုက်လေသည်။
ထိုတရားပွဲ၌ ကောသလမင်းကြီးလည်း တရားနာလျက်ရှိရာ ထိုအသံကို ကြားရသဖြင့် “ဘာကို အောင်သနည်း” ဟု မင်းချင်းတို့အား မေးမြန်းစေ၏။ ပုဏ္ဏားထံမှ အကြောင်းမှန်ကို သိရသောအခါ “ပြုနိုင်ခဲသော အမှုကို ပြုပေစွ”ဟု ဆိုကာ  ပုဏ္ဏားအား ပုဆိုးတစ်စုံကို ဆုချ၏။ ပုဏ္ဏားကလည်း ဆုကိုခံယူပြီးလျှင် ဘုရားရှင်ထံ ဆက်ကပ်လိုက်၏။ မင်းကြီးကလည်း တစ်ဆထက်တစ်ဆတက်၍ ဆုချပြန်၏။ ပုဏ္ဏားကလည်း ဆုရလေသမျှကို ဘုရားရှင်ထံချည်း လှူဒါန်း၏။ တစ်ဖန် တစ်ဆတက်၍ ပုဆိုးသုံးဆယ့်နှစ်စုံ ဆိုချသည်တွင်ကား မင်းကြီး၏ အထင်လွဲမှုကို မခံရစေရန် နှစ်စုံကို မိမိတို့လင်မယားအတွက် ယူ၍ ကျန်သော ပုဆိုးအစုံသုံးဆယ်က လှူဒါန်းလိုက်၏။ တစ်ဖန် ကောသလမင်းကြီးက ကမ္ဗလာနှစ်ထည်ကို ဘုရားရှင်သီတင်းသုံးသော နေရာ၏အထက်တွင် မျက်နှာကြက် ကြက်၍ တစ်ထည်တည်းကိုကား မိမိအိမ်သို့ ဆွမ်းခံကြွသော ရဟန်းထိုင်သော နေရာ၏ အထက်တွင် မျက်နှာကြက် ကြက်ထားလိုက်လေသည်။
ကောသလမင်းကြီးသည် ညနေချမ်းအချိန်၌ ဘုရားရှင်ထံသွားရောက်ဖူးမြင်ကာ မိမိဆုချထားသော ကမ္ဗလာဖြင့် မျက်နှာကြက် ထားသည်ကို တွေ့မြင်ရသဖြင့် ဆင်လေးစီး၊ မြင်းလေးစီး၊ အသပြာလေးထောင်၊ မိန်းမလေးယောက်၊ ကျွန်မလေးယောက်၊ ကျွန်ယောက်ျားးလေးလေးယောက်၊ ရွာကြီးလေးရွာဟူသော လေးခုနှစ်လီဆုတော်ကြီးများကို ချီးမြင့်လိုက်လေသည်။ တရားသဘင်၌ ရဟန်းတို့သည် ဧကသာဋကပုဏ္ဏား၏ ကုသိုလ်ကံ အကျိုးပေးကောင်းပုံကို ပြောဆိုနေကြစဉ် ဘုရားရှင် ကြွလာတော်မူပြီးလျှင် ထိုစကားနှင့် ဆက်စပ်၍ တရားစကား ဟောကြားတော်မူလိုသဖြင့် အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသည်။
စိတ်သည် မကောင်းမှု၌ မွေ့လျှော်တတ်၏။ မကောင်းမှု ပြုသောသူအား နုံ့နှေးတတ်ရကား ထိုစိတ်ကို မကောင်းမှုမှ တားမြစ်ရာ၏။ ကိုသိုလ်ကောင်းမှုကို စောစွာလျှင် ပြုရာ၏။

Sunday, May 15, 2011

Let's we thinking about Kamma.

Buddhism attributes this variation to Kamma, but it does not assert everything is due to Kamma. If everything were due to Kamma, a man must ever be bad, for it is his Kamma to be bad. One need not consult a physician to be cured of a disease, for if one's Kamma is such one will be cured. According to Buddhism, there are five orders or processes (Niyāmas) which operate in the physical and mental realms.
1.    Kamma Niyāma, order of act and result, for example, desirable and undesirable acts produce corresponding good and bad results.
2.    Utu Niyāma, physical (inorganic) order, for example, seasonal phenomena of wind and rains.
3.    Bīja Niyāma, order of germs of seeds (physical organic order) for example, rice produced from rice-seed, sugary taste from sugar cane or honey, etc. the scientific theory of cells and genes and the physical similarity of twins be ascribed to this order.
4.    Citta Niyāma, order of mind or psychic law, for example processes of consciousness ( Citta Vithi) power of mind, etc.
5.    Dhamma Niyāma, order of the norm, for example, the natural phenomena occurring at the advent of a Buddhisatta in his last birth, gravitation, etc.
Every mental or physical phenomenon could be explained by these all-embracing five orders or processes which are laws in themselves. Kamma is, therefore, only one of the five orders that prevail, in the universe. It is a law in itself, but it does not thereby follow that there should be a law-giver. Ordinary laws of nature, like gravitation, need no law-giver. It operates in its own field without the intervention of an external independent ruling agency.
Nobody, for instance, has decreed that fire should burn. Nobody has commanded that water could seek its own level. No scientist has ordered that water should consist of H2O, and that coldness should be one of its properties. There are their intrinsic characteristics. Kamma is neither fate nor predestination imposed upon us by some mysterious unknown power to which we must helplessly submit ourselves. It is one's own doing reaching on one self, and so one has the possibility to divert the course of Kamma to some extent. How for one diverts it depends on oneself.
It must also be said that such phraseology as rewards and punishments should not be allowed to enter into discussions concerning the problem if Kamma. For Buddhism does not recognize an almighty being who rules his subjects and rewards and punishes them accordingly. Buddhists, on the contrary, believe that sorrow and happiness one experience is the natural outcome of one's own good and bad actions. It should be stated that Kamma has both the containable and the retributive principle. Inherent in Kamma is the potentiality of producing its due effect. The cause produces the effect; the effect explains the cause. Seed produces the fruit; the fruit explains the seed as both are interrelated. Even so Kamma and its effect are interrelated; “the effect already blooms in the cause.
A Buddhist who is full convinced of the doctrine of Kamma does not prey to another to be saved but confidently relies on himself for his purification because it teaches individual responsibility. It is this doctrine of Kamma that gives him consolation, hope, self-reliance and moral courage. It is this belief in Kamma “that validates his effort, kindles his enthusiasm,” makes his ever kind, tolerant and considerate. It is also this firm belief in Kamma that prompts him to refrain from evil, do well and be good without being frightened of any punishment or tempted by any reward. It is this doctrine of Kamma that can explain the problem of suffering, the mystery of so-called fate or predestination of other religions and above all the inequality of mankind. “Kamma and rebirth are accepted as axiomatic.
(May you be free from all suffer.)
                           From- Buddhism in a Nutshell.

Friday, May 13, 2011

အချိန်မှန်မှန်အလုပ်လုပ်ခြင်း၏ တန်ဖိုးကို ဘုရားရှင်ပြတော်မူခြင်း


မတ်စွာဘုရားရှင်သည် သတ္တ၀ါအားလုံးအကျိုးစီးပွားများစေရန် ပွင့်ထွန်းပေါ်ပေါက်တော်မူလာရသည်။ မိမိတစ်ဦးတည်း အကျိုးအတွက်ဆိုရပါမူ မြတ်ဘုရားရှင်သည် ဖလသမာပတ်ဝင်စား၍ ချမ်းသာစွာနေတော်မူနိုင် သော်လည်း နေတော်မမူအား သတ္တ၀ါများအတွက် မနေမနားကြိုးစားတော်မူခဲ့သည်။  ဘုရားရှင်၏ နေ့စဉ်လုပ် ငန်း ကိုလေ့လာကြည့်လျှင်ပင် သိနိုင်မည်ဖြစ်၏။
တနေ့တာအချိန်ကို ငါးပိုင်းပိုင်း၍ သူ့အချိန်နှင့်သူ မလစ်လပ်စေရအောင် နေ့စဉ်နှင့်အမျှ ဆောင်ရွက် တော်မူသည်။ နံနက်ခင်းလုပ်ငန်း၊ဆွမ်းစားပြီးချိန်လုပ်ငန်း၊ ညဥ့်ဦးယံလုပ်ငန်း သန်းခေါင် ယံလုပ်ငန်း၊ မိုးသောက်ယံလုပ်ငန်းဟူ၍ တစ်နေ့တာ ဆောင်ရွက်ဖွယ် လုပ်ငန်းစဉ်များကို ငါးပိုင်းပိုင်း၍ နေ့စဉ် ဆောင်ရွက်တော်မူသည်။
မြတ်စွာဘုရားရှင်သည် အရုဏ်တက်ချိန်စောစော အိပ်ရာမှထတော်မူ၍ မျက်နှာသစ်ခြင်း ကိုယ်လက် သုတ်သင်ခြင်းကို ပြုတော်မူသည်။ ထို့နောက် ဂန္ဓကုဋီတိုက်ခန်းသို့ ပြန်လည်ဝင်တော်မူပြီး သမာပတ်ဝင်းစား ကာ ခဏမျှချမ်းသာစွာ နေတော်မူသည်။ ထို့နောက် ဆွမ်းခံချိန်ရောက်သောအခါ သင်္ကန်းတော်ကို ရုံတော်မူ ပြီး တစ်ခါတစ်ရံ  တစ်ပါးတည်း တစ်ခါတရံ သံဃာတော်များခြံရံလျှက် ဆွမ်းခံကြွတော်မူသည်။ ထိုသို့ ကြွတော် မူသောအခါ၌လည်း တစ်ခါတရံ တန်းခိုးအမျိုးမျိုး ဖန်ဆင်း၍လည်းကောင်း တစ်ခါတရံ ပကတိ သဘာဝအတိုင်း လည်းကောင်း ကြွတော်မူသည်။
မြတ်စွာဘုရားကြွတော်မူလေရာတိုင်း ပါရမီတော်ကြောင့် ခလုတ်တံသင်း ဆူးငြှောင့် နှောင့်ယှက်ခြင်း မရှိ ကမူချိုင့်ဝှမ်း နိမ့်မြင့်မညီဖြစ်နေသောလမ်းများလည်း အလိုလိုချောမွေ့ပြေပြစ်၍ သွားကြ၏။ ဒကာ ဒကာမ တို့မှလည်း မိမိတို့တတ်နိုင်သလောက် သံဃာတော်များ တောင်းယူပင့်ဆောင်ကြကုန်လျှက် မြတ်စွာဘုရား၏ သံပိတ်တော်ကို ယူဆောင်ကာ နေရာတော်ခင်း၍ ရိုသေစွာ ဆွမ်းလုပ်ကျွေးကြကုန်၏။ ဆွမ်းဘုဉ်းပေးပြီးနောက် မြတ်စွာဘုရားသည် ဒကာ ဒကာမတို့၏ စရိုက်ဓာတ်ခံကို ဆင်ခြင်တော်မူလျှက် သင့်လျော်သော အနုမောဒနာ တရားဟောကြားတော်မူသည်။
ထို့နောက် မြတ်စွာဘုရားရှင်သည် ကျောင်းတော်သို့ ပြန်ကြွကာ နံ့သာပန်းတို့ဖြင့် ထုံမွမ်းထားသော စုဝေးရာမဏ္ဍပ်နေရာတော်၌ ထိုင်တော်မူ၍ ဆွမ်းစားရာမှ ပြန်လာကြသော ရဟန်းတော်တို့ကို စောင့်လျှက်နေ တော်မူ၏။ ရဟန်းတော်များစုံလင်သောအခါ ဂန္ဓကုဋီကျောင်းဆောင်တော်သို့ ကြွတော်မူလေသည်။ ဤသို့ နေ့စဉ် နံနက်တိုင်းလုပ်လုပ်ငန်းစဉ်ကို လုပ်ဆောင်တော်မူခဲ့သည်။
မြတ်စွာဘုရားသည် နံနက်ခင်းကိစ္စ ပြီးဆုံးသည့်နောက် နေ့လည်လုပ်ငန်းစဉ်အဖြစ် ဂန္ဓကုဋီကျောင်း တော်အနီး အသင့်ခင်းထားသော နေရာ၌ ထိုင်တော်မူပြီး ခြေဆေးအင်းပျဉ်၌ ရပ်တော်မူလျှက် ရဟန်းတော်များ အား ဒုလ္လဘတရားငါးပါးကို နေ့စဉ်ဟောကြား သတိပေးတော်မူမြဲဖြစ်သည်။῾῾ရဟန်းတို့ မမေ့လျော့သောသတိ တရားနှင့်နေကြ။ လောက၌ မြတ်စွာဘုရားပွင့်ထွန်းတော်မူခြင်းသည် ဖြစ်ပေါ်ခဲပေ၏ ၊  လူအဖြစ်ကိုရခြင်းသည် ခက်ခဲပေ၏၊ သဒ္ဓါတရားနှင့်ပြည့်စုံခြင်းသည် ခက်ခဲပေ၏၊ ရဟန်းအဖြစ်ကိုရခဲပေ၏၊ သူတော်ကောင်းတရားကို နာကြားရဖို့ခက်ခဲပေ၏᾿᾿။ ဒုလ္လဘတရားဟောကြား သတိပေးပြီးလျှင် ကမ္မဋ္ဌာန်းမေးလျှောက်သော ရဟန်းတို့အား သင့်လျှော် သောကမ္မဋ္ဌာန်းကို ပေးတော်မူသည်။ ကမ္မဋ္ဌာန်းသင်ယူပြီးသော ရဟန်းတော်များ မိမိတို့နှင့် သင့်လျှော်သော ဆိတ်ငြိမ်ရာသို့ အသီးသီးကြွရောက်ကမ္မဋ္ဌာန်းတရားပွားများအားထုတ်ကြလေသည်။
ကမ္မဋ္ဌာန်းပေးပြီးနောက် ဂနကုဋီကျောင်းတော်သို့ဝင်တော်မူကာ အလိုတော်ရှိလျှင် ခေတ္တခဏကျိန်းစက် တော်မူသည်။ ကျိန်းစက်ရာမှ ထတော်မူပြီးလျှင်  တစ်လောကလုံးကို ခြုံချေချွတ်ထိုက်သော သတ္တ၀ါဝေနေယျ များရှိ - မရှိ အမြဲရှုကြည့်တော်မူလေသည်။ မြတ်စွားဘုရား သီတင်းသုံးရာဒေသရှိ ဒကာ ဒကာမတို့သည် ညနေချမ်းကာလရောက်လျှင် အဖျော် ယမကာ ပန်းနံ့သာစသည် ယူဆောင်လျှက် တရားနာယူရန် ကျောင်းတော်သို့ ရောက်လာစည်းဝေးကြသည်။ ထိုအခါ မြတ်စွာဘုရားသည် တရားနာမဏ္ဍပ်ရှိနေရာတော်သီတင်းသုံးတော်မူလျှက် သင့်လျှော်သောတရားကို ဟောကြားတော်မူလေသည်။
မြတ်စွာဘုရားရှင်သည် တစ်နေ့တာ ဆောင်ရွက်ဖွယ်လုပ်ငန်းများပြုလုပ်ပြီးနောက် ရေချိုးတော်မူလိုလျှင် ရေချိုးအိမ်သို့ဝင်တော်မူကာ ရေသပါယ်တော်မူသည်။ အလုပ်ကျွေးရဟန်းကလည်း ဘုရားရှင်နေရာတော်ကို ဂနကုဋီပရိဝုဏ်အတွင်း၌ ခင်းထားရလေရာ ရေသုံးသပ်တော်မူပြီးလျှင် ထိုနေရာသို့ ကိုယ်ရုံလက်ကန်တော့ထိုး တော်မူလျှက် တစ်မုဟုတ်ခန့်မျှ တစ်ပါးတည်း ကိန်းအောင်းစံနေတော်မူလေသည်။ ခဏကြာလျှင် ထိုထိုအရပ်မှ ရဟန်းတော်များ လာရောက်ဆည်းကပ်ကြကုန်၏။  မြတ်စွာဘုရားသည် ညဥ့်ဦးယံတစ်ချိန်လုံး ထိုရဟန်းတော်များ မေးလျှောက်သမျှ ဖြေဆိုတော်မူ၍ တရားဓမ္မ ဟောပြပေးတော်မူ၏။ ဤသို့ဖြင့် ညဥ့်ဦးယံ အချိန်များကုန်လွန်သွား၏။
ညဥ့်ဦးတံလုပ်ငန်းပြီးဆုံး၍ ရဟန်းတော်များ ပြန်ကြွပြီးသောအခါ နတ်ဗြဟ္မာတို့ဆည်းကပ်ရန် အချိန်ဖြစ် တော့သည်။ စကြာဝဠာတိုက်တစ်သောင်း၌ နေကြကုန်သော နတ်ဗြဟ္မာတို့သည်  မိမိတို့ဆင်ခြင်စဉ်းစားခဲ့ကြ သော အမေးပုစ္ဆာပြဿနာများကို မေးလျှောက်ကြကုန်၏။ မြတ်စွာဘုရားသည် သန်းခေါင်ယံတချိန်လုံး အမေး ပုစ္ဆာပြဿနာအလိုက် နတ်ဗြဟ္မာတို့ သံသယ ပြေကင်းအောင် ဖြေရှင်းဟောပြတော်မူရလေသည်။ မိုးသောက်ယံကိုကား သုံပိုင်းခွဲဝေတော်မူလျှက် ကျင့်ဆောင်တော်မူလေသည်။ တစ်နေ့တာလုံး ဆောင် ရွက်တော်မူရသဖြင့် ကိုယ်လက်ပင်ပန်း နွမ်းနယ်မှုပြေပျောက်စေရန် ပထမပိုင်းတစ်ချိန်  စင်္ကြံကြွခြင်းဖြင့်ကုန် လွန်စေသည်။ ဒုတိယပိုင်းတစ်ချိန်မှာမူ ဂနကုဋီကျောင်းတော်သို့ဝင်၍ လက်ယာနံတောင်းဖြင့် လျောင်းစက်တော် မူသည်။
တတိယပိုင်း အချိန်လျောင်းတော်မူရာမှ ထတော်မူပြီးလျှင် ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူကာ ရှေးရှေး ဘုရားရှင်တို့အထံ၌ ဒါန သီလ စသည်ပြုခဲ့ဖူးသောကုသိုလ်ပါရမီထူး ရှိသူများ ရှိ-မရှိ တစ်လောကလုံးကို ခြုံငုံ ၍ကြည့်ရှု့တော်မူလေသည်။ ဤသို့ဖြင့် ၂၄ နာရီတွင်း ၁ နာရီကျော်ခန့်သာ  ကျိန်းစက်တောမူလျှက် တနေ့တာလုပ်ငန်းစဉ်တို့ကို နေ့စဉ်လုပ်ဆောင်တော်မူပြီး အချိန်မှန် အလုပ်လုပ်ခြင်း၏ တန်ဖိုးကို ပြတော်မူခဲ့သည်။

Sunday, April 24, 2011

ဧည့်သည်ဟူသည်…


“ဧည့်သည်”ဆိုသည်မှာ လာပြီးလျှင် ပြန်သွားရသူဖြစ်၏ လာခြင်းကား  “အဖြစ်”  ပြန်ခြင်းကား “အပျက်” တည်း၊ မိမိရင်တွင်း၌ ဖြစ်ပေါ်လာသော ၀မ်းသာမှု၊ ၀မ်းနည်းမှု၊ ချမ်းသာမှု၊ ဆင်းရဲမှု တို့သည် မိမိထံ ခဏအလည်လာသော ဧည့်သည်များသာ ဖြစ်၏။ မိမိခင်မင်တွက်တာသော ပုဂ္ဂိုလ်များ၊ ပစ္စည်းဥစ္စာ ရတနာများသည်လည်း ခဏတာအလည်လာသော ဧည့်သည်များသာ ဖြစ်ပါ၏  “ဧည့်သည်ကို စွဲလန်းလျှင် သင်သာ ဆင်းရဲမည်။ ဧည့်သည်ဟူသည် ဖိတ်ခေါ်၍ လာသော ဧည့်သည၊် မဖိတ်ခေါ်ပဲ သူအလိုလိုရောက်လာသော ဧည့်သည်၊ ရင်းနှီးပြီး သူ့အလိုလိုရောက်လာသော ဧည့်သည်ဟူ၍ သုံးမျိုးသုံးစား ရှိပါသည်။ စာရေးသူသည် ငယ်ငယ်လေးက သူငယ်ချင်းနဲ့ နေရတာ အရမ်း ခုံမင်သည်။ ခုံမင်သည့် အလျှောက် မကြာခဏ စိတ်ဆင်းရဲရသည်။ သူငယ်ချင်းတွေနဲ့ ကျောင်းပိတ်ပြီး ကိုယ့်ဌာနကို ပြန်ကြသည့်အခါ တစ်ယောက်ကို တစ်ယောက် ကားဂိတ် မော်တော်ဆိပ် လေယာဉ်ကွင်း လိုက်ပို့ ကြသည်။ တကယ်ခင်ရင် တကယ်ခွဲရခက်တယ်ဆိုတာ တရားသဘောမပါ လောကလူသားတစ်ယောက်အနေနဲ့ မျက်ရည်ဝဲ၀ဲပြီး ကျန်ခဲ့/ ထွက်သွားခဲ့ ကြရတယ်။ တကယ်တမ်းစဉ်းစားကြည့်ရင် လူ့ဘ၀ဆိုတာ လက်ပြ၊နှုတ်ဆက်၊ ကြွေကွဲ၊ထွက်ခွာပါ။ ကလေးဘ၀တုန်းကတော့ ပူဆွေးမှုက အလျော်အစား သိပ်များဘူး ကြီးလာလေလေ အလျော်အစားက ပိုများလေလေပဲ ဒါကြောင့် သတိမေ့ပြီး ကြေကွဲနေမည့် အစား တရားသဘောနဲ့ တွေးကြည့်ရင်တော့ ပိုထင်သာမြင်သာ ဖြစ်လာတယ်။ အထူး သဖြင့် တစ်ယောက်တည်း ဘ၀ကို ဖြတ်သန်းနေတဲ့အခါ ပိုသိလာရတယ်။
ဧည့်သည်ဆိုတာ အလိုအလျောက်လာတဲ့ ဧည့်သည်တွေက မိတ်ဆွေဖြစ်ပေမယ့် ဆယ်ကျော်သက် လူငယ်တွေအတွက်တော့ မကြားချင်ဆုံး သတင်းပဲ။ ဒါပေမယ့် ဘယ်လိုမှ ရှောင်လို့တော့ မလွတ်ပါဘူး အဲဒါကတော့ “ဇာတိ၊ ဇရာ၊ မရဏ ပါပဲ။ ဒီအထဲမှာ သေခြင်းတရားက ပိုအတိကျဆုံး တရားပဲ” သေခြင်းတရားကိုတော့ လူ့လောကမှာ ခေတ်စားနေတဲ့ လာဘ်ပေးလို့ မရပါဘူး။ သူက သိပ်တိကျပြတ်သားတယ်။ သေမင်းနဲ့ အချိန်းအချက်လုပ်လို့ မရဘူး။  အလိုအလျောက် မပိတ်ခေါ်ပဲရောက်လာတဲ့ ဧည့်သည်က တော့ အိုခြင်း တရားပဲ။ သူကတော့ ဖိတ်ခေါ်သည်ဖြစ်စေ၊ မဖိတ်ခေါ်သည်ဖြစ်စေ၊ သူ့အချိန်ကျရင် သေချာရောက်လာမှာ မလွဲဧကန်ပဲ။ နောက်ဧည့်သည်တစ်ယောက်ကတော့ ပစ္စည်းဥစ္စာ၊ ဆောင်အယောင၊် ဆင်းရဲ ချမ်းသာ၊ ပျော်ရွှင် ၀မ်းနည်းမှုတွေပါ။ ဗုဒ္ဓမြတ်စွာကလည်းပြောပါတယ်  “စိတ္တေန နီယတေ လောကော” တဲ့ စိတ်ကတော်တော်အရေးပါတယ်။ ဖိတ်ခေါ်ပြီးလာတဲ့ ဧည့်သည်ကတော့ စိတ်နဲ့ အများဆုံးပတ်သတ်နေ တယ်လို့ စာရေးသူထင်တယ်။ အိုခြင်းနာခြင်းသေခြင်းက သဘာဝတရား။ ဘယ်လိုမှ ပြုပြင်ပြောင်းလွဲလို့ မရတဲ့ အရာပါ။ ဤသဘောကို  “မြင်အောင်ကြည့်၊ သိအောင်ကျင့်” ရမည့် မူဝါဒဖြစ်သည်။ ။
                                (သတ္တ၀ါ ခပ်သိမ်း အပူကင်း ငြိမ်းချမ်း ကြပါစေ။ ။)

Monday, April 4, 2011

The Tsunami: A Buddhist View


            I wrote this article after the tsunami of 2004. It seemed worthwhile to reproduce it in light of the terrible tsunami of a few days ago.
Buddhism teaches causation, that the whole universe is a web of interrelated causes and effects. There are two types of causation - natural causation and moral causation. Natural causation has nothing to do with people being good or bad, it is simply a matter of the various forces in the universe acting on each other. A rainstorm or crops ripening would be examples of natural causation. Natural causes can of course have an effect on us - being caught in a rainstorm can give us a bad cold. But suffering from a cold has nothing to do with moral or immoral past actions - it would be a natural effect of a natural cause. Moral causation is about how people think, speak and act and how they feel as a result. The Buddha’s teaching of kamma is only concerned with moral causation. Being helpful to someone, having them thank you and feeling happiness because of that; stealing something, getting caught and then experiencing embarrassment or shame, would be examples of moral causation. The person’s happiness or discomforts are a direct result of how they have acted. The person is not being ‘rewarded’ or ‘punished’ for their actions, their happiness or discomfort is simply a result of their actions. Now let us have a look at the recent tsunami in the light of the doctrine of kamma.

A tsunami is an example of an event caused by natural causation. The tectonic plate on the earth's surface move causing an earthquake, the energy released creates huge waves which, if they hit the coast, cause devastation. The people in the area where the recent tsunami hit are experiencing two types of suffering - suffering caused by natural causation and suffering caused by moral causation, i.e., kamma. During the deluge a person might have been hit by a falling tree, cut by a piece of metal or smashed against a wall. These would be examples of the painful effects of natural causes and would have nothing to do with past moral or immoral actions. Kamma concerns peoples’ intentional thoughts, speech and actions (kamma) and the effects of those reactions (vipaka). I will give examples of different ways people could react to the tsunami and the effects they could have. Let’s say there are two people - a man and women - both are injured in the tsunami and lose their home and means of livelihood. The man falls into despair, ‘Why me?’ he cries. ‘If only I had been out of town today,’ he said in anger and regret. By thinking like this he compounds his suffering. But soon his thoughts change. He notices that his neighbor’s home is little damaged and he thinks, ‘that dog, I never liked him, it’s a pity his house wasn’t destroyed.’ He is further compounding his suffering and as well as reinforcing ugly and negative states of mind. Later he thinks, ‘Well, it’s every man for himself,’ and he starts walking around seeing if he can steal anything from abandoned houses. Now the man’s negative thoughts and feelings are leading to negative actions.
Now let us have a look at the woman's reactions. After she recovers from the initial trauma her first thought is, ‘How fortunate I am to have survived.’ She has suffered but she has not added to her suffering by being regretful, despairing or angry. Then she thinks, ‘There must be others much worse off than me. I must see what I can do to help,’ and she starts looking around for injured people. Thinking of others gives her a degree of detachment from her own circumstances and thus, once again, this does not add to her suffering. The next day she manages to get some food which is being distributed by the government and as she walks away she notices a child who did not get any. She comforts the child and shares her food with him. Seeing that the child is all by himself she decides to look after him. After a few days the child's father sees him and is tremendously grateful to the women for having looked after him. The father is now living with his sister in a nearby town unaffected by the tsunami and invites the woman to come and stay with him where she gets food and shelter. The woman's positive thoughts and actions have now had a concrete positive effect on her life.
Now why did the man react in one way and the women in another? Because of how they have reacted to their various experiences in the past, i.e. because of their past kamma. The man’s negative mental habits in the past (kamma) have meant that he has negative mental habits now and these in turn make it more likely that he will have negative mental habits in the future. These mental habits make him suffer more than he would have otherwise (vipaka). The woman (she might be a Muslim, a Buddhist, a Christian or of no religion) has been taught and has always believed that it is important to have a good thoughts and actions and has always tried to cultivate them. Her positive mental habits in the past (kamma) have meant that she has positive mental habits now and these in turn make it more likely that she will have positive mental habits in the future. These mental habits minimized her suffering and led to her being looked after by the father of the child. In other words, her positive past actions (kamma) have had a positive effect (vipaka) now.
So according to Buddhism, the physical pain that the victims of the tsunami experienced is the outcome of various natural causes. How they are reacting to these natural causes is their kamma, the results of their negative or positive reactions in the future (tomorrow, next month, next year, perhaps next life), will be their vipaka. As human beings of finite knowledge and power we have only limited influence over natural causes. We do, however, have the ability to mold and influence our reactions to situations. If we make no effort to develop our minds in positive ways we might, in the future, find ourselves overwhelmed by unexpected and unwelcomed circumstances. If we do make the effort to develop our minds, particularly through meditation, we may be better prepared to endure and even triumph over future adversity.  
The news is full of examples of both. People ask, ‘How is it possible to remain free from grief, anxiety and fear under such terrible circumstances?’ But some people do. A man in Sri Lanka lost his wife and two children and of course was devastated. However, being a practicing Buddhist, he recovered from his grief about two days later when he found two children, starving, crying, with their dead parents nearby, and decided to adopt them. Apparently, other people had seen the children but had done nothing to help. When the man was interviewed he said that his two adopted children have given his life new meaning and the strength to go on despite the difficulties. We read other stories of people taking advantage of the disruption to loot rob and steal. Each of us chooses to act the way we do and we will experience the results accordingly. When a Singaporean man heard of the disaster he loaded up his van and drove to Thailand with the intention of distributing food and water to the victims. Sadly, on the way his van skidded and he was killed. People ask, ‘Why did he suffer despite his good deeds?’ But such a question shows a confusion between natural causation and moral causation. This man’s swift and practical response to the suffering of others shows a great deal of compassion and will have very positive results in his next life. His accident had nothing to do with his good or bad deeds - it was a result of natural causation - a momentary lack of attention, faulty brakes, a slippery road due to rain, etc. Being good does not mean that we will never suffer due to natural causes, it means that when we do suffer due to natural causes we will be less likely to react in negative ways that increase our suffering.
Some uninformed Buddhist might say that the death and injury caused by the tsunami are the result of peoples’ past bad kamma. It need hardly be stated here that this is contrary to what the Buddha taught. In the Devadaha Sutta (M.II,214, also A.I,173 ) the Buddha says that the belief that every experience we have is due to past kamma (sabbam tam pubbe katahetu) is a wrong and false view (miccha ditthi). In the Sivaka Sutta (S. IV,228) he says that the suffering we sometimes experience can be due to kamma but it could also be due to sickness, to weather, to carelessness or to external agents (opakkamikani). The tsunami would be a good example of the third and the last of these causes. All kamma, whether positive or negative, certainly has an effect, but not all effects are due to kamma.
But what of us who have been fortunate enough not to be involved in this disaster? How can the Buddha’s teaching of kamma be relevant to us? Like the man and women mentioned above, our reactions to the tsunami could be either negative or positive. A person might read about the tragedy, shrug his shoulders and then turn to the sports page. When asked for a donation for the victims he might refuse to give anything, saying that he is short of cash this week. Or he might make a donation but then go around telling everyone hoping to get their praise or approval. He has been presented with an opportunity to react differently from how he has always done but the has failed to take advantage of it. He has failed to grown or changes, he has simply allowed himself to be carried along by his old habits of thoughtlessness, greed, pride and lack of compassion. But let’s say a person has always been rather uncaring and self-absorbed but when he sees the victims of the tsunami on the television he feels a twinge of compassion. Then, rather than ignoring this flicker of compassion as he has always done in the past, he decides to act upon it.
 He goes to Red Cross and makes a really generous donation. While there he sees a sign asking for volunteers and on the spur of the moment he signs up and for the next few weeks spends all his free time collecting donations and helping out in other ways. As a result of this he would have weakened his selfish mental habits and strengthened positive ones; he would have grown and changed to some degree. If in the future he continued to act in such positive ways whenever he had the opportunity, he would gradually become a much more pleasant person and probably a much happier one too. Thus even a tragedy like the tsunami can actually have a positive side. Firstly, it can be an opportunity to develop generosity, care and compassion. Secondly it can be an opportunity for us to contemplate the truth of dukkha, the Buddha’s teaching that life in the conditioned world is unsatisfactory. Such contemplation can wake us from our complacency; remind us that no matter how comfortable our life might be, it can change at any time. This can help turn us from frivolous worldly pursuits to meaningful spiritual goals.
You might also be interested in reading.
From.  http://sdhammika.blogspot.com/2011/03/tsunami-buddhist-view.html

Tuesday, March 29, 2011

When you protect yourself you protect others.


      People must learn to cure themselves from false views and the Universal madness at the individual level, before there can be peace ad harmony in the family and society and sanity globally. It is at the individual level that e have to watch our minds with awareness, and by so doing protect ourselves and others at the same time. The Dhammapada says:
      if you hold yourself dear, watch yourself well. The need to watch ourselves well by practicing mindfulness is illustrated by an analogy given by the Buddha, of the acrobat and a boy. Once there was an acrobat who performed dangerous acts with his pupil. A slip on either his part or by his pupil could bring injury. In one of his acts, he climbed his bamboo pole and told his pupil: No boy, climb the pole and stand on my shoulders. After the boy had done that, the master said “no boy, protect me and I will protect you, by looking after each other,we will show our tricks, earn money and come down safe from the pole. The pupil though for a moment and then replied: No master, that won't do. Why don't you protect yourself and I will protect myself. Thus self-protected and self-guarded we will show our tricks, earn money, and come down safe from the pole. This is the method. According to the Buddha just as the pupil had said to his master. “I will protect myself,” so should we practice mindfulness to protect ourselves. This practice ill also protect others. By practicing oneself, one protects others, by practicing others, one protects oneself. And he does this by repeated practice, development and frequent occupation with tolerance, harmlessness, loving-kindness and compassion. Therefore , by practicing these virtues, which can only be cultivated with mindfulness, one brings protection and security to others.
      We must not misunderstand by thinking that the act of serving oneself is egoism and selfishness. By serving oneself, we do not mean giving vent to our greed, since this is not,in the truest sense, service to oneself. Serving oneself means that one should practice self-discipline, moral and mental training. While practicing these qualities, one is doing the highest serving to other \s. in addition, ho can one be of real serving to others if one is morally and mentally weak?
      We serve ourselves and others by avoiding evil, doing good, and purifying our mind. This is the crux of what all Buddhas teach. To avoid evil is to refrain form doing acts which are motivated from unwholesome mental roots, that is greed, hatred and delusion. On the other hand, we constantly strive with right effort to act our of compassion and wisdom. This is what is meant by doing good. E purify our minds by reducing and finally eradicating unwholesome thoughts in the mind. In addition, we extend our thoughts of universal love and kindness to all beings without discrimination. E radiate goodwill to all beings and wish that they are well and happy,free from harm and danger and free from pain and suffering.
May you all be well and happy!
May you and all your problems be ended!
                                                             From you &your problems.

Friday, March 25, 2011

နောင်တ ၁၀-ပါး


ငယ်ခါကလျှင်၊
မသင်ပညာ၊
ဥစ္စာမစု၊
သူ့ကိုချစ်ဖျက်၊
သူ့သက်သတ်စား၊
သူ့မယား၌၊ ပြစ်မှားတုံဘိ၊
ပစ္စည်းရှိလျက်၊ စိုးစိမလှူ၊
မွေးမြူမိဘ၊ မပြုရနှင့်၊
ဆုံးမ မနာ၊
ပညာရှိထံ၊ နည်းခံမမှတ်၊
အမြတ်မကျင့်၊
ဤဆယ်ဆင့်ကား၊
ကြီးရင့်ဇရာ၊ အိုသောခါလျှင်၊
ပူဆာနောင်တ၊ ရတတ်စွတည့်။

  (မဃဒေ၀လင်္ကာသစ် ပိုဒ် ၃၂၁-တတိယပိုင်း၊ ပုတ္တောဝါဒခန်း)

ကြီးရင့်ဇရာ၊ အိုသောခါတွင်၊ ပူဆာနောင်တ၊ ရတတ်စွ-လို့ ဆိုတဲ့အတိုင်း အသက်အရွယ် ကြီးရင့်လို့ အိုမင်းပြီ ဆိုတဲ့အခါမှာ နောင်တ ရတတ်တဲ့တရား၊ ငါငယ်ငယ်တုန်းက မလုပ်ခဲ့မိတာ မှားလေစွလို့ ပူပန်ရတတ်တဲ့ တရား ၁၀-မျိုး ရှိပါတယ်။

၁။ ငယ်စဉ်ကာလ စာပေမသင်ခဲ့မိရင်လည်း ကြီးလာတော့ မသင်ခဲ့ရကောင်းလားလို့ နောင်တ ရတတ်ပါတယ်။

၂။ ရှာနိုင်ဖွေနိုင်တုန်း အရွယ်ကောင်းတုန်းက ဥစ္စာမရှာခဲ့မိရင် အိုကြီးအိုမ ဇရာဒုဗ္ဗလ ဖြစ်ပြီဆိုတော့မှ စားစရာမရှိ၊ ၀တ်စရာ မရှိနဲ့ နောင်တတဖန် ပူပန်ရတတ်ပါတယ်။

၃။ လူနှစ်ယောက် ချစ်နေ၊ ခင်နေ၊ အဆင်ပြေနေကြတာကို သူတို့အချစ်ပျက်အောင် ကိုယ်က လုပ်ခဲ့မိရင်လည်း နောင်တတဖန် ပူပန်ရတတ်ပါတယ်။

၎။ သူများအသက်ကို သတ်မိပြန်ရင်လည်း ပူပန်ရတတ်ပါတယ်။

၅။ သူ့သားမယား ပြစ်မှားမိတဲ့လူလည်း စိတ်ဆင်းရဲရတာပါပဲ။

၆။ လှူနိုင် တန်းနိုင်တုန်းမှာ မလှူမိ၊ မတန်းမိခဲ့ရင်လည်း နောင်မှာ နောင်တ ရတတ်တာပါပဲ။

၇။ ဒါကတော့ ဒီနေရာမှာ အရေးအကြီးဆုံးပါ။ မွေးမြူ မိဘ၊ မပြုရ-တဲ့။ သြော်-ငါ့အဖေ၊  ငါ့အမေ သက်ရှိထင်ရှားရှိတုန်းလေး ဘာမှမကျွေးလိုက်နိုင်ပါလား၊ မပြုစုလိုက်ရပါလားလို့ အမေအဖေ မရှိတော့ပြီဆိုတော့မှ နောင်တရတတ်ပါတယ်။ ဒီနောင်တကတော့ ကြီးရင့်ဇရာ၊ အိုသောခါ-အထိ မစောင့်ပါဘူး။ အမေ အဖေ မရှိတာနဲ့ တပြိုင်နက် တခါတည်း ရတဲ့နောင်တမျိုးပါ။

၈။ လူကြီးသူမတွေ ပြောဆိုဆုံးမတာ နားမထောင်မိခဲ့ရင်လည်း ဒုက္ခရောက်ပြီဆိုတာနဲ့ တပြိုင်နက် နောင်တရတာပါပဲ။

၉။ ကိုယ်သိချင်တာရှိရင် ပညာရှိတွေကို မေးရပါတယ်။ မေးရ၊ မြန်းရ၊ မှတ်သားရပါတယ်။ မမေးရင်၊ မမှတ်သားရင်၊ မနာခံရင် အကြောင်းအရာတွေကို မသိနိုင်ပါဘူး။ မသိနားမလည်တဲ့အတွက် မရှိတာထက် မသိတာခက်ပြီဆိုတော့မှ သြော်-ငါ မမေးမိလေခြင်း-လို့ နောင်တရတတ်တာပါ။

၁၀။ အမြတ်မကျင့်-တဲ့။ လူ့ဘ၀ရောက်လာတဲ့အခိုက် ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေကို စာရင်းချုပ် လိုက်တော့ ကောင်းတာရယ်၊ ဆိုးတာရယ်၊ ယုတ်တာရယ်၊ မြတ်တာရယ်လို့ နှစ်မျိုးပဲရှိကြပါတယ်။ ကောင်းတာ မြတ်တာ မလုပ်မိပါဘဲနှင့် ဆိုးတာ ယုတ်တာတွေကိုပဲ လုပ်နေမိရင်လည်း နောင်မှာ နောင်တရပြန်တာပါပဲ။

ဒါကြောင့် နောင်တတရား ဆယ်ပါးထဲမှာ ပါတဲ့ မွေးမြူမိဘ၊ မပြုရ-ဆိုတဲ့အတိုင်း မိဘတွေကို ပြုစုလုပ်ကျွေး မွေးမြူမှု၊ မပြုလိုက်ရရင် နောင်တ မရကြရအောင်  မိဘကို မသေခင်မှာ ပြုစုလုပ်ကျွေးပါ- သေမှ ငိုမနေပါနဲ့တော့၊ နောင်တ မရကြပါနဲ့တော့လို့
မင်းကွန်းတိပိဋက ဆရာတော်ကြီး သြ၀ါဒအတိုင်း သတိပေးလိုက်ရပါတယ်။