သူငယ်ချင်းရေ…
ငှက်ကလေးတွေက
အတောင်စုံရင်
ပျံသွားကြတယ်။
ငါ့တို့တွေက
ပညာကလေး မတတ်တခေါက်နဲ့
တက္ကသိုလ်ကြီးကို
စွန့်ခွာရတော့မယ်။
သုံးနှစ်ကျော်တက်ခဲ့တဲ့
ဒီနေရာကို
မခွဲခွာရက်ဘူး သူငယ်ချင်း။
ဟိုး…..
အဝေးကြီးကို
လှမ်းကြည့်လိုက်စမ်း။
ရေလိုင်းတွေကြောင့်
ချောင်းကမ်းပါးတွေ ပြိုကျသွားသလို
အချိန်တွေရဲ့တိုက်စားမှုကြောင့်
ငါ့တို့ရက်အသက်တွေလည်း
ပြိုကျလာခဲ့ပြီ။
သူငယ်ချင်း…..
ကိုယ့်ရပ်ကိုယ့်မြေ
ကိုယ့်ဌာနေမှာ
ကျရာတာဝန်
ကိုယ်စီထမ်းဖို့
တို့များလက်ထဲ
ကျရောက်လာပြီ။
အခြေနေကြောင့်
ဝေးကွာသွားလည်း
တို့များရင်မှာ
မဝေးကွာပဲ
ခင်မင်ရစ်ပတ်ဆဲပါ
သူငယ်ချင်း။ ။
No comments:
Post a Comment