Tuesday, May 29, 2012

မတည်ငြိမ်နိုင်သေးသော ပြောင်းလဲမှုများ




လွန်ခဲ့သော နှစ်ပေါင်းများစွာမှစ၍ ယနေ့တိုင် မတည်ငြိမ်နိုင်သေးပဲ ပြောင်းလဲနေသော အရာပေါင်းများစွာရှိပါတယ် ထိုအထဲတွင် ကိုးကွယ်မှုနှင့် အုပ်ချုပ်မှုမှာ အထင်ရှားဆုံးပင် ဖြစ်ပါသည်။ လောက လူသားများဖြစ်သည့်အလျှောက် လောက စည်းစီမ်များကို ခံစားသုံးစွဲမှုများလာသည့်အခါ လောဘ ဒေါသ မောဟကြောင့် အားကိုး၊ ခိုကိုးရာမဲ့ရာကနေ စပြီး ကိုးကွယ်မှုကို ရှာဖွေလာကြတယ်။ ဒီလောဘ ဒေါသ မောဟ တွေဟာလည်း လူနေမှုစနစ်ကြောင့်ပဲ ဖြစ်လာခဲ့ပါတယ်။ အများအုပ်ချုပ်ခံ ဘ၀ကနေ ကိုယ့်မင်း ကိုယ့်ချင်း စနစ်ကို ရွေးချယ်လာကြပြန်တယ်။ နှစ်တွေကြာညောင်း လာတော့ တစ်မိန့်တစ်အာဏာ တစ်သံ တစ်စနစ် အာဏာရှင်စနစ်ကို မကြိုက်ကြပြန်တော့ အများဆန္ဒနဲ့ အုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်ကို လိုလား နှစ်သက်လာကြပြန်တယ်။ ကိုးကွယ်မှုမှာလည်း အလားတူပင် အရင်က ကြောက်အားပိုလို့ မြင်မြင် သမျှကို ကိုးကွယ်ကြရသည့် အဖြစ်ကနေ ပိုပြီး တန်းခိုးကြီး အာဏာရှိတဲ့ ပုဂ္ဂိုလ်ကိုရွေးချယ်ပြီး ကိုးကွယ်လာ ကြတယ်။ အခုဆိုရင် ဘာသာကြီးလေးခုကို လူတွေက ရွေးချယ်ပြီး ကိုးကွယ်နေကြတယ်။ ကိုးကွယ်မှုနှင့်အတူ လုံခြုံစိတ်ချရသော အုပ်ချုပ်မှုကိုပါ လိုလား တောင်းတလာကြတယ်။ ကိုးကွယ်မှု အုပ်ချုပ်မှု ပုံစုံတို့ဟာလည်း လူနေမှု စနစ်ပြောင်းလွဲ သည်နှင့်မျှ ပြောင်းလဲသွားတဲ့ အဖွဲ့အစည်းတွေဖြစ်လာခဲ့ပါတယ်။ ဒီကိုးကွယ်မှု အုပ်ချုပ် တွေဟာ လည်း လူ့ပတ်ဝန်းကျင် ပြောင်းလဲသည်နှင့်မျှ ပြောင်းလဲသွားတတ်ပါတယ်။ တကယ်လို့သာ လူ့ပတ်ဝန်းကျင်း ပြောင်းလဲမှုကိုအတိုင်း လိုက်မပြောင်းလဲနိုင်ဘူးဆိုရင် ဒီအုပ်ချုပ်မှု၊ ကိုးကွယ်မှုက ရည်ရှည်မခံနိုင်ပါဘူး။  ယနေ့ခေတ် တိုးတတ်လာသည်နှင့်မျှ ဘာသာရေးကျောင်းသို့ သွားရောက် ဂရုဂါရ၀ ပြုသူများ နည်းသထက်နည်းလာပါတယ်။ တချို့နိုင်ငံတွေမှာဆို အလုပ်မှာတင် ရှိခိုး ၀တ်ပြုမယ့်အစီအစဉ်ကို ပြုလုပ်ပေး ထားတာကို တွေ့နေရပါတယ်။ ယနေ့ခေတ် ဘာသာရေး ဆရာများဟာလည်း လောကမှ ထွက်မြောက်ဖို့ထက် လောကမှာ ဘယ်လို အဆင်ပြေအောင် နေရမယ် ဘယ်လို သားသမီးတွေကို ပြုစုမျိုးထောင်ပေးရမယ် ဘယ်လို လုပ်ကိုင် ရှာဖွေရမယ် ဆိုတာကို ဦးစားပေးပြီး ဖြေရှင်းနည်းတွေကိုပဲ သင်ကြားပို့ချတာကို တွေ့နေရပါတယ်။ လောကမှာ ဖြစ်ပျက်နေတဲ့ အကြောင်းတွေကို ဦးတည်ပြီးဟောပြောနေတာကိုပဲ အများဆုံးတွေနေရပါတယ်။
 ၁၉ ရာစုမှာ လူမှုဗေဒပညာရှင် မစ်ဆ်ဝက်ဘာ ( Max weber) က လူမှုရေး ရှုပ်ထွေးလာ မှုကြောင့် ဘာသာရေးတွေက ဒီအတိုင်းသွား နေမယ်ဆိုရင် သက္ကရာဇ် ၂၀၀၀ ခုနှစ်မှာ ဘာသာ ရေးတွေ ပျောက်နိုင် တယ်လို့ သတိပေးခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်အထိ ဘာသာရေးက ဘာကြောင့် မပျောက်သွားပဲ ရှိနေရ တာလဲလို့ မေးစရာရှိပါတယ်။ မပျောက်သွားရတဲ့ အကြောင်းက ယနေ့ ဘာသာရေးသည် မနေ့ကဘာသာရေးနဲ့ မတူလို့ပါပဲ။ လူမှုနယ်ပယ်မှာ လိုအပ်တာကို ဘာသာရေးက မပြည့်ဆည်းနိုင်ဘူးဆိုရင် ဒီဘာသာရေးကို လူလာ လူရောက်နည်းသွားပါလိမ့်မယ်။ လူနေမှုအဆင့် အတန်းမြင့်တတ်လာတော့ ဘာသာရေးက ဘယ်လိုဖြစ် သလဲဆိုရင် ဘာသာရေး အဆောက်အဦးကို လက်ထပ်ဖို့ သားသမီးတွေအတွက် ပညာရေး အတွက် နှင့် ဘာသာ ရေးဆရာတွေကိုလည်း သာရေးနာရေးအတွက် အသုံးပြုလာတာကို တွေ့နေရပါတယ်။ ဘာသာရေး အဆောက်အဦးတွေမှာ လူမှုရေး အခမ်းအနားတွေကို ကျင့်ပလာကြတာ တွေ့နေရပါတယ်။
ဘာသာရေးဟာ လူမှုရေး အဖွဲ့အစည်းကို အားကိုးပြီးနေရတဲ့ အဖွဲ့အစည်းဆိုတာ ဒီအချက်တွေကို ကြည့်ပြီး သေချာပေါက်ပြောနိုင်ပါတယ်။ ယခင်ဘာသာရေးခေါင်းဆောင်နှင့် ယခုဘာသာ ရေးခေါင်းဆောင်များ ဘာကြောင့်ပြောင်းလဲသွားတယ်ဆိုတဲ့ အကြောင်းကို သတိမူ ပါတယ်။ ဘာသာ ရေးခေါင်းဆောင်များလည်း လူမှုရေးကို တတ်အားသမျှ လုပ်ကြတာကို ယနေ့အချိန်မှာ ပိုပြီးတွေ့ လာကြပါတယ်။ လူမှုပတ်ဝန်း ကျင်ပြောင်းလဲမှုကြောင့် ဘာသာရေး ခေါင်းဆောင်၊ အုပ်ချုပ် မှုစနစ် လည်း ပြောင်းလဲသွား တတ်ပါ တယ်။ ဘာဖြစ်လို့ဆိုတော့ လူတွေက ဖန်တီးထား လို့ပါပဲ။
စက်မှုတိုးတတ်သော နိုင်ငံတွေမှာ ဒီကိစ္စတွေကို ပိုပြီး တွေ့နိုင်ပါတယ်။ စီးပွားရေးတိုး တတ်လာတော့ ဘာသာရေးက စီးပွားရေးနောက်ကို ရောက်သွားတတ်ပါတယ်။ လူနေမှုစရိတ်ကြီးမားလာ သည်နှင့်အမျှ ဘာသာရေး ကလည်း မှေးမှိန်သွားတတ်ပါတယ်။ ဒါပေမယ့် စီးပွားရေးမကောင်းရင် လည်း ဘာသာရေးကွယ် ပျေက် တတ်ပါတယ်။ ဘာသာရေးကိုလူတွေက တည်ဆောက်ထားသလို စီးပွားရေးက ထောက်ပံ့ထားပါတယ်။ ဘာသာရေးခေါင်းဆောင်များ၊ အုပ်ချုပ်သူများလည်း ၄င်းတို့ အုပ်ချုပ်သောနိုင်ငံ၊ ဘာသာရေးအဆောက်အုံများ မှာ အရင်ကလို အာဏာမရှိတော့တာလည်း ဖြစ်လာတတ်ပါတယ်။ စီးပွားရေးတိုးတတ်လာရင် ဘာသာရေး ဘေးကို ရောက်တတ်သလို စီးပွားရေးပျက်ရင် ဘာသာရေးကအရင် ပျောက်ကွယ်ပါလိမ့်မယ်။
နိဂုံးအနေနဲ့ ဒီအကြောင်းအရာများသည် တိုက်ရိုက်သဘာဝဖြစ်ပျက်နေတာကို ရည်ရွယ် ခြင်းမဟုတ်ဘဲ (၀ါ) ရေးသားတင်ပြခြင်းမဟုတ်ဘဲ လောကသဘာဝမှာလည်း ဒီလိုဖြစ် တတ်တယ် ဆိုတာကို သတိမူစေ လိုခြင်းသာဖြစ်ပါတယ်။ အင်မတန်ကျယ်ပြန့်တဲ့ လောကကြီး အကြောင်းကို အတွေးအကြုံနူနယ်၍ အမှားတွေ ပါနိုင်ပါတယ်။ စာရေးသူစဉ်းစား တွေးခေါ်နိုင် သလောက် အပိုင်းအစလေးကို ဆွဲကြည့်ပြီး သိထား သလောက်ကို မျှဝေပေးချင်လို့ အခုလိုတင်ပြ လိုက်ခြင်းသာ ဖြစ်ပါတယ်။
                    သတ္တ၀ါ ခပ်သိမ်း၊ တရားငြိမ်း၊ အေးချမ်းသာယာ ရှိပါစေ။ ။

Wednesday, May 16, 2012

Religious sectarianism


Sectarianism is a sub-division within a group such as in politics or religious innovate community or believers. But there are many differences ways in which such community are organized Max Weber distingue between church and sect. According to Max Weber a church is a large were established religious body. A sect is smaller last highly organized grouping of commuter believers usually Satan its say in protects against a church. Church normally has a formal stricture with a hierarchy of religious officers and ten to represent the conservative face of religious. Same their integrated in to the existent institutional order most of their at-header are like their parents in being church members.
Sects are comparatively small. They usually aim at discovering and following “The True way” and tend to withdrawn from the surrounding society in to community of their own. The member of sect regard establishes church as corrupt most have a few of non-official all are regarded as equal participate. A small proposing of people are born in to sect. however, most actively join them, In order to further their beliefs.
Other scholars have further developed the church and sect typologies. Howard Becker attended to further type in 1950. The denomination and cult he defiles a denomination is a sect which has cooled down and became and institutional life’s body rather than active protect rime sect which survivor over any period of time become denomination. Therefore, Calvinism and Methodism was sect during their early formation. Later, the generator great favor among their member over the years they have become most respectable. Such as have recognized denomination as most all last legitimates. They exist a long side them with cooperation and harmony.
Cults resample sect but they have different empty they are more transient of all religious organization the individual reject what they see as the value of the outside society. Their focus is on individual experience breaking likeminded individual together people do not formally join a cult. But follow particular theory or prescript way of behavior members are allow to maintain other religious connection Cult forms around and inspirational leader. For example, spiritualism as astrology transcended meditation and spall master.
             The four concepts of churches, sects, denomination and cults are useful for analyses aspic of religious organization. However, they have to be applied with caution carefully because they reflected specifically Christian tradition as the cause of Islam. Indicates, there is not always a destined church separate from other institution. In non-Christian religion, other establish religion do not have a develop Hierarchy. For example, Hinduism is a religion that it is hard to find within its features and organization and Hinduism has not sub-division as denomination.
                The concepts of sects and cults perhaps have browed application but there are against a degree of caution is necessary. Sects like roping have existence within the major world religion. They show most of the attribute commandment divergence from all the doors see. However, most of this root for example In Hinduism is more like traditional ethics community. Communities then they are like christen sects. A Hinduism sect Hare-Krishna using traditional mantra has formed a new community In the UK. Many such group lack of true believer commonly founding Christianity because in the ethical religion of the east there are is more tolerance of diver outlooks a group made God if own way without necessarily meeting opposition from more other establishes organization. The team cult has wide used and can be applied to some kinds of Millenarian movement.
            The concepts of church, sect and denomination may be somewhat culture bound but they do help ask to analyze the tension which or religion ten to generated between revivalism and institutionalization religion organization which have been in existence for some wide ten to become inflexible. However, religion simple have extra ordinary immortal power for believers. New sects and cults are constantly arising the distention between the secret and prophet can be observed more religious activities have become stander life. Ceremonies can help to revivalist a sense of the distention holistic of religious experience. 

                                                                May you be happy and successful    

Thursday, April 12, 2012

ရက်မြတ်သင်္ကြန်


နှစ်သစ်မင်္ဂလာဆိုတာ လူရယ်လို့ ဖြစ်လာရင် လူတွေရဲ့ အမွန်မြတ်ဆုံး နေ့ထူးနေ့မြတ်ကို သတ် မှတ် ပြီးသားပါ။ ဒီအထဲမှာ မြန်မာတို့ရဲ့ ရင်ထဲမှာလည်း မြန်မာသင်္ကြန် ရေသဘင်ဆင်ယင်ပွဲဟာလည်း တစ်ခု အပါ အ၀င်ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ ရင်ထဲမှာ အရင်နှစ်တွေနဲ့ မတူ တမူထူးခြားမယ်လို့တော့ ထင်ပါတယ်။ ဒီနှစ် သင်္ကြန်က မြန်မာ တို့အတွက် ပိုပြီး အဓိပ္ပါယ်ရှိတဲ့ နှစ်သစ်အခါသမယဆို ပိုမှန်မယ်ထင်တယ်။ စာရေးသူ ရင်ထဲမှာလည်း ဒီလိုပဲ ခံယူမိပါတယ်။ အရင်နှစ်တွေက အင်္ဂါမစုံတဲ့သင်္ကြန်လို့ ဆိုပြန်တော့လည်း ပိုမယ်မ ထင်ပါဘူး။ မြန်မာနိုင်ငံအ၀ှမ်း အရင်နှစ် တွေ ထက် ပျော်ရွှင်တွေ ပိုရွှမ်းမယ်ဆိုတာ သေချာပါတယ်။ 
သင်္ကြန်ရယ်ဆိုတဲ့ အသံကြားလိုက်ရင် မြန်မာမှန်ရင် ဘယ်လောက်ပဲ အဝေးကို ရောက်နေရောက် မိမိတို့ ရိုးရာ၏ အမွေအနှစ် အငွေ့ဓာတ်ကို ခိုလှုံဖို့အပြေးလေးလာချင်တတ်ကြပါတယ်။ သင်္ကြန် ရက်မြတ် အတွင်းမှာ နေပူထဲ ဘယ်လောက်ပဲ ပူပူ အပူကို အန်တုပြီး သင်္ကြန်ရေတစ်စက်ရဲ့ တန်ဖိုးကိုလိုက်ရှာ နေကြတယ်။ မဏ္ဍတပ်တိုင်းက ပန်းပိတောက်တွေက ကြိုဆိုနေကိုတာကြည့်ပြီး အပူဒဏ်ကို သတိမရနိုင်ပဲ တစ်နေ့တာ ကုန်ဆုံးသွားမှာကိုပဲ စိုးရိမ် နေကြ တယ်။ ခေတ်ကာလနှင့်အညီ ကပွဲ ပြိုင်ပွဲတွေ၊ တွေနဲ့ မဏ္ဍတပ်တွေအပြိုင်အဆိုင် ဆွဲဆောင်တယ်။ တဖက်မှာလည်း စတုဒီသာ အလှူပေးပွဲနဲ့ စည်းကားနေတာ ကိုလည်း တွေးပြီးပီတိဖြစ်မိပါတယ်။ ရွှေမြန်မာတို့ သင်္ကြန်နေ့ဟာ အစားထိုး မရနိုင်တဲ့ နေ့တစ်နေ့ပါ။ ရွှေမြန်မာတို့ အတွက် သင်္ကြန်နေ့ထူးနေ့မြတ်ဟာ စိတ်ဆန္ဒလိုချင်ပေါင်းစုံကို ပေးနိုင်တဲ့ နေ့တစ်နေ့ ဆိုလည်း မမှားလောက် ဘူးထင်ပါတယ်။ ဘာသာရေးစိတ်ဝင်စားသူ တရားစခန်းသွား၊ အပန်းဖြေခရီးသွားချင် သူတွေကလည် ကိုယ့် မိသားစုတွေ၊ အပေါင်းအသင်းတွေနဲ့ နေရာကိုယ်စီကို ပေါ့ပေါ့ပါးပါးနဲ့ သွားလာလှုပ် ရှားနိုင်တဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ အလှူကိုစိတ်ဝင်စားတဲ့သူတွေက ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်၊ ရပ်ကွက်တွေမှာ စတုဒီသာနဲ့၊ ပျော်ရွှင်မှုကို စိတ်စားရင် သူငယ်ချင်းတွေစုပြီး မဏ္ဍတပ် စုံအောင်လည်လို့ မောဖို့တောင်အချိန်မရနိုင်ရှာဘူး။ တစ်ချို့ကျတော့ “သူများပျော်လို့ မပျော်နိုင် သင်္ကြန် ရောက်ရင် မှိုင် ” ဆိုပြီး ချစ်စနိုးနဲ့ နောက်ပြောင်ကြ သေး တယ်။ 
သင်္ကြန်ရေဟာ မြန်မာတွေအတွက် နှစ်ဟောင်းမှ အညစ်အကြေးတွေကို နှစ်သစ်သို့ ပါမသွားအောင် ဆေးကြော တဲ့ ချစ်စရာ သင်္ကေတဖြစ်ပါတယ်။ ပန်းပိတောက်တွေကလည်း ပင်လုံးကျွတ်ပွင့်ပြီး လူမျိုးဘာသာမရွေး လှမ်းပြီး ကြိုဆိုနေပါတယ်။ ကျေးငှက်သာလိကာတွေကလည်း သူတို့ ဘာသန္တရ စကားတွေနဲ့ ကြိုဆိုနေလေရဲ့။ ခေတ်ကာနဲ့ အညီ သီချင်းတွေကလည်း မျိုးစုံပါပဲ ရက်ပ်၊ ပေါ့တ်၊ ပန့်ခ်၊ ဟိုက်ဟော့၊ မြန်မာ့သံဇဉ် တိုင်းရင်းသားတွေကလည်း ရိုးရာ သီချင်းမျိုးစုံတွေ နဲ့ သင်္ကြန်မိုးကို ကြိုနေကြတယ်။ သင်္ကြန်ကိုကြိုဆိုနေတဲ့ သီချင်းတွေထဲမှာ သင်္ကြန်မိုးကို သတိပေး ထားတဲ့ သီချင်းတစ်ပုဒ်ကို စာရေးရင် ကြားယောင်မိလာတယ်။ ဘာတဲ့ “ပွဲဖျက်တဲ့ မိုးလို မစွက်စွဲရအောင် သင်္ကြန် မိုးလေးရယ် စိုရုံဖြန်းပေးအုံး” တဲ့။ သင်္ကြန်ရောက်တိုင်း ရင်ထဲမှာ တွေးပြီးပျော်ရွှင်ရတဲ့ အရသာဟာ သိပ်ကို ချိုမြိန် ကောင်းမြတ်တဲ့ ပီတိတစ်ခုပါ။ 
 
သင်္ကြန်ရက်မြတ်ကို ရွှေမြန်မာတို့ ရင်ထဲမှာ အမြဲတမ်းကြိုဆိုနေပါတယ်။ သင်္ကြန်ရက်မြတ်ကို ရောက်ဖို့ အတွက် ရွှေမြန်မာတို့ရင်ထဲမှာ တစ်နှစ်ပတ်လုံး စောင့်စားရတယ်။  ဆရာသမားမိဘများကို သားသမီးတွေက ကန်တော့ကြ မိဘ ဆရာသမားတွေ ကောင်းချီးဆုမွန်ဆန္ဒတွေပေးကြ၊ အချင်းချင်းသူငယ်ချင်း တွေကလည်း "နှစ်သစ်မှာ စိတ်သစ် အတွေး သစ်နဲ့လျှောက်လှမ်းနိုင်င်ပါစေလို့ "ချစ်စရာလေးရိုးရားအစဉ်အလာလေးကို ဖော်ထုတ်ပြသကြတယ်။အချင်းချင်း အမှတ်တရ လက်ဆောင်တွေပို့တယ်။ 
နှစ်သစ်မှာ အန္တရာယ်ကင်းစွာဖြင့် သင်္ကြန်ရက်မြတ်ကို ဆင်နွှဲနိုင်ကြပါစေ…

Friday, March 30, 2012

Religious fundamentalism (R S G. 301) 2012

      
The team fundamentalism can be applied in many different contacts. To destroy strict at hell to a set of principles all believes. For example, scientific fundamentalism, legal fundamentalism, health fundamentalism, education fundamentalism. Fundamentalism has people to set and idea type which cannot be observed practically in the society. Religious fundamentalism discriminate the approach taken by religion groups who called for the lateral interpretation of basic scripture all test and believe that the doctrine which image from such reading should be applied to all aspects of  social, cultural, economical, educational and political life.
   Religion fundamentalist believe that only one view of the world is possible and that there view is the correct one. There is no rule for multiple interpretation within religious fundamentalist movements accept to the accept meaning of scripture is restricted to a set of prevalence interpreted such as prices, clergies, monks, all other religious leaders. This views this leader a great among of authority. Not only religion in matters but also in secular one as well. Religion fundamentalist have become powerful political figure in opposition movement within main strength political party and as his heads of state religion fundamentalism is a relatively new phenomenal.
 It is only in the last three decades that the team has intend comment used it has a raised largely in respond to globalization as the forces of modernization under mind traditional element of the social word  such as Muce lear family and then domination of women by men. Fundamentalism has a raised in depend of traditional believe. In the globalization world which demand rational reason fundamentalism in set on fast basic answer and referenced to ritual true. Fundamentalism is tradition depended in the traditional way. Fundamentalism has more to do with how beliefs are depended and justify then with the contact of the beliefs themselves.
Although fundamentalism sects itself in opposition to modernity. It also employs modern approach in uncertain is belief. Christian fundamentalist in the unite state for example will among the first to use the television as a median fort spreading their doctrine. Islamic fundamentalist frighten Russian forces in Shania have develop website to set fort their views. Hindutva have used the internet and e-mail to promote feeling of Hindu idol.        
Islamic fundamental
Max Webber has suspected that a traditional religion like Islam could undergo a major revival and become the basic of importance political development in the 20 century. It is exactly what has happened in the 1980 in Iran in recent here Islamic revivalism has spice with a significant  in fact on other country including Egypt, Syria, Lebanon, Algeria, Afghanistan and Nigeria to understand this situation. We should know both aspects both Islam as a religion and secular changing in it.
Islam like Christianity is religion that has continually stimulated activism the holy Quran is full of instruction to believer to struggle in the way of god. This struggle is against both unbelievers and those for introduce correction in the Muslim community. However, Islam has eternally device into sects shi’ism, splay from the main body of the entire door Islam early in its history and has remain influential shi’ism is the official religion of Iran since the 16 century and was the soul if the idea behind the Iranian revolution.
There are large shi’istes populations in other Middle Eastern country including Iraq the kind Saudi Arabia and India and Pakistan Islamic leaders said it is country however it is hands of the majority Sunni. The Sunni Muslins follows the beaten path a series of tradition deriving from the Quran which tolerate a considerable diversity of opinion in contracts to the more reject defiled views of the sects.
During the Middle age, there was a constant struggle between Christian Europe and the Muslim states which control large section of North Europe most of the land conquer by the Muslin were reclaimed by the Europeans. In the late 19 century, the inability of the Muslin world to receive the sprees of western culture left to reform movement seeking to re-stop Islam to age Original purity and strength a key idea was that Islam should respond to the western challenge by affirming  the identity of is on belief ad practices. 

Wednesday, January 11, 2012

မတည့်အတူနေ


            
လောကသဘာဝ လူ့ပတ်ဝန်းကျင့်၌ ပြောဆိုနေကြသည့် စကားပုံတစ်ခု ရှိပါတယ်။ “မတည့်အ တူနေ” တဲ့။ ဒီစကားကသိပ်မှန်တာပဲ။ အမှန်ကိုပြောတာမဟုတ်ပါဘူး။ မှန်တာကို ပြောတာ ပါ။ ဒီစကားပုံက သိပ်သဘာဝကျတယ်လို့ စာရေးသူ ထင်မိတယ်။ လောက၌ ငါနဲ့မတူ ငါ့ရန်သူဆိုပြီး မာနထောင် နေတတ်တာ မကြာခဏတွေ့တတ်ပါတယ်။ ဘယ်လောက်ထိ ကွဲပြားခြားနား နေသလဲဆိုရင် မိမိပတ်ဝန်းကျင်ကို အသာထား လိုက်ပါ။ မိမိခန္ဓာကိုယ်ကို ပြန်ပြီး လေ့လာလိုက် တဲ့အခါ မတူညီတာ တွေပဲ ပေါင်းစုဖွဲ့စည်းတာကို တွေ့ရပါ လိမ့်မယ်။ ဥပမာ။ မျက်စိက အရမ်း အိပ်ချင်တယ် စိတ်က အိပ်လိုမရတဲ့ ညတွေကို ကျော်လွန်ခဲ့ တာလည်း မရေတွက်နိုင်လောက် အောင် ပါပဲ။ မတူညီ တာ လေးကို အတည်တကျဖွဲ့ စည်းတတ်ရင် သိပ်ကြည့်လို့ ကောင်းပါ တယ်။

            တစ်ချို့တစ်ချို့သော မိဘ၊ ဆရာ များ ကိုယ့်ရဲ့သား သမီး တပည့်အပေါ် ပုံစံတွေသွင်းတာကို တွေ့ဖူးပါတယ်။ အဲဒီလိုအခါမျို့မှာ သူတို့ ပုံသွင်းသလို အဆင်မပြေရင် (အမုန်းဝင် အပြစ်မြင်) လူဆိုးစာရင်းကို သွင်းတတ် ကြတာ လည်း စာရေးသူအပါအ၀င်ခံခဲ့ဖူးပါတယ်။ အရာရာကို သူ့အလိုလိုက် သူ့အကြိုက် လုပ်ပေး တတ်ရင်တော့ အချစ်ဝင် အပြစ်မမြင် ဆိုသလို ဖြစ်တတ်တာလည်း ချီးမွှမ်းတာ တွေလည်း တွေ့ဖူးမြင်ဖူး ကြုံဖူးပါတယ်။ လူတိုင်းလူတိုင်းက ကိုယ့်ရဲ့ ဆန့်ကျင် ဘက်ကို ရန်သူလိုမြင်တာ ဘာကြောင့်ပါလဲလို တွေးတော မိပါတယ်။ တစ်ခါတစ်ခါ အချင်းချင်း ငြင်းခုံမိလို့ အဆင်မပြေရင် မျက်နှာပျက်ပြီး တစ်ယောက် ကိုတစ်ယောက် အမြင်မ ကြည် တတ်တာ ဘာကြောင့် ပါလဲ။ စာရေးသူလည်း အရင်က ကိုယ်တိုင်ခံစား ခဲ့ဖူးပါတယ်။ ငါပြောတာကို လက်မခံရင် သူပြောလာရင်လည်း ကန့်လန့်လုပ်မယ်ဆိုတာ မျိုးပေါ့။ အင်မတန်မှား ခဲ့ပါတယ်။ မိမိရဲ့အမှားကို ထောက်ပြ ဝေဘန်ပြတာ ကိုယ့်ရဲ့ဆရာပဲလို့ သိလိုက်ရတော့ ကိုယ့်ရဲ့ အားနည်းချက် တွေကို ထောက်ပြရင် ကျေးဇူးတင် တတ်လာ ပါတယ်။ ဒါကြောင့် ရှေးပညာရှိတွေ အဆိုရှိတယ်မဟုတ်လား။ လောကကြီးဟာ အကောင်းဆုံးဆရာပါတဲ့။ လူတိုင်းဟာ ကိုယ့်အားနည်းချက်ကို မြင်တတ်တာ နည်းပါတယ်။ ဒါကြောင့် ကမ္ဘာမှာလည်း လူ့ပတ်ဝန်းကျင် တိုးတတ်ကြီးပွားရေးအတွက် လေ့လာ စောင့်ကြည့်ရေးအဖွဲ့ဆိုတာ ပေါ်လာ တာလို့ ထင်ပါတယ်။

         မိမိကိုဝေဘန်တဲ့ သူဟာ မိမိအတွက် ခွန်အားသစ်ကို ပေးနိုင်တယ်လို့ မြင်တတ်ရင် အရမ်းကောင်း ပါတယ်။ အောင်မြင်မှုပန်းပွင့်များသည် ခက်ခဲပြင်းထန်သော လောကဓံမုန်တိုင်း၊ ဝေဘန်ခံရသော ပတ်ဝန်းကျင်၌ ရှင်သန်နှုန်းကို ပိုမြန်စေ၏ (၀ါ) အတိုက်ခံဟူသော ပတ်ဝန်းကျင် သည် မိမိရဲ့ရှင်သန်နှုန်းကို ပိုမိုမြန်ဆန်စေ၏ ဟု စာရေးသူထင်၏။ လူ့စိတ်ဆို တာ ကလည်း အရမ်းခက် သားဗျာ၊ ဥပမာ ဆိုကြပါစို့ ဖိနပ်တစ်ရံဆိုပါတော့ ဖိနပ်တစ်ရံဆို ကတည်းက မတူတာကို ပေါင်းစည်းထားဘဲ၊ ဒါပေမယ့် လူတွေက အဆင်ပြေအောင် တည့်အောင် စီးတတ်ကြ တယ်။ ဘယ်ဘက်မရှိရင် ညာဘက် အသုံးမ၀င်ဘူးဆိုတာလည်း နားလည် သဘောပေါက်ကြတယ်။ ဒီလိုဆန့်ကျင့်ဘက်ကိုပဲ လူ့လောကမှာဒီလိုဆန့်ကျင့်ဘက်ကို ရွေးချယ်ပြီး အိမ်ထောင်ဖက် ပြုကြ တာပဲ မဟုတ်ဘူးလား။ အဓိက တစ်ယောက်ကို တစ်ယောက် တိုင်ပင်ဆွေးနွေးပြီး နားလည်မှုကို တည်ဆောက်ပြီး တစ်ယောက်ကို တစ်ယောက် အသိအမှတ်ပြု နေထိုင်သွားကြနိုင်မည်ဆိုရင် မတည့်အတူနေဆိုတာကိုပြောင်း ကွဲပြားခြင်း ခြားနားခြင်း၏ အလှ သို့မဟုတ် မတူ ညီသောအောင်မြင် ခြင်း၏ ရလဒ်အဖြစ်သို့ ပြောင်းလွှဲနိုင်မည်ဟု ယူဆမိကြောင်းပါ။ ။

                                         သတ္တ၀ါ ခပ်သိမ်း တရားကိန်း၊ အေးငြိမ်းသာယာ ရှိစေသော်…

Tuesday, December 6, 2011

အနယ်မထိုင်သေးတဲ့ အတွေး

ခြေတစ်လှမ်းသည် ဘ၀တစ်ခု၏ အောင်မြင်မှု၊ ရှုံးနိမ့်မှုအတွက် အဆုံးအဖြတ်ကို ကိုယ်စားပြုပါတယ်။ ခြေတစ်လှမ်း၏ အနှေးအမြန်ကို လိုက်ပြီးခရီးကိုလည်း ပြောင်းလဲ ရေတွက်နိုင်သလို၊ ဘ၀အတွက်ကြိုးစားနေတဲ့ လူတွေအတွက်လည်း ပထမခြေလှမ်းဟာ အရေးကြီးပါတယ်။ ပထမခြေလှမ်းကို စတင်ရန်အင်းအားသည် အင်မတန်ခက်ခဲတဲ့ အရာတစ်ခုပါ။ အကြောင်းကား ဘ၀တစ်ခုရဲ့ အနိမ့် အမြင့်ကို ဆုံးဖြတ်နိုင်စွမ်းရှိလို့ပါပဲ။ ဘ၀တစ်ခုမှာ အိပ်တစ်ချက် နိုးတစ်ဝက်နဲ့ အိပ်ရေးပျက်ခဲ့တဲ့ ညတွေရှိခဲ့သလို အချိန်မှန်လိုက် အချိန်မမှန်လိုက်နဲ့ ရွာသွန်းနေတဲ့ မိုးလိုပဲ ဘ၀မှာလည်း ပျော်ရွှင်လိုက် ပျင်းရိလိုက် အချိန်တွေနဲ့ နပန်းလုံး နေလိုက်ရတာ စာရေးသူဘ၀အတွက် အခုအချိန်ထိပါပဲ။ အနိစ္စတရားရဲ့ အနားသတ်မျဉ်းကြောင်းကို တဖြည်းဖြည်းရောက်လို့ ရောက်နေမှန်းမသိတဲ့ အတွေ့အကြုံနုနယ်ပြီး လောကအလယ်ကို မသိမသာနဲ့ ကိုယ်ကိုယ်တိုင် ရောက်နေတာ မသိလိုက်ရဘဲ လောကကြီးရဲ့ ကြိုးဝိုင်းအောက်မှာ ကျီစယ် (လောင်ပြောင်)မှုကို ကောင်းကောင်း နားမလည်းနိုင် သေးပါ။
မွန်းကြပ်လွန်းတဲ့ စိတ်ကူးယဉ်အိပ်မက်ကို သွားနေရတာ တကယ့်ကို စွန့်စားခန်းတစ်ခုကို ကျော်ဖြတ်နေရသလိုပဲ တွေးကြည့်ရပြန်တော့လည်း တကယ့်ကို ရင်မောတယ်။ ဘ၀ဟာ ဘယ်လိုပုံစံ မှန်းမသိသေးတဲ့ ကံကြမ္မာပန်းပုဆရာလက်အောက်မှာ အခုထိရုပ်လုံးမကြွနိုင်သေးပါဘူး။ လူတွေပြောနေကြတဲ့ လောကဓံဆိုတာ လူဆိုးလား လူကောင်းလား အခုထိ ကောင်းကောင်း မတွေးဖူးသေးတော့ ဖြူလား မဲလား ဆိုတာလည်း အခုထိတိုင် ကောင်းကောင်း သဘောမပေါက်နိုင်သေးပါ။ သေချာတာတစ်ခုက ဘီလူးကို ပုံသွင်းသလို ဘီလူးကတော့ ချစ်စရာအရုပ်ကလေး ဖြစ်လာနိုင်စရာ မရှိဘူးလို့ ထင်တယ်။ ဘ၀ကို ဘယ်လိုဘယ်ပုံရှိမှန်း ရုပ်လုံးမပေါ်ပဲ ဖြတ်သန်းနေရသူအတွက်တော့ ခေတ်စကားနဲ့ပြောရင် တစ်မျိုးတော့ ရင်ခုန်စရာကောင်းပါတယ်။ ဘာဖြစ်လို့ဆိုတော့ ပြိုင်ပွဲဆုံးအောင် ရင်ခုန်စရာကောင်းလို့ပါပဲ။ ကိုယ်မှန်းတဲ့ နေရာကို မရောက်ခဲ့ပဲ ရှုံးနိမ့်သွားတဲ့ သူတွေလည်း လောကမှာ မရေတွက်နိုင်အောင်ပါဘဲ။ ကိုယ်မှန်းတဲ့နေရာကို ရောက်ပြီး ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်မဖော်နိုင်တဲ့ သရေပွဲနဲ့ ကျေနပ်ခဲ့တဲ့ သူတွေလည်း လောကမှာ အများကြီးပါ။ ကိုယ်မှန်းတဲ့ နေရာကို ရောက်ပြီး ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော် နိုင်တာ လောကမှာ ရေတွက်လို့ရပါတယ်။
                                  သတ္တ၀ါခပ်သိမ်း၊ တရားငြိမ်း၊ အေးချမ်းသာယာရှိပါစေ။ ။

Saturday, November 26, 2011

ဘာမှ မရှိတာ အကောင်းဆုံးပါ



အကြောင်းကြောင်းနဲ့ အရာရာမှာ အဆိုးနဲ့ အကောင်း၊ အဖြူနဲ့ အမည်း၊ အလင်းနဲ့ အမှောင် အစရှိသည်ဖြင့် တစ်ခုကို တစ်ခုက မှီနေတာမှန်ပါတယ်။ အဆိုးရှိလို့ အကောင်းရှိတယ် လူဆိုးတွေ များလာရင် လူကောင်းတွေ ပေါ်လာတတ်ပေမယ့်၊ တစ်ချို့ ချစ်တတ်တဲ့ စိတ်ဓာတ်လေးတွေ ထားတာ နေရာမှားနေတာ တွေ့ရတတ်ပါတယ်။ ဘာမှ မရှိတာ အကောင်းဆုံးပါ ဆိုတာလည်း ဒီလို စိတ်ထားမှားနေတဲ့ သူတွေကို ရည်ညွန်းပြီး စဉ်းစားမိတာပါ။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်မှာ ကိုယ့်အတွက်ရော သူများအတွက်ပါ  မကောင်းဘူးဆိုရင် မရှိတာကောင်းတယ်လို့ ပြောရင် မှားမယ်မထင်ပါဘူး၊ စာရေးသူရဲ့ အတွေးက နုနယ်သည် ဖြစ်စေ၊ စာဖတ်သူတွေက ရင့်ကျက်နေသည်ဖြစ်စေ၊ ရှုထောင့်အမျိုးမျိုးကတော့ မြင်တတ်ကြတာ လူ့သဘာဝရဲ့ အကျင့်တစ်ခုပါ။ သံယုတ္တနိကာယ် ကောသလသံယုတ်မှာ ကောသလမင်းကြီးကို မြတ်စွာဘုရားက မိန့်ထားတာ ရှိပါတယ်။
မြတ်စွာဘုရားက မင်းကြီး သုံးပါးသောတရားတို့သည် သတ္တ၀ါ၏ကိုယ်တွင်း၌ ဖြစ်ကုန်သည် ရှိသော် အစီးအပွားမရှိခြင်းငှာ ဆင်းရဲခြင်းငှာ ချမ်းသာစွာမနေရခြင်းငှာ ဖြစ်ကုန်၏။ လိုချင်မှု လောဘတရား၊ ဒေါသတရား၊ မောဟတရားတို့သည် သတ္တ၀ါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အခွံသာလျှင် အနှစ်ရှိသော (၀ါးပင်၊ ကျူပင် စသော) အပင်ကို မိမိအသီးသည် ညှင်းဆဲ ဖျက်ဆီးသကဲ့သို့ လောဘ၊ ဒေါသ၊ မောဟ တရားတို့သည် မကောင်းသောစိတ်ရှိသော သတ္တ၀ါကို အစီးအပွား မရှိခြင်းငှာ မချမ်းသာခြင်းငှာ ညှင်းဆဲဖျက်ဆီးကုန်၏လို့ မိန့်တော်မူခဲ့ပါတယ်။ ဤတရားတွေဟာ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်အတွက် ကျိုးမရှိတာ ကောင်းတယ်လို့ မိန့်တော် မူခဲ့ပါတယ်။
အလားတူပဲ သံယုတ္တနိကာယ် ကောသလသံယုတ် ပိယသုတ်မှာ ကောသလမင်းကြီးက မြတ်စွားဘုရားကို လျှောက်ထားခဲ့ပါတယ်။ အရှင်ဘုရား အဘယ်သူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မည်ပါသနည်း၊ အဘယ်သူတို့သည် မိမကိုယ်ကို မချစ်အပ်ပါသနည်းအကြင်သူတို့သည် ကိုယ်ဖြင့် မကောင်းသော အကျင့် ကာယဒုစရိုက် သုံးပါးကို ကျင့်ကုန်၏ နှုတ်ဖြင့် မကောင်းသောအကျင့် ၀စီဒုစရိုက် လေးပါးကို ကျင့်ကုန်၏၊ စိတ်ဖြင့် မနောဒုစရိုက် သုံးပါးကို ကျင့်ကုန်၏ ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မမည်၊ ငါတို့သည် မိမိကိုယ်ကို ချစ်အပ်၏ဟု အကယ်၍ ဆိုစေကာမူ၊ ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည်မမည် ထိုသို့ဖြစ်ခြင်း သည် အဘယ်အကြောင်းကြောင့်ပါနည်းလို့ ကောသလမင်းကြီးက မြတ်စွာဘုရားကို လျှောက်တင်ခဲ့ ပါတယ်။ မြတ်စွာဘုရားက မင်းကြီး မိမိကိုယ်ကို ချစ်သောသူသည် ကိုယ့်ဖြင့် မကောင်းသော ကာယဒုစရိုက် နှုတ်ဖြင့် ပြုအပ်သော မကောင်းသော ၀စီဒုစရိုက် စိတ်ဖြင့်ပြုအပ်သော မကောင်းသော မနောဒုစရိုက် ရှောင်ကြဉ်ကြကုန်၏။ မိမိကိုယ်ကို မကောင်းမှုဖြင့် မစွန်းထင်းစေရာ။ ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက်တို့သည် အခုရော နောင်ပါ မကောင်းသဖြင့် နှိပ်စက်အပ်ကုန်၏။ ဒီတရားတွေ ဘ၀တစ်ခုမှာ ကြာကြာကိန်းအောင်းနေမယ်ဆိုရင် ကောင်းကျိုး မဖြစ်လာနိုင်သလို ဆိုးကျိုးများသာ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိအတွက် သူတပါး အတွက် အကျိုးမရှိရင် မရှိတာပဲ ကောင်းပါတယ်။
မိမိလက်ရှိလုပ်ကိုင်နေသော အလုပ်ဟာ ကိုယ့်အတွက် သို့မဟုတ် သူတစ်ပါးအတွက် ဒါမှမဟုတ် မိမိအတွက် သူတစ်ပါးအတွက် အကျိုးရှိသော အလုပ်ကိုသာ ရွေးပြီး လုပ်သင့်ပါတယ်။ လောက၌ လူလေးမျိုးရှိ၏ အလုပ်ကို ကိုယ်တိုင်မလုပ်ပဲ သူများကို အားပေးအားမြှောက်လုပ်တဲ့လူ။ သူတပါးကိုလည်း အားပေးအားမြှောက်မလုပ်၊ ကိုယ်ကိုယ်တိုင်လည်း မလုပ်သူ။ ကိုယ်တိုင်လုပ်ပြီး သူများကို အားပေးအားမြှောက်မလုပ်သူ။ မိမိကိုယ်တိုင်လည်း အလုပ်လုပ် သူတပါးကိုလည်း အားပေးအားမြှောက် လုပ်တဲ့သူရယ်လို့ လေကမှာ လူလေးမျိုးရှိပါတယ်။ ယခုလက်ရှိ အလုပ်သည် မိမိအတွက် သူတစ်ပါးအတွက် ဘယ်လောက်အကျိုးတယ်ဆိုတာ စဉ်းစားသင့်ပါတယ်။ မိမိကိုယ်ကို ချစ်ရင် စိတ်ထားမှန်ဖို့ အရေးကြီးတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်ခါ အပေါင်းအသင်းကြောင့် မဟုတ်တဲ့က်မှာ ပျော်မွှေ့တတ်ကြတာလည်း လူ့သဘ၀တစ်ခုပါ။ လူ့ပတ်ဝန်းကျင်တစ်ခုမှာ အပြစ်ကင်းစင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ဆိုတာလည်း အင်မတန် ခက်ခဲတဲ့ အရာတစ်ခုပါ။
နိဂုံးအနေနဲ့ သူတော်ကောင်း သူမြတ်လောင်းတွေက သစ်သီးရှိတဲ့ သစ်ပင်နဲ့ သစ်သီးမရှိတဲ့ သစ်ပင်ကို ဥပမာယူပြီး အသီးအရွက်နဲ့ ပြည့်စုံတဲ့ သစ်ပင်တွေက လောက မျက်စိနဲ့ ကြည့်လို့ကောင်း ပေမယ့် အရိုက်အပုတ်ခံရတာကို သံဝေဂယူကာ လူသူနဲ့ ဝေးတဲ့နေရာ ထွက်ပြီး မြတ်သောအကျင့်ကို ကျင့်ကြတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ်နဲ့ သင့်တော်တဲ့ အလုပ်ကို လုပ်နေကြတာမှန်ပေမယ့် မိမိကိုယ် မိမိ တကယ်ချစ်ရင် စိတ်ထားမမှားဘို့နှင့် မိမိအတွက် သူတစ်ပါး အတွက် အဆင်မပြေရင် မိမိအပြုအမူ စိတ်နေသဘောထားကို ပြောင်းနိုင်ရင် အကောင်းဆုံးပါ။ မိမိဘ၀ရော မိမိအပေါင်းအပါ ဘ၀ကိုပါ ပစ္စပ္ပုန်၊ အတိတ်၊ အနာအဂါတ် အတွက် အကျိုးမရှိတဲ့ ကိစ္စရပ်တွေကို စဉ်းစား သုံးသပ်နိုင်ပြီး လောဘမီး၊ ဒေါသမီး၊ မောဟမီး ကင်းအောင်ကြိုးစားကာ၊ ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက်တို့မှ ရှောင်ရှားနိုင်ကြပါစေ။ ။
(မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ဖြူအောင်စိတ်ကိုထား၊)