ဝတ္တံ အ ပရိပူရိန္တော သီလံ န ပရိပူရေတိ။
လို့ ပါဠိတော် မိန့်ဆိုသည်နှင့်အညီ ရဟန်းတော် တွေမှာ ၀တ်ကြီးဝတ်ငယ်အသွယ်သွယ်ကို မဖြည့်ကျင့်ဘူးဆိုရင်
သီလကိုဖြည့်ရာ မမည်ဘူးလို့ ဒီပါဠိ တော်က ညွန်ပြ ပါ ထားတယ်။ ရဟန်းတော်တွေအတွက်ကတော့
ပဏ္ဍတိ ပညတ်ထက် လောက ပညတ်ကို ပိုအလေးထား ရပါ တယ်။ လူ့ကျင့်ဝတ်နှင့် ကိုယ်ကျင့် တရားသည်
လောကီ/ လောကုတ္တရာ အကျိုးသယ်ပိုးဆောင်ရွက်နေတဲ့ လောက လူသားတို့ အတွက် အင်မတန် အရေးကြီးပါတယ်။
ဒီအထဲမှာ လူ့ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားရယ်လို့
နှစ်ပိုင်းခွဲပြီး နားလည် သင့်ပါတယ်။ လူ့ကျင့်ဝတ် နှင့် ကိုယ့်ကျင့် တရားကို တန်ဖိုးထားတတ်ရင်
လူ့လောက အတွက် အရမ်း တန်ဖိုးကြီးပါတယ်။ လူ့ကျင့်ဝတ် သိတတ်ခြင်းနှင့် ကိုယ်ကျင့်တရားလိုက်နာကျင့်သုံးခြင်းဟာလူ့ဂုဏ် သိက္ခာကို တက်စေပါတယ်။ ဒီအရာ နှစ်ခုဟာ လူ့အဖွဲ့အစည်းအတွက်
အမြဲတမ်းအခြေခံကျပြီးတန်ဖိုးမဖြတ်နိုင်တဲ့ဆုလာဘ်ပါ။ကိုယ်ကျင့်တရားဟာကိုယ်အမူအရာ နှုတ်အမူအရာကိုယဉ်ကျေးစေပါတယ်။ ကိုယ့်ကျင့် တရားလိုက်နာရင် မကောင်းမှုမှ ရှောင်ကြဉ်ပြီး
ပေါ့ပေါ့ပါးပါး သွားလာလှုပ်ရှားနိုင်ပါတယ်။ လူ့ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားကိုတန်ဖိုးထားတဲ့သူဟာလူကြီးလူကောင်းဆန်ဆန်ပွဲလယ်တင့်ပါတယ်။ကိုယ်ကျင့်တရားကမကောင်းမှုမှ ရှောင်ရှားပြီး
လူ့ကျင့်ဝတ်ကလူ့အဖွဲ့အစည်းကိုတန်ဖိုးတတ်စေပါတယ်။လူမှု့ပတ်ဝန်းကျင်ကို တန်ဖိုးတတ်စေပါတယ်။
လူ့ကျင့်ဝတ်ကို ချိုးဖျက်ရင် လူ့ပတ်ဝန်းကျင် သက်ဆိုင်ရာ အဖွဲ့အစည်းက ချက်ချင်း ဥပဒေအရ
အရေးယူ အပြစ်ပေးဆောင်ရွက်မယ့် ကိုယ်ကျင့် တရားပျက်ရင် လူ့အဖွဲ့အစည်း သက်ဆိုင်ရာက အပြစ်မပေးသော်ငြားလည်း
မိမိလုပ်ရပ် အတွက် မိမိပတ်ဝန်းကျင်က အပယ်ခံရတင်မကဘူး မိမိကပါ ကုက္ကုစ္စ ဖြစ်ပြီး အငွေ့တလူလူနဲ့
အပြစ်ကိုဖြစ်စေ ပါတယ်။
ဒါကြောင့်လူ့ကျင့်ဝတ်နှင့်ကိုယ့်တရားဟာလူမျိုးတိုင်းလူ့အဖွဲ့အစည်းတိုင်းနိုင်ငံတိုင်းဘာသာတိုင်း လောကလူသားတိုင်းအတွက်
မိမိလူမျိုး၊ မိမိဘာသာ သာသနာကို ထိန်းသိမ်းစောင့်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာပါ။
မိမိတို့ တန်ဖိုးထားအရာ၊ အလေးအမြတ်ထားတဲ့ နေရာတွေကို
သွားတဲ့ အခါတို့ နောက်ပြီး ထမင်းစားတဲ့ အခါမျိုးမှာ အများက မသင့်တော်ဘူးလို့ သတ်မှတ်သမုတ်ထားလို့ဖိနပ်ချွတ်၊ဦးထုပ်ချွတ်အကျင့်ဟာလည်းကိုယ်ကျင့်တရားတခုမဟုတ်ပေမယ့်လူ့ပတ်ဝန်းကျင်းက
ချမှတ်ထားတဲ့ လူ့ကျင့်ဝတ်ကို လိုက်နာခြင်းတမျိုးပါ။ အလိုက်သိစွာနှင့် ပတ်ဝန်းကျင်မှာ
အဆင်ပြေစွာ နေထိုင်လိုက်ရင် မိမိတစ်ယောက်ကြောင့်ပတ်ဝန်းကျင် သောကမရောက်ရင်မိမိကြောင့်အေးချမ်းမှုကိုဖြစ်စေပါတယ်။
နေရာတိုင်းနေရာတိုင်းမှာ သူ့နေရာနှင့် သူ လိုက်နာရမယ့် ဥပဒေလည်းတွေ ရှိပြီးသားဖြစ်ပါတယ်။
စည်းကမ်းရှိသူအတွက်
စည်းကမ်းမလိုပါ။
အထူးသဖြင့် ဗုဒ္ဓဘာသာဝင်များက လူ့ကျင့်ဝတ်နှင့်
ကိုယ့်ကျင့်တရားအကြောင်းကို လေ့လာခဲ့ကြ ပါတယ်။ ဆန်းစစ်လေ့လာလိုက်သောအခါ လူ့ကျင့်ဝတ်နှင့်
ကိုယ့်တရားက ဘာမှ မဟုတ်ဘူး။ ဒါပေမယ့် အကောင်းနဲ့ အဆိုးရယ်ပဲ တွေ့ရပါတယ်။ ကောင်းတာကတော့
ပုည၊ မကောင်းတာက ပါပရယ်လို့ နှစ်ပိုင်းတွေ့ရပါတယ်။ ပုညက ကောင်းသောဘုံဌာနအတွက် အထောက်အပံ့ဖြစ်သလို
မကောင်းမှု ပါပကတော့ အမြဲတမ်းမကောင်းတဲ့ ဘုံဌာနကို ညွန်ပြနေပါတယ်။ မြတ်စွာဘုရားက လူလေးမျိုးကို ဟောကြားခဲ့ပါတယ်။
၁။ ကိုယ်ကျိုးအတွက် ပဲကြည့်ပြီး သူများအတွက်
မကြည့်တဲ့ သူ၊
၂။ ကိုယ့်အတွက်လည်း ကြည့် သူများအတွက်လည်း
ကြည့်တဲ့သူ၊
၃။ သူများအတွက်ကြည့်ပြီး ကိုယ့်အတွက်
မကြည့်တဲ့သူ၊
၎။ကိုယ့်အတွက်လည်းမကြည့်သူများအတွက်လည်းမကြည့်တဲ့သူရယ်လို့လောကမှာလူလေးမျိုးအကြောင်းကို ဟောကြားတော်မူခဲ့ပါတယ်။ ဒီလူလေးယောက်မှာ
ကိုယ့်အတွက်ရော့ သူများအတွက်ပါ ကြည့်တဲ့ သူဟာ
“ ကလျာဏမိတ္တ” ပါပဲတဲ့။ လူ့ကျင့်ဝတ်နှင့်
ကိုယ့်ကျင့်တရားဟာအမြဲတမ်းလူ့မှုပတ်ဝန်းကျင်အတွက်ဆရာကောင်းတဆူပါ။အဲဒါတွေကလောကလူသားတွေအကျိုးဖြစ်ထွန်းဖို့အတွက်အထောက်အပံ့ကောင်းပါ။ မြတ်စွာဘုရားလည်း လောက လူသားတွေ အကျိုးရှိမယ့် အရာတွေကိုပဲ ရှေးတန်းတင်ပြီး
လမ်းညွန်ဆုံမ ခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်အတွက်အခြေခံကျင့်ဝတ်တရားကတော့ငါးပါးသီလပါ။သူများအသက်မသတ်ဘူး၊သူများဥစ္စာမခိုးဘူး၊ သူများသားမယားမပြစ်မှားဘူး၊လိမ်ညာမပြောဘူး၊အရက်သေစာမသောက်စားဘူး။ဆိုပြီးအခြေခံလူ့ကျင့်ဝတ်အတွက်ရော့ ကိုယ်ကျင့်တရားအတွက်ပါ
မြတ်စွားဘုရားက ဟောကြားခဲ့ပါတယ်။ ငါးပါးသီလကို လိုက်နာ စောင့်ထိမ်းတဲ့သူဟာ ကိုယ့်အတွက်ရော့သူများအတွက်ပါအကျိုးရှိတဲ့လူကောင်းလူမြတ်ပါ။ငါးပါးသီလကို စောင့်ထိမ်းတဲ့သူဟာ ဗြဟ္မစိုးတရားကို
လွယ်လွယ်နဲ့လက်ခံကျင့်သုံးနိုင်ပါတယ်။ဗြဟ္မစိုးတရားလေးပါးကလူ့ပတ်ဝန်းကျင်အတွက်အင်မတန်တန်ဖိုးရှိတဲ့ ဆေးကောင်း တလက်ပါ။ ဒါကတော့ မေတ္တာ၊ ကရုဏာ၊
မုဒိတာ၊ ဥပေက္ခာပါ။
မေတ္တာကတော့ ရယူပိုင်ဆိုင်ခြင်းမဟုတ်ဘဲ
မိမိနှင့်တသားတည်း လူသားအားလုံးအပေါ်မှာ ညီတူညီမျှ ထားတဲ့ မေတ္တာတရားပါ။ ကွက်ကျားမိုးမရွာပဲ
ဘယ်သူတစ်ဦးတစ်ယောက်အပေါ်မှာမှ ကန့်သတ်ထားတာ မဟုတ်ပါ။ ကရုဏာကတော့ ဒုက္ခရောက်နေတဲ့ သူအပေါ်မှာ
သနားတယ် ပြီးတော့ ကူညီတယ် အားပေးစကားပြောတယ် အသုံးအဆောင်ပစ္စည်းတွေမျှဝေတယ်။မြတ်စွာဘုရားကကရုဏာနဲ့ပတ်သတ်ပြီးအရှင်အာနန္ဒာအကြောင်းအမြဲဟောလေ့ရှိပါတယ်။
“ အာနန္ဒော ထေရော ၀ိယ ကရုဏံ စိတ္တံ ဥပဋ္ဌာပေတွာ”။မေတ္တာ၊ ကရုဏာဟာ တည်ငြိမ်အေးချမ်းပြီး
လူမှု့ပတ်ဝန်းကျင်အတွက် တန်ဖိုးရှိရှိနဲ့ တည်ရှိနေတဲ့ တရားပါ။ မုဒိတာဟာလည်း လူမှု့ပတ်ဝန်ကျင်အတွက်
အရေးကြီးတဲ့တရားတစ်ခုပါ။အောင်မြင်ချမ်းသာတဲ့သူကိုမြင်ရင်ဝမ်းသာပီတိဖြစ်ပါတယ်။
ဒါကလောကလူသားတွေအတွက် ခက်ခဲစေတဲ့ အရာတစ်ခုပါ။ သူများကိုယ့်သာ
မနာလိုဖြစ်တတ်တယ်။ ၀မ်းမသာနိုင်ကြဘူး။ ဒါကြောင့် လူ့အဖွဲ့အစည်း လူ့အသိုင်းအ၀ိုင်းအတွက်
အရေးကြီးပါတယ်။ နောက်ဆုံးတစ်ခု ဥပေက္ခာဟာလည်း
အရေးကြီးပါတယ်။ သူ့ရဲ့ပင်ကိုယ် သဘောက ချမ်းသာတာရော ဆင်းရဲတာပါ ကြံ့ကြံ့ခံနိုင်တယ်။
ဥပေက္ခာဟာ ဒီဗြဟ္မစိုးတရားလေးပါးထဲမှာ အလုပ်အကိုင် လူ့အဖွဲ့စည်း ထိန်းသိမ်းစောင့်ရှောက်ဖို့
အကောင်းဆုံး တရားတစ်ခုဖြစ်ပါတယ်။
သတ္တ၀ါခမ်သိမ်း၊ တရားငြိမ်း၊ အေးချမ်းသာယာ
ရှိပါစေ။ ။
No comments:
Post a Comment